၂၀၁၈ ခုႏွစ္ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္ ဘိလိယက္ႏွင့္ စႏူကာၿပိဳင္ပြဲတြင္ ရွမ္းျပည္နယ္က ေရႊႏွစ္ခု၊ ေငြတစ္ခုႏွင့္ အသင္းလုိက္တံခြန္စိုက္ဆုႏွစ္ခုရရိွ

၂၀၁၈ ခုႏွစ္ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္ ဘိလိယက္ႏွင့္ စႏူကာၿပိဳင္ပြဲတြင္ ရွမ္းျပည္နယ္က ေရႊႏွစ္ခု၊ ေငြတစ္ခုႏွင့္ အသင္းလုိက္တံခြန္စိုက္ဆုႏွစ္ခုရရိွ
မေ 23, 2018
By 🌸
၂၀၁၈ ခုႏွစ္၊ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ ဘိလိယက္ႏွင့္ စႏူကာၿပိဳင္ပြဲတြင္ ရွမ္းျပည္နယ္က ရရိွခဲ့သည့္ ေရႊတံဆိပ္ႏွစ္ခု၊ ေငြတံဆိပ္တစ္ခုႏွင့္ အသင္းလုိက္တံခြန္စိုက္ဆုႏွစ္ခုတို႔ကို ေတာင္ႀကီးၿမိဳ႕ရိွ ႐ွမ္းျပည္နယ္ အားကစားႏွင့္ ကာယပညာဦးစီးဌာနသို႔ ၂၀၁၈ ခုႏွစ္ ေမလ (၂၂)ရက္ေန႔၌ အားကစားသမားအဖြဲ႔က လာေရာက္အပ္ႏွံေၾကာင္း သိရသည္။

ေနျပည္ေတာ္၌ က်င္းပခ့ဲေသာ ၂၀၁၈ခုႏွစ္၊ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ ဘိလိယက္ႏွင့္ စႏူကာၿပိဳင္ပြဲသုိ႔ ႐ွမ္းျပည္နယ္ ဘိလိယက္/ စႏူကာအသင္းမွ ဝင္ေရာက္ ယွဥ္ၿပိဳင္ခ့ဲရာ စႏူကာတစ္ဦးခ်င္းၿပိဳင္ပြဲတြင္ ႐ွမ္းျပည္နယ္မွ ေမာင္မ်ိဳးကုိေထြးက ေ႐ႊတံဆိပ္၊ ဘိလိယက္ (၂)ဦးတြဲ ၿပိဳင္ပြဲတြင္ ႐ွမ္းျပည္နယ္မွ ေမာင္သီဟေအာင္ႏွင့္ ေမာင္ေအာင္မ်ိဳးဦးတို႔က ေရႊတံဆိပ္၊ စႏူကာ (၂) ဦးတြဲၿပိဳင္ပြဲတြင္ ႐ွမ္းျပည္နယ္မွ ေမာင္မ်ိဳးကုိေထြး ႏွင့္ ေမာင္ေဇာ္ထြဋ္ တို႔က ေငြတံဆိပ္၊ ဘိလိယက္အသင္းလိုက္ၿပိဳင္ပြဲတြင္ ႐ွမ္းျပည္နယ္မ ွအသင္းလိုက္တံခြန္စိုက္ဆုႏွင့္ စႏူကာအသင္းလိုက္ၿပိဳင္ပြဲတြင္ ႐ွမ္းျပည္နယ္မွ အသင္းလိုက္တံခြန္စိုက္ဆုမ်ား အသီးသီးရ႐ွိခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

႐ွမ္းျပည္နယ္ ဘိလိယက္/စႏူကာ အသင္းအဖြဲ႔ေခါင္းေဆာင္၊ အုပ္ခ်ဳပ္သူ၊ နည္းျပ၊ အားကစားသမားမ်ားက အဆိုပါ တံခြန္စိုက္ ဆုဖလားမ်ားအား ႐ွမ္းျပည္နယ္အား/ကာဦးစီးဌာန႐ုံးတြင္ ႐ွမ္းျပည္နယ္ အားကစားႏွင့္ ကာယပညာဦးစီးဌာန ၫႊန္ၾကားေရးမွဴး ဦးထန္အိတ္ထံသို႔ လႊဲေျပာင္းေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း
ဓါတ္ပံု #အား/ကာ

~~~~~~~~⊰❂ unicode ~~~~~~~~
၂၀၁၈ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲတွင် ရှမ်းပြည်နယ်က ရွှေနှစ်ခု၊ ငွေတစ်ခုနှင့် အသင်းလိုက်တံခွန်စိုက်ဆုနှစ်ခုရရှိ
************
၂၀၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲတွင် ရှမ်းပြည်နယ်က ရရှိခဲ့သည့် ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် အသင်းလိုက်တံခွန်စိုက်ဆုနှစ်ခုတို့ကို တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနသို့် ၂၀၁၈ ခုနှစ် မေလ (၂၂)ရက်နေ့၌ အားကစားသမားအဖွဲ့က လာရောက်အပ်နှံကြောင်း သိရသည်။

နေပြည်တော်၌ ကျင်းပခဲ့သော ၂၀၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲသို့ ရှမ်းပြည်နယ် ဘိလိယက်/ စနူကာအသင်းမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ စနူကာတစ်ဦးချင်းပြိုင်ပွဲတွင် ရှမ်းပြည်နယ်မှ မောင်မျိုးကိုထွေးက ရွှေတံဆိပ်၊ ဘိလိယက် (၂)ဦးတွဲ ပြိုင်ပွဲတွင် ရှမ်းပြည်နယ်မှ မောင်သီဟအောင်နှင့် မောင်အောင်မျိုးဦးတို့က ရွှေတံဆိပ်၊ စနူကာ (၂) ဦးတွဲပြိုင်ပွဲတွင် ရှမ်းပြည်နယ်မှ မောင်မျိုးကိုထွေး နှင့် မောင်ဇော်ထွဋ် တို့က ငွေတံဆိပ်၊ ဘိလိယက်အသင်းလိုက်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်မ ှအသင်းလိုက်တံခွန်စိုက်ဆုနှင့် စနူကာအသင်းလိုက်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်မှ အသင်းလိုက်တံခွန်စိုက်ဆုများ အသီးသီးရရှိခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် ဘိလိယက်/စနူကာ အသင်းအဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများက အဆိုပါ တံခွန်စိုက် ဆုဖလားများအား ရှမ်းပြည်နယ်အား/ကာဦးစီးဌာနရုံးတွင် ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထန်အိတ်ထံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ #အား/ကာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~