စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးေက်ာ္ဝင္း ရာထူးမွ ႏႈတ္ထြက္

စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးေက်ာ္ဝင္း ရာထူးမွ ႏႈတ္ထြက္
မေ 25, 2018
By 🌸
စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္ဝင္းကို ၎၏ သေဘာဆႏၵအရ ရာထူးမွ ႏႈတ္ထြက္ခြင့္ျပဳလုိက္ေၾကာင္း ၂၀၁၈ ခုႏွစ္ ေမလ (၂၅)ရက္ေန႔တြင္ ႏုိင္ငံေတာ္သမၼတရံုး၏ အမိန္႔အမွတ္ ၂၄/၂၀၁၈ ျဖင့္ ထုတ္ျပန္ေၾကညာထားသည္။

အဆိုပါဝန္ႀကီး၏ေနအိမ္သို႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က ၂၀၁၈ ခုႏွစ္ ေမလ (၁၂)ရက္ေန႔တြင္ ဝင္ေရာက္စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့သည္ဟု သတင္းထြက္ေပၚခဲ့ေသာ္လည္း ေကာ္မရွင္က အဆုိပါကိစၥအား လက္ရိွအခ်ိန္ထိ အတည္ျပဳထားျခင္းမရိွသည္ကို ေတြ႔ရသည္။

ဦးေက်ာ္ဝင္းသည္ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲကို ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္မွဝင္ေရာက္ ယွဥ္ၿပိဳင္ အႏိုင္ရရိွခဲ့ၿပီးေနာက္ ျပည္ေထာင္စုအစိုးရအဖြဲ႔တြင္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္ တာဝန္ေပးအပ္ျခင္းခံခဲ့ရသည္။

သတင္း #ဇာႏွင္း

~~~~~~~~⊰❂ unicode ~~~~~~~~
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း ရာထူးမှ နှုတ်ထွက်

****************

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို ၎င်း၏ သဘောဆန္ဒအရ ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ၂၀၁၈ ခုနှစ် မေလ (၂၅)ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၂၄/၂၀၁၈ ဖြင့် ထုတ်ပြန်ကြေညာထားသည်။

အဆိုပါဝန်ကြီး၏နေအိမ်သို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ၂၀၁၈ ခုနှစ် မေလ (၁၂)ရက်နေ့တွင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ကော်မရှင်က အဆိုပါကိစ္စအား လက်ရှိအချိန်ထိ အတည်ပြုထားခြင်းမရှိသည်ကို တွေ့ရသည်။

ဦးကျော်ဝင်းသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။

သတင်း #ဇာနှင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~