တာချီလိတ်မြို့ပေါ် ပုန်းထွန်ရပ်ကွက်ရှိ (၄)လမ်းတွင် ပျက်ဆီးနေသည့် လမ်းအား ပြုပြင်ပေးရန် လိုအပ်နေ

တာချီလိတ်မြို့ပေါ် ပုန်းထွန်ရပ်ကွက်ရှိ (၄)လမ်းတွင် ပျက်ဆီးနေသည့် လမ်းအား ပြုပြင်ပေးရန် လိုအပ်နေ
မေ 24, 2018
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်သည့် ပုန်းထွန်ရပ်ကွက်အတွင်းရှိ (၄)လမ်းသည် ၂၀၁၈ခုနှစ် မေလ(၂၄)ရက်နေ့အထိ ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် အတွက် အဆိုပါ ရပ်ကွက်နေသူများမှ တာဝန်ရှိသူများအနေဖြင့်  ပြုပြင်ပေးမည်ကို မျှော်လင့်နေကြကြောင်း သိရသည်။


"ဒီလမ်းက ပျက်နေတာကြာပြီ၊ ဥပုသ်နေ့ဆိုရင် အဖိုးအဖွားတွေ အထမ်းတွေနဲ့ သွားနေတာ၊ လမ်းက မကောင်းတော့ သူတို့အတွက် သွားရလာရတာ အဆင်မပြေတာတွေ တွေ့ရတယ်၊ မနက်မနက်ဆိုလည်း ဒီလမ်းကနေ ဆွမ်းခံကြွနေတဲ့ ဘုန်းကြီးတွေလည်း ရှိတယ်၊ ရေကြီးရေလျှံတဲ့အခါဆိုရင် ရေတက်လာလို့ အဲ့လမ်းကနေ လမ်းလျှောက်မယ်ဆိုရင် ချိုင့်ခွက်တွေနဲ့ လဲနိုင်တယ်၊ သက်ဆိုင်ရာက အမြန်ဆုံး ပြုပြင် ပေးစေချင်ပါတယ်"ဟု ပုန်းထွန်ရပ်ကွက် (၄)လမ်းနေ အမျိုးသမီးတစ်ဦးက ပြောသည်။

ပုန်းထွန်ရပ်ကွက်သည် မယ်ဆိုင်ချောင်းနှင့် နီးကပ်နေသည့် ရပ်ကွက်တစ်ခုဖြစ်သည့်အတွက် မိုးတွင်းအခါ ရေကြီးရေလျှံမှုများ အဖြစ်များလေ့ရှိပြီး ချိုင့်ခွက်များမှာ တဖြေးဖြေးကြီးလာသည့်အတွက် လမ်းသွားလမ်းလာ နှင့် ရပ်ကွက်နေ ပြည်သူများအတွက် အဆင်မပြေမှုများ များစွာဖြစ်နေရကြောင်း သိရှိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်သည့် ပုန်းထွန်ရပ်ကွက်အတွင်းရှိ (၄)လမ်းသည် ၂၀၁၈ခုနှစ် မေလ(၂၄)ရက်နေ့အထိ ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် အတွက် အဆိုပါ ရပ်ကွက်နေသူများမှ တာဝန်ရှိသူများအနဖြေင့် ပြုပြင်ပေးမည်ကို မျှော်လင့်နကြေကြောင်း သိရသည်။

တာချီလိတ်မြို့၊ ပုန်းထွန်းရပ်ကွက်အတွင်းရှိ (၄)လမ်းသည် အဓိက အားဖြင့် ပုန်းထွန်ဈေး၊ ပုန်းထွန် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး နှင့် သီရိရတနာဂူဟာ ရှမ်းဘုန်းကြီးကျောင်း အပြင် တရုတ်သင်္ချိုင်း နှင့် မွတ်စလင် သင်္ချိုင်းသို့ သွားသော လမ်းတစ်ခု ဖြစ်ပြီး နေ့စဉ် ဈေးသည်များနှင့် ဈေးဝယ်သူများ ရပ်ကွက် နေသူများစသည်ဖြင့် အသွားများသော လမ်းတစ်ခုဖြစ်ကြောင်း သိရသည်။

"ဒီလမ်းက ပျက်နေတာကြာပြီ၊ ဥပုသ်နေ့ဆိုရင် အဖိုးအဖွားတွေ အထမ်းတွေနဲ့ သွားနေတာ၊ လမ်းက မကောင်းတော့ သူတို့အတွက် သွားရလာရတာ အဆင်မပြေတာတွေ တွေ့ရတယ်၊ မနက်မနက်ဆိုလည်း ဒီလမ်းကနေ ဆွမ်းခံကြွနေတဲ့ ဘုန်းကြီးတွေလည်း ရှိတယ်၊ ရကြေီးရေလျှံတဲ့အခါဆိုရင် ရေတက်လာလို့ အဲ့လမ်းကနေ လမ်းလျှောက်မယ်ဆိုရင် ချိုင့်ခွက်တွေနဲ့ လဲနိုင်တယ်၊ သက်ဆိုင်ရာက အမြန်ဆုံး ပြုပြင်ပေးစေချင်ပါတယ်"ဟု ပုန်းထွန်ရပ်ကွက် (၄)လမ်းနေ အမျိုးသမီးတစ်ဦးက ပြောသည်။

ပုန်းထွန်ရပ်ကွက်သည် မယ်ဆိုင်ချောင်းနှင့် နီးကပ်နေသည့် ရပ်ကွက်တစ်ခုဖြစ်သည့်အတွက် မိုးတွင်းအခါ ရကြေီးရေလျှံမှုများ အဖြစ်များလေ့ရှိပြီး ချိုင့်ခွက်များမှာ တဖြေးဖြေးကြီးလာသည့်အတွက် လမ်းသွားလမ်းလာ နှင့် ရပ်ကွက်နေ ပြည်သူများအတွက် အဆင်မပြေမှုများ များစွာဖြစ်နေရကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~