တုိင္းေဒသႀကီးအစိုးရ၏ အကူအညီေၾကာင့္ မင္းတုန္းစည္ပင္ ရာႏႈန္းျပည့္ အမိႈက္သိမ္းဆည္းႏုိင္ၿပီ

တုိင္းေဒသႀကီးအစိုးရ၏ အကူအညီေၾကာင့္ မင္းတုန္းစည္ပင္ ရာႏႈန္းျပည့္ အမိႈက္သိမ္းဆည္းႏုိင္ၿပီ
မေ 23, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕က မင္းတုန္းၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာနသို႔ အမႈိက္သိမ္းယာဥ္ (၁)စီးႏွင့္ လိုအပ္သည့္ ဝန္ထမ္းပံ့ေထာက္ပံ့ခဲ့သည့္ အတြက္ ေမလအတြင္း မင္းတုန္းၿမိဳ႕ေပၚတြင္ ရာႏႈန္းျပည့္ အမိႈက္သိမ္းေပးႏုိင္ၿပီျဖစ္ေၾကာင္း သိရသည္။

“ေမလမတုိင္ခင္က အထိေတာ့ (၇၀) ရာခိုင္ႏွဳန္းေလာက္ပဲ အမႈိက္သိမ္းဆည္းႏိုင္ခဲ့ပါတယ္။ ေမလ အတြင္းမွာ တုိင္းေဒသႀကီး အစိုးရအဖြဲ႔က ဂ်ပန္ႏိုင္ငံထုတ္ အီစူဇူးအမိႈက္သိမ္းယာဥ္(၁)စီး ေထာက္ပံ့ေပးခဲ့တဲ့အျပင္ လုိအပ္ခ်က္ရွိေနတဲ့ ဝန္ထမ္းခန္႔ထားမႈကုိလည္း ျဖည့္ဆည္းေပးခဲ့တာေၾကာင့္ အခုဆိုရင္ ၿမိဳ႕ေပၚအမိႈက္သိမ္း လႊမ္းၿခံဳမႈက ရာနႈန္းျပည့္လို႔ ေျပာလို႔ရေနပါၿပီ”ဟု မင္းတုန္းၿမိဳ႕နယ္ စည္ပင္အမႈေဆာင္အရာရွိ ဦးသိန္းဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မင္းတုန္းၿမိဳ႕တြင္ အိမ္ေျခ(၁,၃၀၅)လံုး၌ လူဦးေရ(၄,၇၃၇)ဦးေနထိုင္လွ်က္ရွိၿပီး စည္ပင္သာယာေရး ဦးစီးဌာနက အပတ္စဥ္ ဗုဒၶဟူးနွင့္စေနေန႔တုိင္း အမိႈက္သိမ္းဆည္းေပးေနရာတြင္ ယခင္က ေလးလံုးထိုး အင္ဂ်င္ေဖာကား(၁)စီး၊ တစ္လံုးထိုးအင္ဂ်င္ေမာ္ေတာ္ယာဥ္(၁)စီးသာရွိခဲ့၍ အမိႈက္(၇၀) ရာခိုင္ႏွဳန္းသာ သိမ္းဆည္းႏုိင္ခဲ့ေၾကာင္း သိရသည္။

မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႔မွ တိုင္းအတြင္းရွိၿမိဳ႕နယ္စည္ပင္သာယာေရးအဖဲြ႔မ်ားသို႔ တစ္စီးလွ်င္ က်ပ္(၃၇၅)သိ္န္း တန္ဖိုးရွိ ေရပုတ္စုပ္ယာဥ္(၅)စီး၊ တစ္စီးလွ်င္က်ပ္သိန္း(၄၅၀)တန္ဖိုးရွိ အမႈိက္သိမ္း ယာဥ္ႀကီး (၆)စီး၊ တစ္စီးလွ်င္ က်ပ္သိန္း(၄၀၀)တန္ဖိုးရွိ အမိႈက္သိမ္းယာဥ္အလတ္စား(၁၈)စီး စုစုေပါင္းက်ပ္ (၁၁,၇၇၅)သိန္းတန္ဖိုးရွိ ယာဥ္မ်ားအား တုိင္းေဒသႀကီးအစိုးရအဖြဲ႔ရန္ပံုေငြမွ ဝယ္ယူျဖည့္တင္း ေပးျခင္းျဖစ္ရာ မင္းတုန္းၿမိဳ႕နယ္စည္ပင္သာယာေရးအတြက္ အမိႈက္သိမ္းယာဥ္ႀကီးတစ္စီး ရရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မင်းတုန်းမြို့နယ်စည်ပင်သာယာရေးဦးစီးဌာနသို့ အမှိုက်သိမ်းယာဉ် (၁)စီးနှင့် လိုအပ်သည့် ဝန်ထမ်းပံ့ထောက်ပံ့ခဲ့သည့် အတွက် မေလအတွင်း မင်းတုန်းမြို့ပေါ်တွင် ရာနှုန်းပြည့် အမှိုက်သိမ်းပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

“မေလမတိုင်ခင်က အထိတော့ (၇၀) ရာခိုင်နှုန်းလောက်ပဲ အမှိုက်သိမ်းဆည်းနိုင်ခဲ့ပါတယ်။ မေလအတွင်းမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့က ဂျပန်နိုင်ငံထုတ် အီစူဇူးအမှိုက်သိမ်းယာဉ်(၁)စီး ထောက်ပံ့ပေးခဲ့တဲ့အပြင် လိုအပ်ချက်ရှိနေတဲ့ ဝန်ထမ်းခန့်ထားမှုကိုလည်း ဖြည့်ဆည်းပေးခဲ့တာကြောင့် အခုဆိုရင် မြို့ပေါ်အမှိုက်သိမ်း လွှမ်းခြုံမှုက ရာနှုန်းပြည့်လို့ ပြောလို့ရနေပါပြီ”ဟု မင်းတုန်းမြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးသိန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မင်းတုန်းမြို့တွင် အိမ်ခြေ(၁,၃၀၅)လုံး၌ လူဦးရေ(၄,၇၃၇)ဦးနေထိုင်လျှက်ရှိပြီး စည်ပင်သာယာရေး ဦးစီးဌာနက အပတ်စဉ် ဗုဒ္ဓဟူးနှင့်စနေနေ့တိုင်း အမှိုက်သိမ်းဆည်းပေးနေရာတွင် ယခင်က လေးလုံးထိုး အင်ဂျင်ဖောကား(၁)စီး၊ တစ်လုံးထိုးအင်ဂျင်မော်တော်ယာဉ်(၁)စီးသာရှိခဲ့၍ အမှိုက်(၇၀) ရာခိုင်နှုန်းသာ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းအတွင်းရှိမြို့နယ်စည်ပင်သာယာရေးအဖွဲ့များသို့ တစ်စီးလျှင် ကျပ်(၃၇၅)သိ်န်း တန်ဖိုးရှိ ရေပုတ်စုပ်ယာဉ်(၅)စီး၊ တစ်စီးလျှင်ကျပ်သိန်း(၄၅၀)တန်ဖိုးရှိ အမှိုက်သိမ်း ယာဉ်ကြီး (၆)စီး၊ တစ်စီးလျှင် ကျပ်သိန်း(၄၀၀)တန်ဖိုးရှိ အမှိုက်သိမ်းယာဉ်အလတ်စား(၁၈)စီး စုစုပေါင်းကျပ် (၁၁,၇၇၅)သိန်းတန်ဖိုးရှိ ယာဉ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေမှ ဝယ်ယူဖြည့်တင်း ပေးခြင်းဖြစ်ရာ မင်းတုန်းမြို့နယ်စည်ပင်သာယာရေးအတွက် အမှိုက်သိမ်းယာဉ်ကြီးတစ်စီး ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~