မင္းဘူး/စကုၿမိဳ႕နယ္အတြင္း ခုိင္းႏြားႏွင့္ လုပ္သားရွားပါးမႈေၾကာင့္ ယခုႏွစ္ လယ္ယာလုပ္ငန္းခြင္တြင္ စက္အသံုးျပဳမႈ မ်ားျပားလာ

မင္းဘူး/စကုၿမိဳ႕နယ္အတြင္း ခုိင္းႏြားႏွင့္ လုပ္သားရွားပါးမႈေၾကာင့္ ယခုႏွစ္ လယ္ယာလုပ္ငန္းခြင္တြင္ စက္အသံုးျပဳမႈ မ်ားျပားလာ
မေ 21, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ မင္းဘူး/စကုၿမိဳ႕နယ္အတြင္း လယ္ယာလုပ္ငန္းမ်ားအတြက္ ခိုင္းႏြားႏွင့္ လုပ္သား ရွားပါးမႈ ႀကံဳေတြ႔ေနရ၍ ယခုႏွစ္အတြင္း စက္မ်ားကိုအသံုးျပဳမႈမ်ားလာေၾကာင္း သိရသည္။

"ၿပီးခဲ့တဲ့နွစ္ကတည္းက တရုတ္ကိုတင္ပို႔ိုဖို႔ ႏြားေတြကို ကာလတန္ဖိုးထက္ ေစ်းပုိေပးၿပီး ဝယ္ယူ ေနတာေၾကာင့္ ခိုင္းႏြားရွားပါးမႈနဲ႔ ႀကံဳေတြ႔ေနရပါတယ္။ လယ္ယာလုပ္ငန္းခြင္အတြက္ ငွားမယ္ဆုိရင္ ႏြားတစ္ရွဥ္းကို တစ္လ (၂)သိန္း ေလာက္ေပးငွားရတယ္။ ထြန္စက္က တစ္ဧကကုိ (၁၂၀၀၀) က်ပ္ကေန (၁၅၀၀၀) က်ပ္အထိပဲရွိလို႔ ႏြားငွားသံုးတာထက္ လုပ္ငန္းတြင္က်ယ္ၿပီး အခ်ိန္ကုန္လည္း သက္သာသြားပါတယ္" ဟု စကုၿမိဳ႕နယ္မွ နွမ္းစုိက္ေတာင္သူ ဦးဝင္းေဌးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တရုတ္နုိင္ငံသုိ႔တင္ပို႔ရန္ ႏြားကုန္သည္မ်ားက ကာလေပါက္ေဈးထက္ပို၍ ႏြားတစ္ေကာင္လွ်င္ က်ပ္(၁၀)သိန္း ဝန္းက်င္ျဖင့္ ေဈးေကာင္းေပး၍ ဝယ္ယူေနေသာေၾကာင့္ ခုိင္းႏြားမ်ားရွားပါးလာရျခင္းျဖစ္ၿပီး ေက်းရြာေန လူငယ္အမ်ားစုမွာလည္း ျပည္ပသို႔ထြက္ခြာ အလုပ္ လုပ္ကိုင္လာၾကသျဖင့္ လုပ္သားရွားပါးမႈ ျပႆနာနွင့္လည္းႀကံဳေတြ႕ေနရျခင္းျဖစ္ေၾကာင္း သိရသည္။

"ခိုင္းႏြားရွားပါးမႈေရာ လုပ္သားရွားပါးလာမႈနဲ႔ပါ ႀကံဳေတြ႔ေနရတာျဖစ္လို႔ အခက္အခဲေတြ႔ၾကရေပမဲ့ ထြန္စက္ကိုအသံုးျပဳလာၾကတဲ့အခါ အေတာ္ေလးအဆင္ေျပလာၾကပါတယ္။ ထြန္စက္ငွားတဲ့ေနရာမွာ ထြန္စက္လံုေလာက္မႈမရိွလို႔ အလွည့္ေစာင့္ရတဲ့ဒုကၡေတာ့ ရိွေနပါတယ္"ဟု ေတာင္သူဦးဝင္းေဌးက ေျပာသည္။

ယခုနွစ္တြင္ မင္းဘူး/စကုၿမိဳ႕နယ္၌ မုိးႏွမ္းစုိက္ဧက (၇၆၆၅၁) အထိ စို္က္ပ်ိဳးလွ်က္ရွိၿပီး ထြန္စက္ ငွားရမ္းခမွာ တစ္နာရီလွ်င္ (၂၅၀၀၀)က်ပ္ က်သင့္ၿပီး တစ္နာရီလွ်င္ သံုးဧကခန္႔အထိ ထြန္ယက္ႏုိင္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ မင်းဘူး/စကုမြို့နယ်အတွင်း လယ်ယာလုပ်ငန်းများအတွက် ခိုင်းနွားနှင့် လုပ်သား ရှားပါးမှု ကြုံတွေ့နေရ၍ ယခုနှစ်အတွင်း စက်များကိုအသုံးပြုမှုများလာကြောင်း သိရသည်။

"ပြီးခဲ့တဲ့နှစ်ကတည်းက တရုတ်ကိုတင်ပို့ဖို့ နွားတွေကို ကာလတန်ဖိုးထက် ဈေးပိုပေးပြီး ဝယ်ယူ နေတာကြောင့် ခိုင်းနွားရှားပါးမှုနဲ့ ကြုံတွေ့နေရပါတယ်။ လယ်ယာလုပ်ငန်းခွင်အတွက် ငှါးမယ်ဆိုရင် နွားတစ်ရှဉ်းကို တစ်လ (၂)သိန်း လောက်ပေးငှါးရတယ်။ ထွန်စက်က တစ်ဧကကို (၁၂၀၀၀) ကျပ်ကနေ (၁၅၀၀၀) ကျပ်အထိပဲရှိလို့ နွားငှါးသုံးတာထက် လုပ်ငန်းတွင်ကျယ်ပြီး အချိန်ကုန်လည်း သက်သာသွားပါတယ်" ဟု စကုမြို့နယ်မှ နှမ်းစိုက်တောင်သူ ဦးဝင်းဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရုတ်နိုင်ငံသို့တင်ပို့ရန် နွားကုန်သည်များက ကာလပေါက်ဈေးထက်ပို၍ နွားတစ်ကောင်လျှင် ကျပ်(၁၀)သိန်း ဝန်းကျင်ဖြင့် ဈေးကောင်းပေး၍ ဝယ်ယူနေသောကြောင့် ခိုင်းနွားများရှားပါးလာရခြင်းဖြစ်ပြီး ကျေးရွာနေ လူငယ်အများစုမှာလည်း ပြည်ပသို့ထွက်ခွာ အလုပ် လုပ်ကိုင်လာကြသဖြင့် လုပ်သားရှားပါးမှု ပြဿနာနှင့်လည်းကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။

"ခိုင်းနွားရှားပါးမှုရော လုပ်သားရှားပါးလာမှုနဲ့ပါ ကြုံတွေ့နေရတာဖြစ်လို့ အခက်အခဲတွေ့ကြရပေမဲ့ ထွန်စက်ကိုအသုံးပြုလာကြတဲ့အခါ အတော်လေးအဆင်ပြေလာကြပါတယ်။ ထွန်စက်ငှါးတဲ့နေရာမှာ ထွန်စက်လုံလောက်မှုမရှိလို့ အလှည့်စောင့်ရတဲ့ဒုက္ခတော့ ရှိနေပါတယ်"ဟု တောင်သူဦးဝင်းဌေးက ပြောသည်။

ယခုနှစ်တွင် မင်းဘူး/စကုမြို့နယ်၌ မိုးနှမ်းစိုက်ဧက (၇၆၆၅၁) အထိ စို်က်ပျိုးလျှက်ရှိပြီး ထွန်စက် ငှါးရမ်းခမှာ တစ်နာရီလျှင် (၂၅၀၀၀)ကျပ် ကျသင့်ပြီး တစ်နာရီလျှင် သုံးဧကခန့်အထိ ထွန်ယက်နိုင်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~