စုိက္ပ်ိဳးစရိတ္ေခ်းေငြအတြက္ လယ္ယာေျမလုပ္ကိုင္ခြင့္လက္မွတ္ကို အေပါင္ပစၥည္းအျဖစ္ ထားရိွရမည္

စုိက္ပ်ိဳးစရိတ္ေခ်းေငြအတြက္ လယ္ယာေျမလုပ္ကိုင္ခြင့္လက္မွတ္ကို အေပါင္ပစၥည္းအျဖစ္ ထားရိွရမည္
မေ 25, 2018
By 🌸
 ျမန္မာ့လယ္ယာဖြံ႔ၿဖိဳးေရးဘဏ္က ေတာင္သူမ်ားအား သီးနွံစုိက္ပ်ိဳးစရိတ္ေခ်းေငြ ထုတ္ေခ်းရာတြင္ လယ္ယာေျမ လုပ္ကိုင္ခြင့္လက္မွတ္ (ပံုစံ - ၇)ကို အေပါင္ပစၥည္းအျဖစ္ အာမခံထားရသည့္စနစ္ကို ၂၀၁၈ ခုႏွစ္မွစ၍ ေျပာင္းလဲက်င့္သံုးမည္ျဖစ္ေၾကာင္း သိရသည္။

“အရင္နွစ္ေတြကေတာ့ ေခ်းေငြေပးတဲ့အခါ အိမ္ေထာင္စုဇယား၊ ဘဏ္စာအုပ္မ်ားနဲ႔ ထုတ္ေပးခဲ့ေပမဲ့ အျပင္မွာ ေပါင္နွံေရာင္းခ်တာေတြ ရွိလာတာေၾကာင့္ ဒီနွစ္ကစၿပီးေတာ့ ပံုစံ(၇)ကို အေပါင္ပစၥည္းအျဖစ္ အပ္နွံရမွာျဖစ္ပါတယ္။ ဘဏ္ေခ်းေငြဆပ္ၿပီးတာနဲ႔ ပံုစံ(၇)ကို ျပန္ေပးသြားမွာပါ” ဟု ျမန္မာ့လယ္ယာဖြံ႔ၿဖိဳးေရးဘဏ္ (တို္င္းေဒသႀကီးဘဏ္ခြဲ၊ မေကြးၿမိဳ႕) တို္င္းေဒသႀကီးမန္ေနဂ်ာ ဦးဝင္းေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာ့လယ္ယာဖြံ႔ၿဖိဳးေရးဘဏ္က စိုက္ပ်ိဳးစရိတ္ေခ်းေငြအျဖစ္ ေငြက်ပ္(၁၀၀)လွ်င္ တစ္ႏွစ္ဘဏ္အတိုးနႈန္း (၈)က်ပ္ျဖင့္ ေတာင္သူမ်ားအား ထုတ္ေခ်းေပးေနျခင္းျဖစ္ၿပီး  ျပန္ဆပ္ရမည့္ရက္ေက်ာ္လြန္ပါက ဒဏ္တိုးအျဖစ္ ေငြက်ပ္ (၁၀၀) လွ်င္ တစ္လ (၁) က်ပ္နႈန္းျဖင့္ ထပ္တိုးေပးေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။

မိုးရာသီစိုက္ပ်ိဳးရာသီအတြက္ စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ားကို ၂၀၁၈ ခုႏွစ္ ေမလ (၁၇)ရက္ေန႔မွ စတင္ထုတ္ေခ်းေပးေနၿပီး မေကြးတိုင္းေဒသႀကီးအတြင္း (၂၅)ၿမိဳ႕နယ္ရွိ ေက်းရြာအုပ္စု (၁၃၇၆) အုပ္စု၊ ေတာင္သူဦးေရ (၂၂၁၅၄၀) ဦး၊ စုိက္ဧက (၁၁၆၀၀၃၃) အတြက္ စုိက္ပ်ိဳးစရိတ္ေခ်းေငြ က်ပ္ (၉၇) ဘီလီယံေက်ာ္ ျမန္မာ့လယ္ယာဖြံ႔ၿဖိဳးေရးဘဏ္မွ ထုတ္ေခ်းမည္ျဖစ္ကာ စပါး (၁) ဧကလွ်င္ (၁)သိန္း(၅)ေသာင္းက်ပ္နႈန္းျဖင့္ (၃၉၁၆၃၁) ဧကအတြက္ က်ပ္ (၅၈၇၄၄ ဒႆမ ၆၅) သန္း၊ အျခားသီးနွံ (၁)ဧကလွ်င္က်ပ္ (၅) ေသာင္းနႈန္းျဖင့္ (၇၆၈၄၀၂) ဧကအတြက္ က်ပ္ (၃၈၄၂၀ ဒႆမ ၁၀) သန္း၊ စုစုေပါင္း (၉၇၁၆၄ ဒႆမ ၇၅) သန္း ထုတ္ေခ်းေပးမည္ျဖစ္ေၾကာင္း သိရသည္။

မေကြးတုိင္းေဒသႀကီးအတြင္း မင္းဘူး၊ ပြင့္ျဖဴ၊ စလင္း၊ ေအာင္လံ၊ သရက္၊ ၿမိဳ႕သစ္တို႔မွ ယခင္ဘ႑ာႏွစ္အတြင္း စုိက္ပ်ိဳးစရိတ္ေခ်းေငြရယူထားသည့္အနက္ က်ပ္သိန္း (၈၀၀)ေက်ာ္ ျပန္လည္ေပးဆပ္ရန္ က်န္ေနဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
 စိုက်ပျိုးစရိတ်ချေးငွေအတွက် လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ်ကို အပေါင်ပစ္စည်းအဖြစ် ထားရှိရမည်
****************
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူများအား သီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရာတွင် လယ်ယာမြေ လုပ်ကိုင်ခွင့်လက်မှတ် (ပုံစံ - ၇)ကို အပေါင်ပစ္စည်းအဖြစ် အာမခံထားရသည့်စနစ်ကို ၂၀၁၈ ခုနှစ်မှစ၍ ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း သိရသည်။

“အရင်နှစ်တွေကတော့ ချေးငွေပေးတဲ့အခါ အိမ်ထောင်စုဇယား၊ ဘဏ်စာအုပ်များနဲ့ ထုတ်ပေးခဲ့ပေမဲ့ အပြင်မှာ ပေါင်နှံရောင်းချတာတွေ ရှိလာတာကြောင့် ဒီနှစ်ကစပြီးတော့ ပုံစံ(၇)ကို အပေါင်ပစ္စည်းအဖြစ် အပ်နှံရမှာဖြစ်ပါတယ်။ ဘဏ်ချေးငွေဆပ်ပြီးတာနဲ့ ပုံစံ(၇)ကို ပြန်ပေးသွားမှာပါ” ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (တိုင်းဒေသကြီးဘဏ်ခွဲ၊ မကွေးမြို့) တိုင်းဒေသကြီးမန်နေဂျာ ဦးဝင်းဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုးစရိတ်ချေးငွေအဖြစ် ငွေကျပ်(၁၀၀)လျှင် တစ်နှစ်ဘဏ်အတိုးနှုန်း (၈)ကျပ်ဖြင့် တောင်သူများအား ထုတ်ချေးပေးနေခြင်းဖြစ်ပြီး  ပြန်ဆပ်ရမည့်ရက်ကျော်လွန်ပါက ဒဏ်တိုးအဖြစ် ငွေကျပ် (၁၀၀) လျှင် တစ်လ (၁) ကျပ်နှုန်းဖြင့် ထပ်တိုးပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
မိုးရာသီစိုက်ပျိုးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၁၈ ခုနှစ် မေလ (၁၇)ရက်နေ့မှ စတင်ထုတ်ချေးပေးနေပြီး မကွေးတိုင်းဒေသကြီးအတွင်း (၂၅)မြို့နယ်ရှိ ကျေးရွာအုပ်စု (၁၃၇၆) အုပ်စု၊ တောင်သူဦးရေ (၂၂၁၅၄၀) ဦး၊ စိုက်ဧက (၁၁၆၀၀၃၃) အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် (၉၇) ဘီလီယံကျော် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးမည်ဖြစ်ကာ စပါး (၁) ဧကလျှင် (၁)သိန်း(၅)သောင်းကျပ်နှုန်းဖြင့် (၃၉၁၆၃၁) ဧကအတွက် ကျပ် (၅၈၇၄၄ ဒဿမ ၆၅) သန်း၊ အခြားသီးနှံ (၁)ဧကလျှင်ကျပ် (၅) သောင်းနှုန်းဖြင့် (၇၆၈၄၀၂) ဧကအတွက် ကျပ် (၃၈၄၂၀ ဒဿမ ၁၀) သန်း၊ စုစုပေါင်း (၉၇၁၆၄ ဒဿမ ၇၅) သန်း ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ အောင်လံ၊ သရက်၊ မြို့သစ်တို့မှ ယခင်ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးစရိတ်ချေးငွေရယူထားသည့်အနက် ကျပ်သိန်း (၈၀၀)ကျော် ပြန်လည်ပေးဆပ်ရန် ကျန်နေဆဲဖြစ်ကြောင်း သိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~