ရန္ကုန္တြင္ မီးခိုးေညႇာ္နံ႔ေၾကာင့္ မီးသတ္တပ္ဖြဲ႕ဝင္ ၆ ဦးႏွင့္ ေဒသခံ ၁၄ ဦး အသက္ရႈၾကပ္၍ ကုသမႈခံယူေန

ရန္ကုန္တြင္ မီးခိုးေညႇာ္နံ႔ေၾကာင့္ မီးသတ္တပ္ဖြဲ႕ဝင္ ၆ ဦးႏွင့္ ေဒသခံ ၁၄ ဦး အသက္ရႈၾကပ္၍ ကုသမႈခံယူေန
ဧပြီ 27, 2018
By 🌸
ရန္ကုန္တိုင္းေဒသႀကီး လိႈင္သာယာၿမိဳ႕နယ္ရိွ ထိန္ပင္အမိႈက္ပံု မီးေလာင္ကၽြမ္းမႈအား ၿငိႇမ္းသတ္ေနသည့္ (၆)ရက္ေျမာက္ေန႔ျဖစ္သည့္ ဧၿပီလ (၂၆)ရက္ေန႔တြင္ မီးသတ္တပ္ဖြဲ႕ဝင္ တစ္ဦး ဒဏ္ရာရၿပီး (၅)ဦး အသက္ရႈၾကပ္၍ ေဆးကုသမႈခံယူေနရၿပီး ေဆးရံုတြင္ အတြင္းလူနာအျဖစ္ ကုသမႈခံယူေနသူ (၁၄)ဦးလည္းရိွေနေၾကာင္း သိရသည္။

ဧၿပီလ (၂၆) ရက္ေန႔ နံနက္ (၇)နာရီ (၅၀)မိနစ္ဝန္းက်င္တြင္ မီးၿငိႇမ္းသတ္ေနသည့္  လွည္းကူးၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕မွ ဒုတပ္ၾကပ္ ေအာင္ၿဖိဳးေဝသည္ မီးေလာင္ေနသည့္ အမိႈက္ပုံအတြင္း ေျခကၽြံက်ခဲ့ရာ အပူေလာင္ဒဏ္ရာမ်ားရသြားျခင္းျဖစ္ၿပီး အျခားမီးသတ္တပ္ဖြဲ႕ဝင္မ်ားျဖစ္သည့္ ေျမာက္ဥကၠလာပၿမိဳ႕နယ္ အရန္မီးသတ္တပ္ဖြဲ႕မွ (၅) ဦးမွာ မီးခိုးေငြ႔ေၾကာင့္ အသက္ရႈၾကပ္သြားသျဖင့္ လိႈင္သာယာေဆးရံု၌ ေဆးကုသမႈခံယူေနရျခင္းျဖစ္ေၾကာင္း သိရသည္။

စုစုေပါင္း ဧက (၃၀၀)က်ယ္သည့္ အမိႈက္ပံုတြင္ ဧက (၁၀၀)ေက်ာ္ခန္႔မီးေလာင္ေနျခင္းျဖစ္ရာ မီးခိုးေညႇာ္နံ႔မ်ားက (၅)ရက္ခန္႔အထိ အနီးဝန္းက်င္တြင္ ထူထပ္စြာဖံုးလႊမ္းခဲ့ၿပီး ေလေၾကာင္းသင့္ရာ ၿမိဳ႕နယ္မ်ားအထိ ေညႇာ္နံ႔မ်ား ဖံုးလႊမ္းခဲ့ျခင္းျဖစ္သည္။

မီးခိုးေညႇာ္န႔ံမ်ားေၾကာင့္ အသက္ရႈၾကပ္သည့္ေဝဒနာခံစားရသူမ်ားအား အကူအညီေပးႏုိင္ရန္ က်န္းမာေရးဦးစီးဌာနက အေရးေပၚစီမံခ်က္မ်ားျဖင့္ ကူညီေပးေနေၾကာင္း သိရၿပီး အမႈိက္ပုံမီးစတင္ေလာင္ကြၽမ္းသည္မွ မီးခိုးမႊန္ျခင္းႏွင့္ ဆက္စပ္ေရာဂါမ်ားျဖင့္ လႈိင္သာယာျပည္သူ႔ေဆး႐ုံႀကီးတြင္ အတြင္းလူနာအျဖစ္ တက္ေရာက္၍ ေဆးဝါးကုသမႈခံယူေနသည့္ လူနာအေရအတြက္မွာ ဧၿပီလ (၂၄)ရက္ေန႔တြင္ (၁၃)ဦး၊ ဧၿပီလ (၂၅)ရက္ေန႔တြင္ (၂)ဦး၊ ဧၿပီလ (၂၆) ရက္ေန႔တြင္ (၄)ဦး တို႔ရိွၿပီး ျပင္ပလူနာအျဖစ္ ဧၿပီလ(၂၄) ရက္ေန႔တြင္ (၃)ဦး၊ ဧၿပီလ (၂၅)ရက္ေန႔တြင္ (၁၁)ဦးႏွင့္ ဧၿပီလ (၂၆)ရက္ေန႔တြင္ (၅)ဦး စုစုေပါင္း (၁၉)ဦး ရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ အတြင္းလူနာမ်ားအနက္ (၁)ဦးမွာ အဆုတ္ေရာဂါအခံရွိသူ ျဖစ္သျဖင့္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ဧၿပီလ(၂၄)ရက္ေန႔တြင္ လႊဲေျပာင္းကုသမႈေပးခဲ့သည့္အျပင္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၊ ျပင္ပလူနာဌာနသို႔ ဧၿပီလ (၂၄)ရက္ေန႔တြင္ လႈိင္သာယာၿမိဳ႕နယ္၌ ေနထိုင္သူ (၁)ဦး မီးခိုးမႊန္ျခင္းႏွင့္ ဆက္စပ္ေရာဂါျဖင့္ လာေရာက္ျပသ ခဲ့ေၾကာငး္ သိရသည္။

အတြင္းလူနာမ်ား၏ ေသြးတြင္ ကာဗြန္မိုေနာက္ဆိုဒ္ပါဝင္မႈ ပမာဏ ျမင့္တက္ေနခဲ့ေၾကာင္း စစ္ေဆးေတြ႔ရိွရၿပီး ေဆး႐ုံတက္ေရာက္ ကုသမႈခံယူသူမ်ားအနက္ ဧၿပီလ(၂၄) ရက္ေန႔တြင္ လူနာ(၃)ဦး၊ ဧၿပီလ (၂၅)ရက္ေန႔တြင္ လူနာ (၁)ဦး ေဆး႐ုံမွဆင္းခြင့္ျပဳခဲ့ၿပီး က်န္ရွိေသာအတြင္းလူနာ(၁၄)ဦး၏ က်န္းမာေရးအေျခအေနမွာလည္း သက္သာေကာင္းမြန္ လ်က္ရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

လႈိင္သာယာၿမိဳ႕နယ္တြင္ အေရးေပၚက်န္းမာေရးေစာင့္ေရွာက္မႈ ယာယီေဆးခန္း (၆)ခုကို (၂၄)နာရီ ဖြင့္လွစ္ထားရွိကာ အဆိုပါေဆးခန္းမ်ား၌ ေဆးႏွင့္ေဆးပစၥည္းမ်ားႏွင့္ ေအာက္စီဂ်င္အိုး (၅)လုံးစီႏွင့္ လူနာမ်ားလႊဲေျပာင္းကုသမႈေပးႏိုင္ရန္ လူနာတင္ယာဥ္မ်ားကို လည္း အသင့္ထားရွိေပးထားေၾကာင္း သိရသည္။
ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ လုပ္ငန္းခြင္ႏွင့္ပတ္ဝန္းက်င္က်န္းမာေရးဌာနခြဲမွ ေလထုအရည္အေသြး တိုင္းတာစစ္ေဆးျခင္းလုပ္ငန္းမ်ားကိုလည္း စတင္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ဓါတ္ပံု #က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန

~~~~~~~~⊰❂ unicode ~~~~~~~~
ရန်ကုန်တွင် မီးခိုးညှော်နံ့ကြောင့် မီးသတ်တပ်ဖွဲ့ဝင် ၆ ဦးနှင့် ဒေသခံ ၁၄ ဦး အသက်ရှုကြပ်၍ ကုသမှုခံယူနေ
************
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုအား ငြှိမ်းသတ်နေသည့် (၆)ရက်မြောက်နေ့ဖြစ်သည့် ဧပြီလ (၂၆)ရက်နေ့တွင် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရပြီး (၅)ဦး အသက်ရှုကြပ်၍ ဆေးကုသမှုခံယူနေရပြီး ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေသူ (၁၄)ဦးလည်းရှိနေကြောင်း သိရသည်။

ဧပြီလ (၂၆) ရက်နေ့ နံနက် (၇)နာရီ (၅၀)မိနစ်ဝန်းကျင်တွင် မီးငြှိမ်းသတ်နေသည့်  လှည်းကူးမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဒုတပ်ကြပ် အောင်ဖြိုးဝေသည် မီးလောင်နေသည့် အမှိုက်ပုံအတွင်း ခြေကျွံကျခဲ့ရာ အပူလောင်ဒဏ်ရာများရသွားခြင်းဖြစ်ပြီး အခြားမီးသတ်တပ်ဖွဲ့ဝင်များဖြစ်သည့် မြောက်ဥက္ကလာပမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ (၅) ဦးမှာ မီးခိုးငွေ့ကြောင့် အသက်ရှုကြပ်သွားသဖြင့် လှိုင်သာယာဆေးရုံ၌ ဆေးကုသမှုခံယူနေရခြင်းဖြစ်ကြောင်း သိရသည်။

စုစုပေါင်း ဧက (၃၀၀)ကျယ်သည့် အမှိုက်ပုံတွင် ဧက (၁၀၀)ကျော်ခန့်မီးလောင်နေခြင်းဖြစ်ရာ မီးခိုးညှော်နံ့များက (၅)ရက်ခန့်အထိ အနီးဝန်းကျင်တွင် ထူထပ်စွာဖုံးလွှမ်းခဲ့ပြီး လေကြောင်းသင့်ရာ မြို့နယ်များအထိ ညှော်နံ့များ ဖုံးလွှမ်းခဲ့ခြင်းဖြစ်သည်။

မီးခိုးညှော်နံ့များကြောင့် အသက်ရှုကြပ်သည့်ဝေဒနာခံစားရသူများအား အကူအညီပေးနိုင်ရန် ကျန်းမာရေးဦးစီးဌာနက အရေးပေါ်စီမံချက်များဖြင့် ကူညီပေးနေကြောင်း သိရပြီး အမှိုက်ပုံမီးစတင်လောင်ကျွမ်းသည်မှ မီးခိုးမွှန်ခြင်းနှင့် ဆက်စပ်ရောဂါများဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်၍ ဆေးဝါးကုသမှုခံယူနေသည့် လူနာအရေအတွက်မှာ ဧပြီလ (၂၄)ရက်နေ့တွင် (၁၃)ဦး၊ ဧပြီလ (၂၅)ရက်နေ့တွင် (၂)ဦး၊ ဧပြီလ (၂၆) ရက်နေ့တွင် (၄)ဦး တို့ရှိပြီး ပြင်ပလူနာအဖြစ် ဧပြီလ(၂၄) ရက်နေ့တွင် (၃)ဦး၊ ဧပြီလ (၂၅)ရက်နေ့တွင် (၁၁)ဦးနှင့် ဧပြီလ (၂၆)ရက်နေ့တွင် (၅)ဦး စုစုပေါင်း (၁၉)ဦး ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အတွင်းလူနာများအနက် (၁)ဦးမှာ အဆုတ်ရောဂါအခံရှိသူ ဖြစ်သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဧပြီလ(၂၄)ရက်နေ့တွင် လွှဲပြောင်းကုသမှုပေးခဲ့သည့်အပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပြင်ပလူနာဌာနသို့ ဧပြီလ (၂၄)ရက်နေ့တွင် လှိုင်သာယာမြို့နယ်၌ နေထိုင်သူ (၁)ဦး မီးခိုးမွှန်ခြင်းနှင့် ဆက်စပ်ရောဂါဖြင့် လာရောက်ပြသ ခဲ့ကြောင်း သိရသည်။

အတွင်းလူနာများ၏ သွေးတွင် ကာဗွန်မိုနောက်ဆိုဒ်ပါဝင်မှု ပမာဏ မြင့်တက်နေခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးရုံတက်ရောက် ကုသမှုခံယူသူများအနက် ဧပြီလ(၂၄) ရက်နေ့တွင် လူနာ(၃)ဦး၊ ဧပြီလ (၂၅)ရက်နေ့တွင် လူနာ (၁)ဦး ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ကျန်ရှိသောအတွင်းလူနာ(၁၄)ဦး၏ ကျန်းမာရေးအခြေအနေမှာလည်း သက်သာကောင်းမွန် လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

လှိုင်သာယာမြို့နယ်တွင် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု ယာယီဆေးခန်း (၆)ခုကို (၂၄)နာရီ ဖွင့်လှစ်ထားရှိကာ အဆိုပါဆေးခန်းများ၌ ဆေးနှင့်ဆေးပစ္စည်းများနှင့် အောက်စီဂျင်အိုး (၅)လုံးစီနှင့် လူနာများလွှဲပြောင်းကုသမှုပေးနိုင်ရန် လူနာတင်ယာဉ်များကို လည်း အသင့်ထားရှိပေးထားကြောင်း သိရသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲမှ လေထုအရည်အသွေး တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများကိုလည်း စတင်ဆောင်ရွက်နေကြောင်း သိရသည်။

ဓါတ်ပုံ #ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~