လေပြင်းတိုက်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ဆက်သွယ်ရေးတာဝါတိုင်တစ်တိုင် ပြိုလဲ

လေပြင်းတိုက်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ဆက်သွယ်ရေးတာဝါတိုင်တစ်တိုင် ပြိုလဲ
ဧပြီ 29, 2018
By Tachileik News Agency

လေပြင်းတိုက်ခတ်မှုကြောင့် စလင်းမြို့နယ်တွင် ဆက်သွယ်ရေးတာဝါတိုင်ပြိုလဲမှုနှင့်အတူ သစ်ပင်ပိ၍ အမျိုးသမီး သေဆုံးမှု ဧပြီလ(၂၈)ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကူတို(တောင်)ရွာ၊ ပြွန်သုံးလုံးရပ်ရှိ ဦးခင်မောင်နိုင်၏ နေအိမ်ဝန်း အတွင်းမှ တယ်လီနောဆက်သွယ်ရေးတာဝါတိုင်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ကျိုးကျပြိုလဲခဲ့ကြောင်း သိရသည်။

အဆိုပါလေပြင်းကြောင့် စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ လူနေအိမ်နှင့် နွားတင်းကုပ်အချို့ ပျက်စီးမှုများရှိခဲ့ကာ သစ်ပင်များ ပြိုလဲခဲ့ကြောင်း သိရှိရပြီး မကျီးဖျားကျေးရွာအုပ်စု၊ ထနှောင်းကုန်း ကျေးရွာမှ အသက် (၄၁)နှစ်အရွယ်ရှိ ဒေါ်မာမာအေးမှာ ယာထဲ၌ ခင်ပွန်းနှင့်အတူ ယာလုပ်ငန်း လုပ်ကိုင်နေစဉ် လေပြင်း ကျလာမှုကြောင့် ယာတဲအတွင်းသို့ ဝင်ခိုခိုက် ယာတဲပေါ်သို့  လက်ပံပင်ကျိုးကျ၍ ပိကာ နေရာတွင် သေဆုံးခဲ့ကြောင်း စလင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

"လောလောဆယ် လေပြင်းတိုက်ခံခဲ့ရတဲ့ ရွာတွေကိုကွင်းဆင်းပြီး လိုက်ကြည့်နေပါတယ်။ သဘာဝဘေး စီမံခန့်ခွဲမှုတို့ ဘာတို့ ကနေပြီး ကူညီထောက်ပံ့ပေးနိုင်ဖို့ တင်ပြဆောင်ရွက်သွားမှာပါ" ဟု စလင်းမြို့ နယ်အုပ်ချုပ်ရေးမှူးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဧပြီလ(၂၈)ရက်နေ့၊ ညနေ(၅)နာရီအချိန်ခန့်တွင် တိုက်ခတ်သောလေပြင်းကြောင့် မကွေးတိုင်းအတွင်း ရှိ စလင်း၊ ပွင့်ဖြူ၊ တောင်တွင်း၊ ငဖဲ၊ မင်းဘူး မြို့နယ်များရှိ ကျေးရွာအချို့တို့တွင် လူနေအိမ်၊ ဘုန်းတော်ကြီး ကျောင်းများ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပြန်လည် တည်ဆောက်ရေး အတွက် ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်စိုး၏ ပြောကြားချက်အရ သိရသည်။

သတင်း - ဖီးနစ်
ဓါတ်ပုံ - ဦးခင်မောင်စိုး




~~~~~~~~⊰❂ unicode ~~~~~~~~


လေပြင်းတိုက်ခတ်မှုကြောင့် စလင်းမြို့နယ်တွင် ဆက်သွယ်ရေးတာဝါတိုင်ပြိုလဲမှုနှင့်အတူ သစ်ပင်ပိ၍ အမျိုးသမီးသေဆုံးမှု ဧပြီလ(၂၈)ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကူတို(တောင်)ရွာ၊ ပြွန်သုံးလုံးရပ်ရှိ ဦးခင်မောင်နိုင်၏ နေအိမ်ဝန်း အတွင်းမှ တယ်လီနောဆက်သွယ်ရေးတာဝါတိုင်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ကျိုးကျပြိုလဲခဲ့ကြောင်း သိရသည်။

လေပြင်းကြောင့် စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ လူနေအိမ်နှင့် နွားတင်းကုပ်အချို့ ပျက်စီးမှု များရှိခဲ့ကာ သစ်ပင်များပြိုလဲခဲ့ကြောင်း သိရှိရပြီး မကျီးဖျားကျေးရွာအုပ်စု၊ ထနှောင်းကုန်းကျေးရွာမှ အသက် (၄၁)နှစ်အရွယ်ရှိ ဒေါ်မာမာအေးမှာ ယာထဲ၌ ခင်ပွန်းနှင့်အတူ ယာလုပ်ငန်းလုပ်ကိုင်နေစဉ် လေပြင်း ကျလာမှုကြောင့် ယာတဲအတွင်းသို့ ဝင်ခိုခိုက် ယာတဲပေါ်သို့  လက်ပံပင်ကျိုးကျ၍ ပိကာ နေရာတွင် သေဆုံးခဲ့ကြောင်း စလင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

"လောလောဆယ် လေပြင်းတိုက်ခံခဲ့ရတဲ့ ရွာတွေကိုကွင်းဆင်းပြီး လိုက်ကြည့်နေပါတယ်။ သဘာဝဘေး စီမံခန့်ခွဲမှုတို့ ဘာတို့ ကနေပြီး ကူညီထောက်ပံ့ပေးနိုင်ဖို့ တင်ပြဆောင်ရွက်သွားမှာပါ" ဟု စလင်းမြို့ နယ်အုပ်ချုပ်ရေးမှူးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဧပြီလ(၂၈)ရက်နေ့၊ ညနေ(၅)နာရီအချိန်ခန့်တွင် တိုက်ခတ်သောလေပြင်းကြောင့် မကွေးတိုင်းအတွင်း ရှိ စလင်း၊ ပွင့်ဖြူ၊ တောင်တွင်း၊ ငဖဲ၊ မင်းဘူး မြို့နယ်များရှိ ကျေးရွာအချို့တို့တွင် လူနေအိမ်၊ ဘုန်းတော်ကြီး ကျောင်းများ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပြန်လည် တည်ဆောက်ရေး အတွက် ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်စိုး၏ ပြောကြားချက်အရ သိရသည်။

သတင်း - ဖီးနစ်
ဓါတ်ပုံ - ဦးခင်မောင်စိုး

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~