အလုပ္သမားအခြင့္အေရးႏွင့္ သိမ္းဆည္းခံေျမယာမ်ားအေရး အနီးကပ္ေဆာင္ရြက္မည္ဟု မေကြးတိုင္းေဒသႀကီး ဝန္ႀကီးသစ္ႏွစ္ဦးဆို

အလုပ္သမားအခြင့္အေရးႏွင့္ သိမ္းဆည္းခံေျမယာမ်ားအေရး အနီးကပ္ေဆာင္ရြက္မည္ဟု မေကြးတိုင္းေဒသႀကီး ဝန္ႀကီးသစ္ႏွစ္ဦးဆို
ဧပြီ 24, 2018
By Tachileik News Agency
မေကြးတုိင္းေဒသႀကီးအတြင္း အလုပ္သမားအခြင့္အေရးႏွင့္ သိမ္းဆည္းခံေျမယာမ်ားအေရးကို အနီးကပ္ႀကီးၾကပ္ ေဆာင္ရြက္သြားမည္ဟု ဧၿပီလ (၂၄)ရက္ေန႔တြင္ လႊတ္ေတာ္၌ ကတိသစၥာျပဳၿပီးေနာက္ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ ဝန္ႀကီးႏွစ္ဦးက ေျပာၾကားလုိက္သည္။

"အလုပ္သမားေတြနဲ႔ ပတ္သက္တဲ႔ အခြင္႔အေရး ဒါေတြကို သက္ဆိုင္ရာဌာနေတြကို အနီးကပ္ ႀကီးၾကပ္ ကြပ္ကဲၿပီး လုပ္ငန္းေတြ သြက္လက္ လ်င္ျမန္ေအာင္ ေဆာင္ရြက္သြားမွာပါ။ က်ယ္ျပန္႔တာကေတာ႔ လဝကေပါ႔။ အဲဒီမွာ ႏိုင္ငံသားတိုင္း ရသင့္ ရထိုက္တဲ့ အခြင့္အေရးေတြကို အခ်ိန္မဆိုင္းဘဲနဲ႔ ရရိွေအာင္ ခရိုင္၊တိုင္း သက္ဆိုင္ရာ ဦးစီးဌာနေတြကို ဝန္ႀကီးတစ္ေယာက္အေနနဲ႔ တြန္းအားလည္း ေပးသြားမယ္။ ပူးေပါင္းလည္း ေဆာင္ရြက္သြားပါမယ္" ဟု လူဝင္မႈႀကီးၾကပ္ေရး ႏွင့္ ျပည္သူ႔အင္အားဝန္ႀကီး ဦးျမင္႔ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးတိုင္းေဒသႀကီး အစိုးရအဖြဲ႔ဝင္ စိုက္ပ်ိဳးေမြးျမဴေရးႏွင္႔ ဆည္ေျမာင္း ဝန္ႀကီး ဦးဝင္းေမာ္ေဌးႏွင္႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင္႔ ျပည္သူ႔အင္အားဝန္ႀကီး ဦးျမင္႔ေဆြတို႔ ဧၿပီလ (၂၄)ရက္ေန႔ လႊတ္ေတာ္အေရးေပၚ အစည္းအေဝးတြင္ ကတိသစၥာျပဳၾကၿပီးေနာက္ ယင္းကဲ့သို႔ ေျဖၾကားခဲ့ျခင္းျဖစ္သည္။

"ႏိုင္ငံေတာ္က ခ်မွတ္ထားတဲ့ မူဝါဒနဲ႔အညီ လယ္ယာေျမဥပေဒေတြ၊ေျမယာသိမ္းဆည္းမႈဥပေဒေတြ ဒါေတြကို ေလ႔လာ ေနပါတယ္။ လယ္ယာေျမအေရး ကၽြမ္းက်င္တဲ့ ပညာရွင္ေတြနဲ႔ ပူးေပါင္းမယ္။ လိုအပ္ရင္ အၾကံေပးအဖဲြ႔ ဖဲြ႔ စည္းၿပီး လုပ္ေဆာင္သြားမွာပါ။ ေအာက္ေျခအထိ ဆင္းၿပီး တေျဖးေျဖးနဲ႔ ကိုင္တြယ္ ေျဖရွင္းေပးသြားမယ္လို႔ စဥ္းစားထားပါတယ္"ဟု စိုက္ပ်ိဳးေမြး ျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးဝင္းေမာ္ေဌးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔၌ လစ္လပ္လွ်က္ရိွေနေသာ ဝန္ႀကီး(၂)ဦး၏ ေနရာမ်ားအတြက္ ဝန္ႀကီးခ်ဳပ္က တိုင္းေဒသႀကီးလႊတ္ေတာ္သို႔ အမည္စာရင္းကို တတိယအႀကိမ္ထိ တင္သြင္းခဲ့ရၿပီးေနာက္ ယခုခန္႔အပ္လုိက္သည့္ ဝန္ႀကီးႏွစ္ဦးအား ၂၀၁၈ ခုႏွစ္ ဧၿပီလ (၁၉)ရက္ေန႔တြင္ ႏိုင္ငံေတာ္သမၼတက အတည္ျပဳ ခန္႔အပ္လုိက္ျခင္းျဖစ္သည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်း အလုပ်သမားအခွင့်အရေးနှင့် သိမ်းဆည်းခံမြေယာများအရေးကို အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားမည်ဟု ဧပြီလ (၂၄)ရက်နေ့တွင် လွှတ်တော်၌ ကတိသစ္စာပြုပြီးနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦးက ပြောကြားလိုက်သည်။

"အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ အခွင့်အရေး ဒါတွေကို သက်ဆိုင်ရာဌာနတွေကို အနီးကပ် ကြီးကြပ် ကွပ်ကဲပြီး လုပ်ငန်းတွေ သွက်လက် လျင်မြန်အောင် ဆောင်ရွက်သွားမှာပါ။ ကျယ်ပြန့်တာကတော့ လဝကပေါ့။ အဲဒီမှာ နိုင်ငံသားတိုင်း ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေကို အချိန်မဆိုင်းဘဲနဲ့ ရရှိအောင် ခရိုင်၊တိုင်း သက်ဆိုင်ရာ ဦးစီးဌာနတွေကို ဝန်ကြီးတစ်ယောက်အနေနဲ့ တွန်းအားလည်း ပေးသွားမယ်။ ပူးပေါင်းလည်း ဆောင်ရွက်သွားပါမယ်" ဟု လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးဝင်းမော်ဌေးနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ဆွေတို့ ဧပြီလ (၂၄)ရက်နေ့ လွှတ်တော်အရေးပေါ် အစည်းအဝေးတွင် ကတိသစ္စာပြုကြပြီးနောက် ယင်းကဲ့သို့ ဖြကြေားခဲ့ခြင်းဖြစ်သည်။

"နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒနဲ့အညီ လယ်ယာမြေဥပဒေတွေ၊မြေယာသိမ်းဆည်းမှုဥပဒေတွေ ဒါတွေကို လေ့လာ နေပါတယ်။ လယ်ယာမြေအရေး ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ပူးပေါင်းမယ်။ လိုအပ်ရင် အကြံပေးအဖွဲ့ ဖွဲ့ စည်းပြီး လုပ်ဆောင်သွားမှာပါ။ အောက်ခြေအထိ ဆင်းပြီး တဖြေးဖြေးနဲ့ ကိုင်တွယ် ဖြေရှင်းပေးသွားမယ်လို့ စဉ်းစားထားပါတယ်"ဟု စိုက်ပျိုးမွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၌ လစ်လပ်လျှက်ရှိနေသော ဝန်ကြီး(၂)ဦး၏ နေရာများအတွက် ဝန်ကြီးချုပ်က တိုင်းဒေသကြီးလွှတ်တော်သို့ အမည်စာရင်းကို တတိယအကြိမ်ထိ တင်သွင်းခဲ့ရပြီးနောက် ယခုခန့်အပ်လိုက်သည့် ဝန်ကြီးနှစ်ဦးအား ၂၀၁၈ ခုနှစ် ဧပြီလ (၁၉)ရက်နေ့တွင် နိုင်ငံတော်သမ္မတက အတည်ပြု ခန့်အပ်လိုက်ခြင်းဖြစ်သည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~