မိန္းမေတာင္းရမ္းရန္အသြား ေမာ္ေတာ္ယာဥ္တိမ္းေမွာက္၍ ၂ ဦးေသ ၂၀ ဦး ဒဏ္ရာရ

မိန္းမေတာင္းရမ္းရန္အသြား ေမာ္ေတာ္ယာဥ္တိမ္းေမွာက္၍ ၂ ဦးေသ ၂၀ ဦး ဒဏ္ရာရ
ဧပြီ 28, 2018
By 🌸
မေကြးတိုင္းေဒသႀကီး ၿမိဳင္ၿမိဳ႕နယ္၊ ေပါင္းတည္ေက်းရြာမွ ေက်ာက္ပံုေက်းရြာသို႔ မိန္းမေတာင္းရမ္းရန္ သြားေရာက္သူမ်ား လိုက္ပါသြားသည့္ ေမာ္ေတာ္ယာဥ္တစ္စီး ဧၿပီလ(၂၈)ရက္ ညေန(၃)နာရီခဲြဝန္းက်င္တြင္ တိမ္းေမွာက္သျဖင့္ (၂)ဦးေသဆံုးၿပီး (၂၀)ဦးဒဏ္ရာရသြားေၾကာင္းသိရသည္။

အဆိုပါ Light Truck ေမာ္ေတာ္ယာဥ္တြင္ ယာဥ္ေမာင္းအပါအဝင္ စုစုေပါင္း (၂၂)ဦး လုိက္ပါသြားျခင္းျဖစ္ၿပီး မင္းလွၿမိဳ႕နယ္၊ ကန္တုတ္ - စစၥနိုကားလမ္းတြင္ ယာဘက္ေရွ႕ဘီးေပါက္ကာ အရွိန္မထိန္းနုိင္ဘဲ လမ္း၏ဘယ္ဘက္သို႔ တိမ္းေမွာက္သြားခဲ့ျခင္းျဖစ္ေၾကာင္း ရဲစခန္းမွတ္တမ္းအရ သိရသည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ၿမိဳင္ၿမိဳ႕နယ္၊ ေပါင္းတည္ေက်းရြာေန အသက္(၅၀)နွစ္အရြယ္ မူလတန္းေက်ာင္းအုပ္ ဦးတင္ဦးနွင့္ ေဒၚျမစန္းတုိ႔မွာ အခင္းျဖစ္ေနရာတြင္ ေသဆံုးသြားေၾကာင္းသိရၿပီး  (၂၀)ဦးမွာဒါဏ္ရာမ်ားရရွိသြားသည့္အနက္ ယာဥ္ေမာင္းပါ(၁၁)ဦးမွာ စိုးရိမ္ရသည့္ အေျခအေနတြင္ရွိေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိမ္းေမွာက္မႈနွင့္ပတ္သက္၍ ယာဥ္ေမာင္းလင္းေမာင္ေမာင္အား ေရနံမနယ္ေျမရဲစခန္းတြင္ ယာဥ္(ပ)၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၈/၃၃၇ ျဖင့္္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း #ဖီးနစ္
ဓာတ္ပံု #ေဇာ္ဆိုင္း

~~~~~~~~⊰❂ unicode ~~~~~~~~
မိန်းမတောင်းရမ်းရန်အသွား မော်တော်ယာဉ်တိမ်းမှောက်၍ ၂ ဦးသေ ၂၀ ဦး ဒဏ်ရာရ
***************
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်၊ ပေါင်းတည်ကျေးရွာမှ ကျောက်ပုံကျေးရွာသို့ မိန်းမတောင်းရမ်းရန် သွားရောက်သူများ လိုက်ပါသွားသည့် မော်တော်ယာဉ်တစ်စီး ဧပြီလ(၂၈)ရက် ညနေ(၃)နာရီခွဲဝန်းကျင်တွင် တိမ်းမှောက်သဖြင့် (၂)ဦးသေဆုံးပြီး (၂၀)ဦးဒဏ်ရာရသွားကြောင်းသိရသည်။

အဆိုပါ Light Truck မော်တော်ယာဉ်တွင် ယာဉ်မောင်းအပါအဝင် စုစုပေါင်း (၂၂)ဦး လိုက်ပါသွားခြင်းဖြစ်ပြီး မင်းလှမြို့နယ်၊ ကန်တုတ် - စစ္စနိုကားလမ်းတွင် ယာဘက်ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဘယ်ဘက်သို့ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် မြိုင်မြို့နယ်၊ ပေါင်းတည်ကျေးရွာနေ အသက်(၅၀)နှစ်အရွယ် မူလတန်းကျောင်းအုပ် ဦးတင်ဦးနှင့် ဒေါ်မြစန်းတို့မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်းသိရပြီး  (၂၀)ဦးမှာဒါဏ်ရာများရရှိသွားသည့်အနက် ယာဉ်မောင်းပါ(၁၁)ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်းလင်းမောင်မောင်အား ရေနံမနယ်မြေရဲစခန်းတွင် ယာဉ်(ပ)၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့်် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ #ဇော်ဆိုင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~