တပ္မေတာ္ေဆးရံုမွ ဒုတိယဗုိလ္မွဴးႀကီးတစ္ဦး စေကဘာျဖင့္ အထိုးခံရ

တပ္မေတာ္ေဆးရံုမွ ဒုတိယဗုိလ္မွဴးႀကီးတစ္ဦး စေကဘာျဖင့္ အထိုးခံရ
ဧပြီ 29, 2018
By Tachileik News Agency

မႏၲေလးတုိင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕ရွိ တပ္မေတာ္ေဆးရံုမွ ခြဲစိတ္ပါရဂူ ဒုတိယဗုိလ္မွဴးႀကီးတစ္ဦး ေမာင္းနွင္သည့္ ေမာ္ေတာ္ယာဥ္သည္ ဆိုင္ကယ္တစ္စီးႏွင့္ ပြတ္တုိက္မိရာမွ ဆုိင္ကယ္စီးအဖြဲ႕က ဒုဗိုလ္မွဴးႀကီးအား စေကဘာျဖင့္ ထိုးမႈ ျဖစ္ပြားေၾကာင္း သိရသည္။

ဒုတိယ ဗိုလ္မွဴးႀကီး မုိးျမတ္ေအာင္သည္ ဧၿပီလ (၂၅)ရက္ေန႔ ည (၉)နာရီ (၄၅)မိနစ္ဝန္းက်င္တြင္ အနီး စခန္းရွိ ပါေမာကၡခ်ဳပ္ ဆရာေတာ္ႀကီး၏ ဓမၼသဟာယသာသနစင္တာမွ ရပ္ကြက္ႀကီး(၉)ရွိ ၎၏ေနအိမ္သုိ႔ ေမာ္ေတာ္ယာဥ္ျဖင့္ ျပန္လာစဥ္ ရပ္ကြက္ႀကီး (၅) အစုိးရဧည့္ေဂဟာလမ္း၊ ဧည့္ေဂဟာဂိတ္အနီးသို႔ အေရာက္ လမ္းေပၚ၌ ဆုိင္ကယ္ (၄) စီးျဖင့္ အမ်ိဳးသား (၇) ဦးက ဆုိင္ကယ္စတန္႔ ေမာင္းႏွင္ ေနေၾကာင္း ေတြ႕ရသျဖင့္ ေရွာင္တိမ္းေမာင္းႏွင္စဥ္ ဆုိင္ကယ္စတန္႔ျပဳလုပ္ေနသည့္ ဆုိင္ကယ္ (၁) စီးျဖင့္ ေမာ္ေတာ္ယာဥ္ မေတာ္တဆ ပြတ္တုိက္မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထုိ႔သုိ႔ ပြတ္တုိက္မႈျဖစ္ပြားၿပီးေနာက္ ဒုတိယဗုိလ္မွဴးႀကီးက ေမာ္ေတာ္ယာဥ္အား ရပ္တန္႔ၿပီး လိုအပ္သည္မ်ား ကူညီရန္ ယာဥ္ေပၚမွဆင္း၍ ေမးျမန္းစဥ္ ဆုိင္ကယ္စီးနင္းသူမ်ားအနက္ (၃)ဦးက ၎အား ခ်ဳပ္ကုိင္၍
(၁) ဦးက ဝမ္းဗုိက္အား စေကဘာျဖင့္ ထုိးခဲ့သျဖင့္ ဒဏ္ရာျပင္းထန္စြာရသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆုိပါဒုတိယဗုိလ္မွဴးႀကီးအား တပ္မေတာ္ေဆး႐ုံတြင္အေရးေပၚ ခြဲစိတ္ကုသထားၿပီး ထြက္ေျပး တိမ္းေရွာင္သည့္္ အမ်ိဳးသား (၇)ဦးအား ျပင္ဦးလြင္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္၍  ဖမ္းဆီးရမိေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံမှ ခွဲစိတ်ပါရဂူ ဒုတိယဗိုလ်မှူးကြီးတစ်ဦး မောင်းနှင်သည့် မော်တော်ယာဉ်သည် ဆိုင်ကယ်တစ်စီးနှင့် ပွတ်တိုက်မိရာမှ ဆိုင်ကယ်စီးအဖွဲ့က ဒုဗိုလ်မှူးကြီးအား စကေဘာဖြင့် ထိုးမှု ဖြစ်ပွားကြောင်း သိရသည်။

ဒုတိယ ဗိုလ်မှူးကြီး မိုးမြတ်အောင်သည် ဧပြီလ (၂၅)ရက်နေ့ ည (၉)နာရီ (၄၅)မိနစ်ဝန်းကျင်တွင် အနီး စခန်းရှိ ပါမောက္ခချုပ် ဆရာတော်ကြီး၏ ဓမ္မသဟာယသာသနစင်တာမှ ရပ်ကွက်ကြီး(၉)ရှိ၎င်း၏နေအိမ်သို့ မော်တော်ယာဉ်ဖြင့် ပြန်လာစဉ် ရပ်ကွက်ကြီး (၅) အစိုးရဧည့်ဂေဟာလမ်း၊ ဧည့်ဂေဟာဂိတ်အနီးသို့ အရောက် လမ်းပေါ်၌ ဆိုင်ကယ် (၄) စီးဖြင့် အမျိုးသား (၇) ဦးက ဆိုင်ကယ်စတန့် မောင်းနှင် နေကြောင်း တွေ့ရသဖြင့် ရှောင်တိမ်းမောင်းနှင်စဉ် ဆိုင်ကယ်စတန့်ပြုလုပ်နေသည့် ဆိုင်ကယ် (၁) စီးဖြင့် မော်တော်ယာဉ် မတော်တဆ ပွတ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ ပွတ်တိုက်မှုဖြစ်ပွားပြီးနောက် ဒုတိယဗိုလ်မှူးကြီးက မော်တော်ယာဉ်အား ရပ်တန့်ပြီး လိုအပ်သည်များ ကူညီရန် ယာဉ်ပေါ်မှဆင်း၍ မေးမြန်းစဉ် ဆိုင်ကယ်စီးနင်းသူများအနက် (၃)ဦးက၎င်းအား ချုပ်ကိုင်၍
(၁) ဦးက ဝမ်းဗိုက်အား စကေဘာဖြင့် ထိုးခဲ့သဖြင့် ဒဏ်ရာပြင်းထန်စွာရသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဒုတိယဗိုလ်မှူးကြီးအား တပ်မတော်ဆေးရုံတွင်အရေးပေါ် ခွဲစိတ်ကုသထားပြီး ထွက်ပြေး တိမ်းရှောင်သည့် အမျိုးသား (၇)ဦးအား ပြင်ဦးလွင်မြို့မရဲစခန်းတွင် အမှုဖွင့်၍ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~