ရန္ကုန္ၿမိဳ႕ ထိန္ပင္အမိႈက္ပံုမီးေလာင္မႈ ငါးရက္ေျမာက္ေန႔အထိ ၿငိႇွမ္းသတ္ေနဆဲျဖစ္ၿပီး ၁၅ ဦး ေဆးကုသမႈခံယူေန

ရန္ကုန္ၿမိဳ႕ ထိန္ပင္အမိႈက္ပံုမီးေလာင္မႈ ငါးရက္ေျမာက္ေန႔အထိ ၿငိႇွမ္းသတ္ေနဆဲျဖစ္ၿပီး ၁၅ ဦး ေဆးကုသမႈခံယူေန
ဧပြီ 25, 2018
By 🌸
ရန္ကုန္တုိင္းေဒသႀကီး လိႈင္သာယာၿမိဳ႕နယ္၊ ကုလားႀကီးစုေက်းရြာ ထိန္ပင္စြန္႔ပစ္အမိႈက္ပံု မီးေလာင္ေနမႈအား ငါးရက္ေျမာက္ေန႔ျဖစ္သည့္ ဧၿပီလ (၂၅)ရက္ေန႔အထိ ၿငိႇမ္းသတ္ေနဆဲျဖစ္ၿပီး မီးခိုးေငြ႕ေၾကာင့္ အသက္ရႈမဝျဖစ္ကာ လိႈင္သာယာ ျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူေနရသူ (၁၅)ဦးရိွေနေၾကာင္း သိရသည္။

အဆိုပါ အမိႈက္ပံုမွာ ဧၿပီလ (၂၁)ရက္ေန႔ ေန႔လယ္ (၁၂)နာရီခြဲကတည္းက စတင္ေလာင္ကၽြမ္းေနျခင္းျဖစ္ရာ မီးခိုးမ်ား ထူထပ္စြာဖံုးလႊမ္းမႈေၾကာင့္ ဧၿပီလ (၂၃) ရက္ေန႔က အငွားယာဥ္တစ္စီး လမ္းဝဲဘက္သို႔ ထိုးက်ခဲ့ေသာ္လည္း ထိခိုက္မႈမရိွေၾကာင္း သိရၿပီး အမ်ိဳးသမီး (၁၀)ဦးႏွင့္ အမ်ိဳးသား (၅)ဦးတို႔မွာ အသက္ရႈမဝသျဖင့္ လိႈင္သာယာျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမိႈက္ပံုမီးအား ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႔က မီးစတင္ေလာင္ကၽြမ္းခ်ိန္မွစ၍ ၿငိႇမ္းသတ္ေနျခင္းျဖစ္ေသာ္လည္း ဧရိယာ ဧက (၃၀၀)ခန္႔ရိွသည့္ အမိႈက္ပံုမွာ ေလးရက္ေျမာက္ေန႔တြင္ ဧက (၁၀၀)အထိ မီးပ်ံ႕ႏွံ႕ေလာင္ကၽြမ္းလာၿပီး မီးခိုးေညႇာ္နံ႕မ်ားသည္ ေလလမ္းေၾကာင္းသင့္ရာ ၿမိဳ႕နယ္မ်ားအထိ ပ်ံ႕ႏွံ႔ဖံုးလႊမ္းခဲ့ျခင္းျဖစ္သည္။

အမိႈက္ပံုမီးအား ၿငိႇမ္းသတ္ေနမႈအေျခအေနမ်ားႏွင့္ပတ္သက္၍ ဧၿပီလ (၂၄) ရက္ေန႔တြင္ ရန္ကုန္တိုင္းေဒသႀကီး တိုင္းမွဴး ဗိုလ္ခ်ဳပ္ သက္ပုံႏွင့္ ရန္ကုန္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီး ေအာင္စိုးမိုး၊ ရန္ကုန္တိုင္းေဒသႀကီး ရဲမွဴးခ်ဳပ္ ဝင္းနိုင္တို႔ပါဝင္သည့္ တာဝန္ရိွသူမ်ားက သြားေရာက္ၾကည့္ရႈၿပီး ဧၿပီလ (၂)ရက္ေန႔ ည(၁၁)နာရီ (၄၅)မိနစ္တြင္ ရန္ကုန္တုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းႏွင့္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕တုိ႔က လက္ရွိ ၿငိမ္းသတ္ေနသည့္ ေျမျပင္ေဆာင္ရြက္မႈမ်ား၊ အျမန္ဆံုး မီးၿငိမ္းႏိုင္ေရးအတြက္ ထပ္မံတိုးျမႇင့္ေဆာင္ရြက္မည့္ အစီအမံမ်ားအတြက္ သက္ဆိုင္ရာဌာနဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆံုေဆြးေႏြးေနၾကေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားေနသည့္ေနရာသို႔ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႔ဌာနခ်ဳပ္မွ ၫႊန္ၾကားေရးမႉး ဦးေက်ာ္သူရက အနီးကပ္ႀကီးၾကပ္ကာ ၿငိႇမ္းသတ္ေနၿပီး မီးသတ္တပ္ဖြဲ႕အတြက္ မီးခိုးေငြ႔ကာရန္ Mask အပါအဝင္ လိုအပ္သည့္ အစားအေသာက္၊ေရတို႔အား ျပည္သူလူထုက သြားေရာက္လွဴဒါန္းကူညီမႈမ်ားလည္း လုပ္ေဆာင္ေနၾကသည္။

ဓါတ္ပံု #မီးသတ္တပ္ဖြဲ႕
~~~~~~~~⊰❂ unicode ~~~~~~~~
ရန်ကုန်မြို့ ထိန်ပင်အမှိုက်ပုံမီးလောင်မှု ငါးရက်မြောက်နေ့အထိ ငြှိှမ်းသတ်နေဆဲဖြစ်ပြီး ၁၅ ဦး ဆေးကုသမှုခံယူနေ
*************
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ကုလားကြီးစုကျေးရွာ ထိန်ပင်စွန့်ပစ်အမှိုက်ပုံ မီးလောင်နေမှုအား ငါးရက်မြောက်နေ့ဖြစ်သည့် ဧပြီလ (၂၅)ရက်နေ့အထိ ငြှိမ်းသတ်နေဆဲဖြစ်ပြီး မီးခိုးငွေ့ကြောင့် အသက်ရှုမဝဖြစ်ကာ လှိုင်သာယာ ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေရသူ (၁၅)ဦးရှိနေကြောင်း သိရသည်။

အဆိုပါ အမှိုက်ပုံမှာ ဧပြီလ (၂၁)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲကတည်းက စတင်လောင်ကျွမ်းနေခြင်းဖြစ်ရာ မီးခိုးများ ထူထပ်စွာဖုံးလွှမ်းမှုကြောင့် ဧပြီလ (၂၃) ရက်နေ့က အငှားယာဉ်တစ်စီး လမ်းဝဲဘက်သို့ ထိုးကျခဲ့သော်လည်း ထိခိုက်မှုမရှိကြောင်း သိရပြီး အမျိုးသမီး (၁၀)ဦးနှင့် အမျိုးသား (၅)ဦးတို့မှာ အသက်ရှုမဝသဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှိုက်ပုံမီးအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က မီးစတင်လောင်ကျွမ်းချိန်မှစ၍ ငြှိမ်းသတ်နေခြင်းဖြစ်သော်လည်း ဧရိယာ ဧက (၃၀၀)ခန့်ရှိသည့် အမှိုက်ပုံမှာ လေးရက်မြောက်နေ့တွင် ဧက (၁၀၀)အထိ မီးပျံ့နှံ့လောင်ကျွမ်းလာပြီး မီးခိုးညှော်နံ့များသည် လေလမ်းကြောင်းသင့်ရာ မြို့နယ်များအထိ ပျံ့နှံ့ဖုံးလွှမ်းခဲ့ခြင်းဖြစ်သည်။

အမှိုက်ပုံမီးအား ငြှိမ်းသတ်နေမှုအခြေအနေများနှင့်ပတ်သက်၍ ဧပြီလ (၂၄) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ ရန်ကုန်တိုင်းဒေသကြီး ရဲမှူးချုပ် ဝင်းနိုင်တို့ပါဝင်သည့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး ဧပြီလ (၂)ရက်နေ့ ည(၁၁)နာရီ (၄၅)မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က လက်ရှိ ငြိမ်းသတ်နေသည့် မြေပြင်ဆောင်ရွက်မှုများ၊ အမြန်ဆုံး မီးငြိမ်းနိုင်ရေးအတွက် ထပ်မံတိုးမြှင့်ဆောင်ရွက်မည့် အစီအမံများအတွက် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးနေကြကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားနေသည့်နေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးကျော်သူရက အနီးကပ်ကြီးကြပ်ကာ ငြှိမ်းသတ်နေပြီး မီးသတ်တပ်ဖွဲ့အတွက် မီးခိုးငွေ့ကာရန် Mask အပါအဝင် လိုအပ်သည့် အစားအသောက်၊ရေတို့အား ပြည်သူလူထုက သွားရောက်လှူဒါန်းကူညီမှုများလည်း လုပ်ဆောင်နေကြသည်။

ဓါတ်ပုံ #မီးသတ်တပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~