ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ဒုဦးစီးမွဴး အပါအ၀င္ အႀကီးတန္းစာေရးတို႔အား အဂတိလုိက္စားမႈျဖင့္ ေထာင္ဒဏ္အသီးသီး ခ်မွတ္

ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ဒုဦးစီးမွဴး အပါအ၀င္ အႀကီးတန္းစာေရးတို႔အား အဂတိလုိက္စားမႈျဖင့္ ေထာင္ဒဏ္အသီးသီး ခ်မွတ္
ဧပြီ 26, 2018
By Tachileik News Agency
အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒအရ တရားစြဲဆိုခံထားရသည့္ ျပင္ဦးလြင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္နိုင္စိုး (လက္ေထာက္ညႊန္ၾကားေရးမွဴး)၊ ဒုတိယဦးစီးမွဴး  ဦးေက်ာ္ေက်ာ္္ႏိုင္နွင့္ အႀကီးတန္း စာေရး ဦးေအာင္စိုးမိုးတို႔အား သက္ဆိုင္ရာတရားရံုးအသီးသီးက ၂၀၁၈ ခုနွစ္ ဧၿပီလ (၂၆)ရက္ေန႔တြင္ စီရင္ခ်က္အမိန္႔ ခ်မွတ္လုိက္ေၾကာင္း သိရသည္။

ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္နိုင္စိုးအား ရာဇဝတ္ႀကီးမႈအမွတ္၊ ၂/၂၀၁၆ အတြက္ အလုပ္နွင့္ ေထာင္ဒဏ္(၅)နွစ္၊ ရာဇဝတ္ႀကီးမႈ အမွတ္၊ ၄/၂၀၁၆ အတြက္ အလုပ္နွင့္ေထာင္ဒဏ္(၅)နွစ္၊  ဒုတိယဦးစီးမွဴး  ဦးေက်ာ္ေက်ာ္နိုင္အား ရာဇဝတ္ႀကီးမႈ အမွတ္၊ ၃/၂၀၁၆ အတြက္ အလုပ္နွင့္ ေထာင္ဒဏ္(၅)နွစ္၊ ရာဇဝတ္ႀကီးမႈအမွတ္၊ ၅/၂၀၁၆ အတြက္ အလုပ္နွင့္ေထာင္ဒဏ္(၅)နွစ္၊  အႀကီးတန္း စာေရး  ဦးေအာင္စိုးမုိးအား ရာဇဝတ္ႀကီးမႈ အမွတ္ ၃၄၈၇/၂၀၁၆ အတြက္ အလုပ္နွင့္ ေထာင္ဒဏ္ (၃)နွစ္ ၊ ရာဇဝတ္ႀကီးမႈ အမွတ္ ၃၄၈၈/၂၀၁၆ အတြက္ အလုပ္နွင့္ေထာင္ဒဏ္(၃)နွစ္ တို႔ကို အသီးသီးက်ခံေစရန္ အမိန္႕ခ်မွတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ျပင္ဦးလြင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္နိုင္စိုးႏွင့္ ဒုတိယဦးစီးမွဴး ဦးေက်ာ္ေက်ာ္ႏိုင္တို႔အား ၂၀၁၃ ခုနွစ္၊ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၆ ျဖင့္ ၂၀၁၆ ခုနွစ္ ေအာက္တိုဘာလ (၂၈) ရက္ေန႔တြင္ မႏၱေလးတိုင္းေဒသႀကီး တရားလႊတ္ေတာ္သို႔ တရားစြဲဆိုတင္ပို႔ခဲ့ရာ တရားရံုးမွ ရာဇဝတ္ႀကီးမႈအမွတ္ ၂/၂၀၁၆ ၊ ၃/၂၀၁၆ ၊ ၄/၂၀၁၆၊ ၅/၂၀၁၆ ၊ အႀကီးတန္းစာေရး ဦးေအာင္စိုးမိုးအား ၂၀၁၃ ခုနွစ္၊ အဂတိလိုက္စားမွုတိုက္ဖ်က္ ေရးဥပေဒပုဒ္မ ၅၇ ျဖင့္ ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလ (၂၇) ရက္ေန႕တြင္ ျပင္ဦးလြင္ၿမိဳ႕နယ္တရားရံုးသို႔ တရားစြဲဆိုတင္ပို႔ခဲ့ရာ တရားရံုးမွ ရာဇဝတ္ႀကီးမႈ အမွတ္ ၃၄၈၇/၂၀၁၆၊ ၃၄၈၈/၂၀၁၆ တို႕ျဖင့္ လက္ခံစစ္ေဆးခဲ့ၿပီးေနာက္ ယင္းကဲ့သို႔ ျပစ္ဒဏ္အသီးသီးခ်လိုက္ျခင္းျဖစ္သည္။

မႏၱေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕နယ္၊ လြန္ေကာင္းေက်းရြာအုပ္စု၊ မန္က်ည္းအင္းရြာသစ္အား ျပည္ထဲေရး အမည္ေပါက္ သတ္မွတ္ႏိုင္ေရး ေဆာင္ရြက္ရာတြင္ ေငြေပးခဲ့ရေသာ္လည္း ေဆာင္ရြက္ေပးျခင္း မရွိသည့္ အျပင္ ရြာရွိေနအိမ္မ်ားအား ႏို႔တစ္စာထုတ္၍ ဖ်က္ဆီးျခင္း၊ ရြာဆိုင္းဘုတ္အား ဖ်က္ဆီးျခင္း စသည္မ်ား ေဆာင္ရြက္လာသျဖင့္ စစ္ေဆးေဖာ္ထုတ္ အေရးယူေပးပါရန္ နစ္နာသူမွ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္သို႔ တုိင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းစစ္ေဆးခဲ့ရာ ျပင္ဦးလြင္ၿမိဳ႕နယ္ အုပ္ခ်ဴပ္ေရးမွဴး ဦးတင္ႏိုင္စိုး၊ ဒုတိယဦးစီးမွဴး ဦးေက်ာ္ေက်ာ္နိုင္၊ အႀကီးတန္းစာေရး ဦးေအာင္စိုးမိုးတို႔သည္ မန္က်ည္းအင္းရြာသစ္တြင္ ရြာေျမတိုးခ်ဲ႕ေပးရန္ကိစၥ၌ ေက်းရြာေနျပည္သူမ်ားထံမွ ေငြေၾကးမ်ား ရယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု - ဦးရာဇ


~~~~~~~~⊰❂ unicode ~~~~~~~~

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုခံထားရသည့် ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုး (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒုတိယဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့် အကြီးတန်း စာရေး ဦးအောင်စိုးမိုးတို့အား သက်ဆိုင်ရာတရားရုံးအသီးသီးက ၂၀၁၈ ခုနှစ် ဧပြီလ (၂၆)ရက်နေ့တွင် စီရင်ချက်အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးအား ရာဇဝတ်ကြီးမှုအမှတ်၊ ၂/၂၀၁၆ အတွက် အလုပ်နှင့် ထောင်ဒဏ်(၅)နှစ်၊ ရာဇဝတ်ကြီးမှု အမှတ်၊ ၄/၂၀၁၆ အတွက် အလုပ်နှင့်ထောင်ဒဏ်(၅)နှစ်၊ ဒုတိယဦးစီးမှူး ဦးကျော်ကျော်နိုင်အား ရာဇဝတ်ကြီးမှု အမှတ်၊ ၃/၂၀၁၆ အတွက် အလုပ်နှင့် ထောင်ဒဏ်(၅)နှစ်၊ ရာဇဝတ်ကြီးမှုအမှတ်၊ ၅/၂၀၁၆ အတွက် အလုပ်နှင့်ထောင်ဒဏ်(၅)နှစ်၊ အကြီးတန်း စာရေး ဦးအောင်စိုးမိုးအား ရာဇဝတ်ကြီးမှု အမှတ် ၃၄၈၇/၂၀၁၆ အတွက် အလုပ်နှင့် ထောင်ဒဏ် (၃)နှစ်၊ ရာဇဝတ်ကြီးမှု အမှတ် ၃၄၈၈/၂၀၁၆ အတွက် အလုပ်နှင့်ထောင်ဒဏ်(၃)နှစ် တို့ကို အသီးသီးကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးနှင့် ဒုတိယဦးစီးမှူး ဦးကျော်ကျော်နိုင်တို့အား ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ တရားစွဲဆိုတင်ပို့ခဲ့ရာ တရားရုံးမှ ရာဇဝတ်ကြီးမှုအမှတ် ၂/၂၀၁၆၊ ၃/၂၀၁၆၊ ၄/၂၀၁၆၊ ၅/၂၀၁၆၊ အကြီးတန်းစာရေး ဦးအောင်စိုးမိုးအား ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၇ ဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ တရားရုံးမှ ရာဇဝတ်ကြီးမှု အမှတ် ၃၄၈၇/၂၀၁၆၊ ၃၄၈၈/၂၀၁၆ တို့ဖြင့် လက်ခံစစ်ဆေးခဲ့ပြီးနောက် ယင်းကဲ့သို့ ပြစ်ဒဏ်အသီးသီးချလိုက်ခြင်းဖြစ်သည်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ လွန်ကောင်းကျေးရွာအုပ်စု၊ မန်ကျည်းအင်းရွာသစ်အား ပြည်ထဲရေး အမည်ပေါက် သတ်မှတ်နိုင်ရေး ဆောင်ရွက်ရာတွင် ငွေပေးခဲ့ရသော်လည်း ဆောင်ရွက်ပေးခြင်း မရှိသည့် အပြင် ရွာရှိနေအိမ်များအား နို့တစ်စာထုတ်၍ ဖျက်ဆီးခြင်း၊ ရွာဆိုင်းဘုတ်အား ဖျက်ဆီးခြင်း စသည်များ ဆောင်ရွက်လာသဖြင့် စစ်ဆေးဖော်ထုတ် အရေးယူပေးပါရန် နစ်နာသူမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပြင်ဦးလွင်မြို့နယ် အုပ်ချူပ်ရေးမှူး ဦးတင်နိုင်စိုး၊ ဒုတိယဦးစီးမှူး ဦးကျော်ကျော်နိုင်၊ အကြီးတန်းစာရေး ဦးအောင်စိုးမိုးတို့သည် မန်ကျည်းအင်းရွာသစ်တွင် ရွာမြေတိုးချဲ့ပေးရန်ကိစ္စ၌ ကျေးရွာနပြေည်သူများထံမှ ငွေကြေးများ ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဦးရာဇ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~