က်ဳိင္းတံုမွ အေသးစား စားေသာက္လုပ္ငန္း(၃၂)ခု လုပ္ငန္းမွတ္ပံုတင္မ်ား ရရွိ

က်ဳိင္းတံုမွ အေသးစား စားေသာက္လုပ္ငန္း(၃၂)ခု လုပ္ငန္းမွတ္ပံုတင္မ်ား ရရွိ
မတ် 21, 2018
By Tachileik News Agency

က်ဳိင္းတံုၿမိဳ႕ရွိ အေသးစား စားေသာက္လုပ္ငန္း(၃၂)ခုအတြက္ ရွမ္းျပည္နယ္ အေသးစား စက္မႈလက္မႈ လုပ္ငန္းဦးစီးဌာနမွ ခြင့္ျပဳေပးလိုက္သည့္ လုပ္ငန္းမွတ္ပံုတင္ လက္မွတ္မ်ားအား က်ဳိင္းတံုခရိုင္ စားသံုးသူ အျငင္းပြားမႈေျဖရွင္းေရး အဖြဲ႔က အခမ္းအနားျဖင့္ လက္၀ယ္အေရာက္ ေပးအပ္လိုက္ေၾကာင္း သိရသည္။

အဆိုပါ လုပ္ငန္းမွတ္ပံုတင္ လက္မွတ္မ်ားအား ၂၀၁၈ခုႏွစ္ မတ္လ(၂၁)ရက္ေန႔ ေန႔လည္(၂)နာရီက ေပးအပ္လိုက္ျခင္း ျဖစ္သည္။

"ဒီအေသးစား စားေသာက္ကုန္လုပ္ငန္းေတြက က်ိဳင္းတုံမွာ လုပ္လာတာက ႏွစ္ေပါင္းမ်ားစြာ ၾကာေနၿပီ ဒါေပမဲ့ သူတို႔မွာက တရား၀င္ ေထာက္ခံခ်က္ေတြက မရိွၾကဘူး။ ဒါေၾကာင့္ ေထာက္ခံခ်က္ေတြ ရႏိုင္ဖို႔အတြက္ ကၽြန္ေတာ္တို႔အဖြဲ႕ကေနၿပီးေတာ့ ေတာင္ႀကီးမွာရိွတဲ့ အေသးစား စက္မႈလက္မႈ လုပ္ငန္း ဦးစီးဌာနနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ ေထာက္ခံခ်က္ေတြ ရရိွေအာင္ ေဆာင္ရြက္ေပးခဲ့ပါတယ္။ ေဒသတြင္းက စားေသာက္ကုန္လုပ္ငန္း (၃၂)ခုကို ဒီေန႔ ေထာက္ခံခ်က္ လက္မွတ္ထုတ္ေပးခဲ့ပါတယ္။"ဟု က်ိဳင္းတုံခရိုင္ စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕မွ အတြင္းေရးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ေျပာသည္။

ေထာက္ခံခ်က္ရရိွခဲ့သည့္ အေသးစား စားေသာက္ကုန္ လုပ္ငန္းမ်ားတြင္ ေဒသတြင္းတြင္ ထုတ္လုပ္လွ်က္ ရိွေသာ ၀က္ေခါက္ေၾကာ္လုပ္ငန္းမ်ား၊ မုန္႔တီေျခာက္လုပ္ငန္းမ်ား၊ ၀က္အူေခ်ာင္းလုပ္ငန္းမ်ား၊ မုန္႔မ်ိဳးစုံႏွင့္ ကိတ္မုန္႔လုပ္ငန္းတို႔ ပါ၀င္ၿပီး ေထာက္ခံခ်က္ ရရိွရန္အတြက္ ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈ လုပ္ငန္း ဦးစီးဌာနႏွင့္ ေဒသတြင္းရိွ သက္ဆိုင္ရာဌာနမ်ား ပူးေပါင္း ကြင္းဆင္းစစ္ေဆးခဲ့ကာ ေတာင္ႀကီးတြင္ ဓာတ္ခြဲ စမ္းသပ္မႈမ်ား ေဆာင္ရြက္ခဲ့ရၿပီး ေထာက္ခံခ်က္ရရိွရန္ အခ်ိန္ကာလအားျဖင့္ (၃)လ ၾကာျမင့္ခဲ့ေၾကာင္း သိရသည္။

"စီးပြားေရး လုပ္ငန္းရွင္ေတြ အေနနဲ႔ ကိုယ္တိုင္ထုတ္လုပ္တာတို႔၊ ကုန္သြယ္တာတို႔၊ သူမ်ားႏိုင္ငံက တင္သြင္းၿပီး တစ္ဆင့္ေရာင္းခ်တာတို႔ကို ေထာက္ခံခ်က္ေတြယူၿပီးေတာ့ ဥပေဒနဲ႔အညီ လုပ္ထုံး လုပ္နည္းေတြ အတိုင္း လုပ္ေစခ်င္ပါတယ္။ ဒါမွလည္း ျပည္သူေတြ စားသုံးတဲ့ အခါမွာ စိတ္ခ် လုံျခံဳမယ္၊ သူတို႔ပစၥည္းေတြကိုလည္း ျပည္တြင္းမွာေကာ ျပည္ပမွာပါ လြတ္လြတ္လပ္လပ္ ေရာင္းခ်ႏိုင္မွာ ျဖစ္ပါတယ္။"ဟု ၎က ဆက္ေျပာသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ စားသုံးသူေရးရာဦးစီးဌာနအား က်ိဳင္းတုံၿမိဳ႕တစ္ခုတည္းတြင္သာ ဖြင့္လွစ္ ႏိုင္ေသးသျဖင့္ က်ိဳင္းတုံၿမိဳ႕တြင္းရိွ လုပ္ငန္းရွင္မ်ားသာမက ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရိွ အျခားၿမိဳ႕မ်ားမွ လုပ္ငန္းရွင္မ်ား အေနျဖင့္ မိမိတို႔၏ လုပ္ငန္းမ်ား အတြက္ သက္ဆိုင္ရာ ဌာနမ်ားနမွ ေထာက္ခံခ်က္ လက္မွတ္မ်ားကို ရရိွႏိုုင္ရန္ ဆက္သြယ္၍ အကူအညီေတာင္းခံလာပါကလည္း သက္ဆိုင္ရာဌာနမ်ားႏွင့္ ခ်ိတ္ဆက္ကာ ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
ဓါတ္ပံု - စားသုံးသူေရးရာဦးစီးဌာန(က်ိဳင္းတုံ)



~~~~~~~~⊰❂ unicode ~~~~~~~~


ကျိုင်းတုံမြို့ရှိ အသေးစား စားသောက်လုပ်ငန်း(၃၂)ခုအတွက် ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ခွင့်ပြုပေးလိုက်သည့် လုပ်ငန်းမှတ်ပုံတင် လက်မှတ်များအား ကျိုင်းတုံခရိုင် စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေး အဖွဲ့က အခမ်းအနားဖြင့် လက်ဝယ်အရောက် ပေးအပ်လိုက်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းမှတ်ပုံတင် လက်မှတ်များအား ၂၀၁၈ခုနှစ် မတ်လ(၂၁)ရက်နေ့ နေ့လည်(၂)နာရီက ပေးအပ်လိုက်ခြင်း ဖြစ်သည်။

"ဒီအသေးစား စားသောက်ကုန်လုပ်ငန်းတွေက ကျိုင်းတုံမှာ လုပ်လာတာက နှစ်ပေါင်းများစွာ ကြာနပြေီ ဒါပေမဲ့ သူတို့မှာက တရားဝင် ထောက်ခံချက်တွေက မရှိကြဘူး။ ဒါကြောင့် ထောက်ခံချက်တွေ ရနိုင်ဖို့အတွက် ကျွန်တော်တို့အဖွဲ့ကနပြေီးတော့ တောင်ကြီးမှာရှိတဲ့ အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနနဲ့ ချိတ်ဆက်ပြီးတော့ ထောက်ခံချက်တွေ ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒေသတွင်းက စားသောက်ကုန်လုပ်ငန်း (၃၂)ခုကို ဒီနေ့ ထောက်ခံချက် လက်မှတ်ထုတ်ပေးခဲ့ပါတယ်။"ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်း အေဂျင်စီသို့ပြောသည်။

ထောက်ခံချက်ရရှိခဲ့သည့် အသေးစား စားသောက်ကုန် လုပ်ငန်းများတွင် ဒေသတွင်းတွင် ထုတ်လုပ်လျှက် ရှိသော ဝက်ခေါက်ကြော်လုပ်ငန်းများ၊ မုန့်တီခြောက်လုပ်ငန်းများ၊ ဝက်အူချောင်းလုပ်ငန်းများ၊ မုန့်မျိုးစုံနှင့် ကိတ်မုန့်လုပ်ငန်းတို့ ပါဝင်ပြီး ထောက်ခံချက် ရရှိရန်အတွက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနနှင့် ဒေသတွင်းရှိ သက်ဆိုင်ရာဌာနများ ပူးပေါင်း ကွင်းဆင်းစစ်ဆေးခဲ့ကာ တောင်ကြီးတွင် ဓာတ်ခွဲ စမ်းသပ်မှုများ ဆောင်ရွက်ခဲ့ရပြီး ထောက်ခံချက်ရရှိရန် အချိန်ကာလအားဖြင့် (၃)လ ကြာမြင့်ခဲ့ကြောင်း သိရသည်။

"စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ်တိုင်ထုတ်လုပ်တာတို့၊ ကုန်သွယ်တာတို့၊ သူများနိုင်ငံက တင်သွင်းပြီး တစ်ဆင့်ရောင်းချတာတို့ကို ထောက်ခံချက်တွေယူပြီးတော့ ဥပဒေနဲ့အညီ လုပ်ထုံး လုပ်နည်းတွေ အတိုင်း လုပ်စေချင်ပါတယ်။ ဒါမှလည်း ပြည်သူတွေ စားသုံးတဲ့ အခါမှာ စိတ်ချ လုံခြုံမယ်၊ သူတို့ပစ္စည်းတွေကိုလည်း ပြည်တွင်းမှာကော ပြည်ပမှာပါ လွတ်လွတ်လပ်လပ် ရောင်းချနိုင်မှာ ဖြစ်ပါတယ်။"ဟု၎င်းက ဆက်ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် စားသုံးသူရေးရာဦးစီးဌာနအား ကျိုင်းတုံမြို့တစ်ခုတည်းတွင်သာ ဖွင့်လှစ် နိုင်သေးသဖြင့် ကျိုင်းတုံမြို့တွင်းရှိ လုပ်ငန်းရှင်များသာမက ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ အခြားမြို့များမှ လုပ်ငန်းရှင်များ အနဖြေင့် မိမိတို့၏ လုပ်ငန်းများ အတွက် သက်ဆိုင်ရာ ဌာနများနမှ ထောက်ခံချက် လက်မှတ်များကို ရရှိနိုင်ရန် ဆက်သွယ်၍ အကူအညီတောင်းခံလာပါကလည်း သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - စားသုံးသူရေးရာဦးစီးဌာန(ကျိုင်းတုံ)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~