နမၼတူၿမိဳ႕ ပန္ဟိုက္(၂)ရက္ကြက္တြင္ ခင္ပြန္းျဖစ္သူမွ ဇနီးႏွင့္သားသမီးမ်ားအား ဓါးျဖင့္ ထိုးသတ္

နမၼတူၿမိဳ႕ ပန္ဟိုက္(၂)ရက္ကြက္တြင္ ခင္ပြန္းျဖစ္သူမွ ဇနီးႏွင့္သားသမီးမ်ားအား ဓါးျဖင့္ ထိုးသတ္
မတ် 10, 2018
By Tachileik News Agency

ကိုယ္၀န္ေဆာင္ ဇနီးႏွင့္ အမႊာသားႏွစ္ဦးတို႔အား ဖခင္ျဖစ္သူမွ ဓါးျဖင့္ ထိုးသတ္မႈ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမၼတူၿမိဳ႕၊ ပန္ဟိုက္ရပ္ကြက္(၂)တြင္ မတ္လ(၉)ရက္ေန႔က ျဖစ္ပြားခဲ့၍ လူသတ္မႈျဖင့္ နမၼတူၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

“ပုဒ္မ ၃၀၂ ေပါ့။ လူသတ္မႈနဲ႔ အမႈဖြင့္အေရးယူထားတယ္။ ကၽြန္ေတာ္တို႔ ဖမ္းထားတယ္။ စစ္ေဆးေန တုန္းပဲ ရွိေသးတယ္။ ဘာေၾကာင့္လုပ္ရတယ္ဆိုတာ မသိရေသးဘူး”ဟု နမၼတူၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးစိုးႀကိဳင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေဖေဖၚဝါရီလ (၉) ရက္ေန႔ နံနက္ (၃) နာရီခြဲ၀န္းက်င္အခ်ိန္က အဆိုပါ အမ်ိဳးသားသည္ ေနအိမ္တြင္ ရိွေနစဥ္ ၎၏ ဇနီးျဖစ္သူႏွင့္ အမႊာသားႏွစ္ဦးအား ဓါးျဖင့္ထိုးခဲ့ျခင္းျဖစ္ၿပီး ကေလးႏွစ္ဦးမွာ ေနရာတြင္ ေသဆံုးခဲ့ကာ အမ်ိဳးသမီးအား လားရႈိးသို႔ သယ္ေဆာင္လာစဥ္ လမ္းခရီးတြင္ ေသဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အမ်ိဳးသမီးက ကိုယ္ဝန္နဲ႔လို႔ သိရတယ္။ ေသသြားတဲ့ ကေလးႏွစ္ေယာက္အျပင္ အသက္ ေျခာက္ႏွစ္ ေလာက္ရွိတဲ့ ကေလးမတစ္ဦးလည္းရိွတယ္။ သူက လြတ္သြားတယ္။ အကုန္သူ႔သားသမီးေတြခ်ည္းပဲ။ ဘာေၾကာင့္ အဲဒီလိုလုပ္ရတယ္ဆိုတာေတာ့ မသိဘူး” ဟု နမၼတူေဒသခံတစ္ဦးျဖစ္သည့္ ကိုေအာင္ဆန္းက ေျပာသည္။

အဆိုပါ မိသားစုမွာ ပန္ဟိုက္ရပ္ကြက္(၂)၏ ေဒသခံမ်ား မဟုတ္ဘဲ၊ အခန္းငွားေနၾကသူမ်ားျဖစ္ၿပီး ယခုလက္ရွိ ေနထိုင္သည့္ အခန္းငွားသို႔ လာေရာက္ေရႊ႕ေျပာင္းလာသည္မွာ ရက္ပိုင္းမွ်သာရွိသည့္ အတြက္ လူသတ္သူမွာ မည္သည့္ အေၾကာင္းေၾကာင့္ သတ္သည္ကို မသိရွိရေၾကာင္း ပန္ဟိုက္(၂)ရက္ကြက္ေနသူ အမ်ဳိးသမီးတစ္ဦးထံက သိရသည္။

မိသားစုအား ဓါးျဖင့္ထိုးသတ္သူ အမ်ိဳးသားကို နမၼတူၿမိဳ႕မရဲစခန္းတြင္ ဖမ္းဆီးထိန္းသိမ္းထားၿပီး ပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ကာ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~


ကိုယ်ဝန်ဆောင် ဇနီးနှင့် အမွှာသားနှစ်ဦးတို့အား ဖခင်ဖြစ်သူမှ ဓားဖြင့် ထိုးသတ်မှု ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့၊ ပန်ဟိုက်ရပ်ကွက်(၂)တွင် မတ်လ(၉)ရက်နေ့က ဖြစ်ပွားခဲ့၍ လူသတ်မှုဖြင့် နမ္မတူမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

“ပုဒ်မ ၃၀၂ ပေါ့။ လူသတ်မှုနဲ့ အမှုဖွင့်အရေးယူထားတယ်။ ကျွန်တော်တို့ ဖမ်းထားတယ်။ စစ်ဆေးနေတုန်းပဲ ရှိသေးတယ်။ ဘာကြောင့်လုပ်ရတယ်ဆိုတာ မသိရသေးဘူး”ဟု နမ္မတူမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးစိုးကြိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖေဖော်ဝါရီလ (၉) ရက်နေ့ နံနက် (၃) နာရီခွဲဝန်းကျင်အချိန်က အဆိုပါ အမျိုးသားသည် နေအိမ်တွင် ရှိနေစဉ်၎င်း၏ ဇနီးဖြစ်သူနှင့် အမွှာသားနှစ်ဦးအား ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ပြီး ကလေးနှစ်ဦးမှာ နေရာတွင် သေဆုံးခဲ့ကာ အမျိုးသမီးအား လားရှိုးသို့ သယ်ဆောင်လာစဉ် လမ်းခရီးတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အမျိုးသမီးက ကိုယ်ဝန်နဲ့လို့ သိရတယ်။ သေသွားတဲ့ ကလေးနှစ်ယောက်အပြင် အသက် ခြောက်နှစ် လောက်ရှိတဲ့ ကလေးမတစ်ဦးလည်းရှိတယ်။ သူက လွတ်သွားတယ်။ အကုန်သူ့သားသမီးတွေချည်းပဲ။ ဘာကြောင့် အဲဒီလိုလုပ်ရတယ်ဆိုတာတော့ မသိဘူး” ဟု နမ္မတူဒေသခံတစ်ဦးဖြစ်သည့် ကိုအောင်ဆန်းက ပြောသည်။

အဆိုပါ မိသားစုမှာ ပန်ဟိုက်ရပ်ကွက်(၂)၏ ဒေသခံများ မဟုတ်ဘဲ၊ အခန်းငှါးနကြေသူများဖြစ်ပြီး ယခုလက်ရှိ နေထိုင်သည့် အခန်းငှါးသို့ လာရောက်ရွှေ့ပြောင်းလာသည်မှာ ရက်ပိုင်းမျှသာရှိသည့် အတွက် လူသတ်သူမှာ မည်သည့် အကြောင်းကြောင့် သတ်သည်ကို မသိရှိရကြောင်း ပန်ဟိုက်(၂)ရက်ကွက်နေသူ အမျိုးသမီးတစ်ဦးထံက သိရသည်။

မိသားစုအား ဓားဖြင့်ထိုးသတ်သူ အမျိုးသားကို နမ္မတူမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~