တာခ်ီလိတ္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေပၚ ေက်ာက္သဲေျမသယ္ကားမ်ား အဖံုးအုပ္ေမာင္းႏွင္ျခင္းမရွိ၍ လမ္းမေပၚသို႔ ေက်ာက္သဲေျမမ်ား က်က်န္မႈမ်ား မၾကာခဏျဖစ္

တာခ်ီလိတ္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေပၚ ေက်ာက္သဲေျမသယ္ကားမ်ား အဖံုးအုပ္ေမာင္းႏွင္ျခင္းမရွိ၍ လမ္းမေပၚသို႔ ေက်ာက္သဲေျမမ်ား က်က်န္မႈမ်ား မၾကာခဏျဖစ္
မတ် 23, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕  ဆန္ဆိုင္း(က)ရပ္ကြက္၊ ပံုလို႔လမ္းဆံုအနီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေပၚတြင္ ေက်ာက္ေသးသယ္ယာဥ္တစ္စီးေပၚမွ က်က်န္ရစ္ခဲ့သည့္ ေက်ာက္ေသးမ်ားအား တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ သန္႔ရွင္းေရး၀န္ထမ္းမ်ားက ရွင္းလင္းေနရေၾကာင္း သိရသည္။

အဆိုပါ ေက်ာက္မ်ားသည့္ ၂၀၁၈ခုႏွစ္ မတ္လ(၂၃)ရက္ေန႔ နံနက္ပိုင္း(၁၁)နာရီ၀န္းက်င္က က်က်န္ရစ္ခဲ့ျခင္း ျဖစ္ၿပီး တာခ်ီလိတ္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေပၚ ယခုလိုပင္ ေျမသယ္ကားမ်ား၊ သဲသယ္ကားမ်ား ႏွင့္ ေက်ာက္သယ္ကားမ်ားမွာ စနစ္တက် အဖံုးမ်ားအုပ္၍ ေမာင္းနင္ျခင္း မရွိေၾကာင္းကိုလည္း ေဒသခံမ်ားက ေျပာဆိုေနၾကသည္။

"ေျမသဲေက်ာက္ သယ္တဲ့ ကားေတြ အဖံုးအုပ္ၿပီး ေမာင္းတာ တခါတေလမွပဲ ေတြ႔တယ္။ အဲ့လိုကလည္း ရွားပါတယ္၊ မ်ားေသာအားျဖင့္က ဘာမွမအုပ္ပဲ သြားလာေနတာ။ အခုလိုပဲ လမ္းေပၚ က်က်ခဲ့တာေတြ။ ကားလမ္းေပၚမွာ ဖုန္ထတာမ်ဳိးေတြအထိ ႀကံဳခဲ့ဖူးတယ္။ တခါတေလ သူတို႔ က်က်န္ခဲ့တဲ့ ေက်ာက္ခဲေတြေၾကာင့္ ဆိုင္ကယ္စလစ္ျဖစ္သြားတာမ်ဳိးေတာင္ရွိခဲ့တယ္၊ အခုလိုမ်ဳိးေတြကို သက္ဆိုင္ရာမ်ား အေနနဲ႔ ေရွာင္တခင္ စစ္ေဆးမႈေတြ ျပဳလုပ္သင့္တယ္လို႔ ျမင္ပါတယ္"ဟု ဆန္ဆိုင္း(က)ရက္ကြက္ေန ဦးစိုင္းေအာင္ထြန္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေပၚ ေက်ာက္သဲေျမသယ္ကားမ်ားမွာ အဖံုးအုပ္ ေမာင္းႏွင္ျခင္း မရွိ၍ လမ္းမေပၚသို႔ ေက်ာက္သဲေျမမ်ား က်က်န္မႈမ်ား မၾကာခဏ ျဖစ္ေပၚေလ့ ရွိေသာ္လည္း သက္ဆိုင္ရာမ်ားမွ ၾကပ္မတ္မႈ အားနည္းေၾကာင္း ၎က ဆိုသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - နင္ေစ ရင္




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်းဆုံအနီး ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် ကျောက်သေးသယ်ယာဉ်တစ်စီးပေါ်မှ ကျကျန်ရစ်ခဲ့သည့် ကျောက်သေးများအား တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ သန့်ရှင်းရေးဝန်ထမ်းများက ရှင်းလင်းနေရကြောင်း သိရသည်။

အဆိုပါ ကျောက်များသည့် ၂၀၁၈ခုနှစ် မတ်လ(၂၃)ရက်နေ့ နံနက်ပိုင်း(၁၁)နာရီဝန်းကျင်က ကျကျန်ရစ်ခဲ့ခြင်း ဖြစ်ပြီး တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ် ယခုလိုပင် မြေသယ်ကားများ၊ သဲသယ်ကားများ နှင့် ကျောက်သယ်ကားများမှာ စနစ်တကျ အဖုံးများအုပ်၍ မောင်းနင်ခြင်း မရှိကြောင်းကိုလည်း ဒေသခံများက ပြောဆိုနကြေသည်။

"မြေသဲကျောက် သယ်တဲ့ ကားတွေ အဖုံးအုပ်ပြီး မောင်းတာ တခါတလေမှပဲ တွေ့တယ်။ အဲ့လိုကလည်း ရှားပါတယ်၊ များသောအားဖြင့်က ဘာမှမအုပ်ပဲ သွားလာနေတာ။ အခုလိုပဲ လမ်းပေါ် ကျကျခဲ့တာတွေ။ ကားလမ်းပေါ်မှာ ဖုန်ထတာမျိုးတွေအထိ ကြုံခဲ့ဖူးတယ်။ တခါတလေ သူတို့ ကျကျန်ခဲ့တဲ့ ကျောက်ခဲတွေကြောင့် ဆိုင်ကယ်စလစ်ဖြစ်သွားတာမျိုးတောင်ရှိခဲ့တယ်၊ အခုလိုမျိုးတွေကို သက်ဆိုင်ရာများ အနေနဲ့ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်သင့်တယ်လို့ မြင်ပါတယ်"ဟု ဆန်ဆိုင်း(က)ရက်ကွက်နေ ဦးစိုင်းအောင်ထွန်းက ပြောသည်။

တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ် ကျောက်သဲမြေသယ်ကားများမှာ အဖုံးအုပ် မောင်းနှင်ခြင်း မရှိ၍ လမ်းမပေါ်သို့ ကျောက်သဲမြေများ ကျကျန်မှုများ မကြာခဏ ဖြစ်ပေါ်လေ့ ရှိသော်လည်း သက်ဆိုင်ရာများမှ ကြပ်မတ်မှု အားနည်းကြောင်း၎င်းက ဆိုသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - နင်စေ ရင်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~