မိုင်းယုတံတားကို အသုံးပြုခွင့်ပေးလိုက်ပြီးနောက် ဒေသတွင်း ထွက်ကုန်များ တရုတ်တင်ပို့မှုများလာ

မိုင်းယုတံတားကို အသုံးပြုခွင့်ပေးလိုက်ပြီးနောက် ဒေသတွင်း ထွက်ကုန်များ တရုတ်တင်ပို့မှုများလာ
မတျ 2, 2018
By Tachileik News Agency



၎င်းတံတားကိုဖြတ်၍ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းယောင်းနှင့် မိုင်းယုဒေသများမှ ဒေသထွက်ကုန်များဖြစ်သည့် အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ ရာဘာ၊ လက်ဖက်၊ အုန်းသီး၊ ငှက်ပျော၊ ဟင်သီးဟင်းရွက်နှင့် သစ်သီး ဝလံများ၊ အခြားကုန်ကြမ်းပစ္စည်းများကို မိုင်းယုမြို့ တဖက်ကမ်းရှိ တရုတ်နိုင်ငံ ကျိန်းယဲန်းဒေသသို့ ပို့ဆောင်ပြီး တရုတ်ကုန်ပစ္စည်းများကို ပြန်လည်တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။






~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းရှိ မြန်မာ - တရုတ်နယ်စပ် မိုင်းယုမြို့တွင် မိုင်းယုတံတားအား ယာယီအသုံးပြုခွင့် ပေးလိုက်ပြီးနောက် ဒေသတွင်း ထွက်ကုန်တင်ပို့မှု များလာကြောင်း သိရသည်။

အဆိုပါ တံတားမှ တစ်ဆင့် မိုင်းယုမြို့မှ အထူးဒေသ(၄)ကို ဖြတ်သန်း၍ တရုတ်နိုင်ငံနှင့် ကုန်စည် ကူးသန်းမှုအား ကန့်သတ်ကုန်များမှလွဲ၍ ၂၀၁၇ ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့က စတင် ခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။

၎င်းတံတားကိုဖြတ်၍ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းယောင်းနှင့် မိုင်းယုဒေသများမှ ဒေသထွက်ကုန်များဖြစ်သည့် အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ ရာဘာ၊ လက်ဖက်၊ အုန်းသီး၊ ငှက်ပျော၊ ဟင်သီးဟင်းရွက်နှင့် သစ်သီး ဝလံများ၊ အခြားကုန်ကြမ်းပစ္စည်းများကို မိုင်းယုမြို့ တဖက်ကမ်းရှိ တရုတ်နိုင်ငံ ကျိန်းယဲန်းဒေသသို့ ပို့ဆောင်ပြီး တရုတ်ကုန်ပစ္စည်းများကို ပြန်လည်တင်သွင်းနခြေင်းဖြစ်ကြောင်း သိရသည်။

မိုင်းယုတံတားကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းတွင် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေ ကျပ် (၃၆၈၃) ဒဿမ (၂) သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - ကိုနိုင်(MYu)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~