မံစီၿမိဳ႕နယ္ မုိင္းေခါင္စစ္ေဘးေရွာင္စခန္းမွ ေပ်ာက္ဆံုးေနသူႏွစ္ဦး၏ ရုပ္အေလာင္းမ်ားတြင္ ေဖါက္ဝင္ဒဏ္ရာႏွင့္ ဦးေခါင္းပြင့္ထြက္ဒဏ္ရာမ်ား စစ္ေဆးေတြ႔ရိွ

မံစီၿမိဳ႕နယ္ မုိင္းေခါင္စစ္ေဘးေရွာင္စခန္းမွ ေပ်ာက္ဆံုးေနသူႏွစ္ဦး၏ ရုပ္အေလာင္းမ်ားတြင္ ေဖါက္ဝင္ဒဏ္ရာႏွင့္ ဦးေခါင္းပြင့္ထြက္ဒဏ္ရာမ်ား စစ္ေဆးေတြ႔ရိွ
မတ် 10, 2018
By Tachileik News Agency

ကခ်င္ျပည္နယ္ ဗန္းေမာ္ခရိုင္ မံစီၿမိဳ႕နယ္၊ မိုင္းေခါင္ေက်း႐ြာရိွ KBC စစ္ေရွာင္စခန္းမွ ေပ်ာက္ဆံုးေနသူ ႏွစ္ဦး၏ ရုပ္အေလာင္းမ်ား ျမဳပ္ႏွံထားသည္ကိုေတြ႔ရ၍ မတ္လ (၈)ရက္ေန႔က ျပန္ေဖၚခဲ့ရာ ၎တို႔တြင္ ဝဲပါးေဖာက္ဝင္ဒဏ္ရာ၊ ဦးေခါင္းေနာက္ဘက္ ပြင့္ထြက္ဒဏ္ရာမ်ား ေတြ႔ရိွရေၾကာင္း ျပည္ထဲေရးဌာနက သတင္းထုတ္ျပန္ထားသည္။

အဆိုပါ ရုပ္အေလာင္းမ်ားသည္ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၃၁)ရက္ေန႔တြင္ တပ္မေတာ္က ဖမ္းဆီးသြားခံရသူမ်ားျဖစ္သည့္ မိုင္းေခါင္ေက်းရြာ KBC စစ္ေဘးေရွာင္စခန္းမွ ဦးေဖာ္ဂန္းေယာ္ (ေဖၚကန္႔ေယာ္)ႏွင့္ မိုင္းေခါင္ ကတ္သလစ္စစ္ေဘးေရွာင္စခန္းမွ ဦးအင္ခြမ္ေနာ္ဆန္း (ခ) ေဒၚေဂ်ေနာ္ဆန္းတို႔ ျဖစ္ေၾကာင္း သိရၿပီး ရုပ္အေလာင္းမ်ား ျမဳပ္ႏွံထားသည့္ေနရာကို ၎တို႔၏ မိသားစုမ်ားက ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက အတည္ျပဳထားသည္။

ဦးေဖၚကန္႔ေယာ္ႏွင့္ အင္ခြမ္ေနာ္ဆန္းတို႔ႏွစ္ဦးမွာ မံစီၿမိဳ႕နယ္ ခပရာေက်း႐ြာေဟာင္း လယ္ကြင္းတြင္ လႊတ္ေက်ာင္းထားသည့္ ကြၽဲမ်ားအား ၾကည့္ရန္သြားရာမွ ျပန္လည္ေရာက္ရွိလာျခင္း မရွိေၾကာင္း လာေရာက္ အေၾကာင္းၾကားသျဖင့္ ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလ (၅) ရက္ေန႔ ေန႔လယ္ (၁)နာရီအခ်ိန္တြင္ မံစီၿမိဳ႕မရဲစခန္း၌ လူေပ်ာက္အမွတ္စဥ္(၁/၂၀၁၈)ျဖင့္ အမႈေရးဖြင့္စုံစမ္းခဲ့ျခင္းျဖစ္သည္ဟု ျပည္ထဲေရး၏ သတင္းထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။

ယင္းေနာက္ မတ္လ (၈) ရက္ေန႔ ေန႔လယ္ (၁၁)နာရီအခ်ိန္တြင္ ဦးေဖၚကန္႔ေယာ္၏ သားျဖစ္သူ ေဖၚကန္႔ေနာ္လီႏွင့္ ေက်း႐ြာ သူ/သား (၂၀) ဦးခန္႔က ခပရာေက်း႐ြာေဟာင္း ေျမာက္ဘက္(၂)မိုင္ခန္႔ လယ္ေတာအနီး ေတာစပ္၌ ေပ်ာက္ဆံုးေနသူႏွစ္ဦး၏ ရုပ္အေလာင္းမ်ားအား ျမႇဳပ္ႏွံထားသည္ကို ေတြ႕ရွိခဲ့ေၾကာင္း မံစီၿမိဳ႕မရဲစခန္းသို႔ မတ္လ (၉) ရက္ေန႔ တြင္ အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း ျပည္ထဲေရးသတင္းတြင္ ေဖၚျပထားသည္။

အဆိုပါအေလာင္းမ်ား ျမဳႇပ္ႏွံထားရာသို႔ မံစီၿမိဳ႕နယ္တရားသူႀကီး ဦးေဝလင္းထြန္း၊ မံစီၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္တို႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႕က သြားေရာက္တူးေဖာ္ စစ္ေဆးခဲ့ရာ လူေပ်ာက္ တိုင္ထားခံရသူႏွစ္ဦးျဖစ္သည္ကို စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

အေလာင္းမ်ားတြင္ ဝဲပါးေဖာက္ဝင္ဒဏ္ရာ၊ ဦးေခါင္းေနာက္ဘက္ ပြင့္ထြက္ ဒဏ္ရာမ်ားျဖင့္ ေတြ႕ရွိခဲ့သျဖင့္ မံစီၿမိဳ႕မရဲစခန္းတြင္ (ပ)၇/၂၀၁၈၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂(လူသတ္မႈ)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

အဆိုပါ စစ္ေဘးေရွာင္ႏွစ္ဦး ေပ်ာက္ဆံုးစဥ္က မန္စီၿမိဳ႕မ ရဲစခန္းတြင္ လူေပ်ာက္ တိုင္ၾကားထားျခင္း၊ ေျမာက္ပိုင္းတိုင္း တိုင္းမွဴးထံသို႕ အသနားခံတင္ျပျခင္း၊ ကခ်င္ျပည္နယ္ ၀န္ႀကီးခ်ဳပ္ထံသို႕ အသနား ခံတင္ျပျခင္းႏွင့္ မံစီၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခ်င္းေဖလင္းထံ အကူအညီ ေတာင္းခံထားျခင္းမ်ား ျပဳလုပ္ထားျခင္းျဖစ္ေၾကာင္း ကခ်င္အရပ္ဖက္အဖြဲ႕အစည္းမ်ားထံမွ သိရသည္။

သတင္း - ဇာႏွင္း
ဓါတ္ပံု - ျပည္ထဲေရး

 


~~~~~~~~⊰

❂ unicode ~~~~~~~~

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာရှိ KBC စစ်ရှောင်စခန်းမှ ပျောက်ဆုံးနေသူ နှစ်ဦး၏ ရုပ်အလောင်းများ မြုပ်နှံထားသည်ကိုတွေ့ရ၍ မတ်လ (၈)ရက်နေ့က ပြန်ဖော်ခဲ့ရာ၎င်းတို့တွင် ဝဲပါးဖောက်ဝင်ဒဏ်ရာ၊ ဦးခေါင်းနောက်ဘက် ပွင့်ထွက်ဒဏ်ရာများ တွေ့ရှိရကြောင်း ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ရုပ်အလောင်းများသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် တပ်မတော်က ဖမ်းဆီးသွားခံရသူများဖြစ်သည့် မိုင်းခေါင်ကျေးရွာ KBC စစ်ဘေးရှောင်စခန်းမှ ဦးဖော်ဂန်းယော် (ဖော်ကန့်ယော်)နှင့် မိုင်းခေါင် ကတ်သလစ်စစ်ဘေးရှောင်စခန်းမှ ဦးအင်ခွမ်နော်ဆန်း (ခ) ဒေါ်ဂျေနော်ဆန်းတို့ ဖြစ်ကြောင်း သိရပြီး ရုပ်အလောင်းများ မြုပ်နှံထားသည့်နေရာကို၎င်းတို့၏ မိသားစုများက ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း ဒေသခံများက အတည်ပြုထားသည်။

ဦးဖော်ကန့်ယော်နှင့် အင်ခွမ်နော်ဆန်းတို့နှစ်ဦးမှာ မံစီမြို့နယ် ခပရာကျေးရွာဟောင်း လယ်ကွင်းတွင် လွှတ်ကျောင်းထားသည့် ကျွဲများအား ကြည့်ရန်သွားရာမှ ပြန်လည်ရောက်ရှိလာခြင်း မရှိကြောင်း လာရောက် အကြောင်းကြားသဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့ နေ့လယ် (၁)နာရီအချိန်တွင် မံစီမြို့မရဲစခန်း၌ လူပျောက်အမှတ်စဉ်(၁/၂၀၁၈)ဖြင့် အမှုရေးဖွင့်စုံစမ်းခဲ့ခြင်းဖြစ်သည်ဟု ပြည်ထဲရေး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းနောက် မတ်လ (၈) ရက်နေ့ နေ့လယ် (၁၁)နာရီအချိန်တွင် ဦးဖော်ကန့်ယော်၏ သားဖြစ်သူ ဖော်ကန့်နော်လီနှင့် ကျေးရွာ သူ/သား (၂၀) ဦးခန့်က ခပရာကျေးရွာဟောင်း မြောက်ဘက်(၂)မိုင်ခန့် လယ်တောအနီး တောစပ်၌ ပျောက်ဆုံးနေသူနှစ်ဦး၏ ရုပ်အလောင်းများအား မြှုပ်နှံထားသည်ကို တွေ့ရှိခဲ့ကြောင်း မံစီမြို့မရဲစခန်းသို့ မတ်လ (၉) ရက်နေ့ တွင် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးသတင်းတွင် ဖော်ပြထားသည်။

အဆိုပါအလောင်းများ မြှုပ်နှံထားရာသို့ မံစီမြို့နယ်တရားသူကြီး ဦးဝေလင်းထွန်း၊ မံစီမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်တူးဖော် စစ်ဆေးခဲ့ရာ လူပျောက် တိုင်ထားခံရသူနှစ်ဦးဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

အလောင်းများတွင် ဝဲပါးဖောက်ဝင်ဒဏ်ရာ၊ ဦးခေါင်းနောက်ဘက် ပွင့်ထွက် ဒဏ်ရာများဖြင့် တွေ့ရှိခဲ့သဖြင့် မံစီမြို့မရဲစခန်းတွင် (ပ)၇/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်နှစ်ဦး ပျောက်ဆုံးစဉ်က မန်စီမြို့မ ရဲစခန်းတွင် လူပျောက် တိုင်ကြားထားခြင်း၊ မြောက်ပိုင်းတိုင်း တိုင်းမှူးထံသို့ အသနားခံတင်ပြခြင်း၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံသို့ အသနား ခံတင်ပြခြင်းနှင့် မံစီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးချင်းဖေလင်းထံ အကူအညီ တောင်းခံထားခြင်းများ ပြုလုပ်ထားခြင်းဖြစ်ကြောင်း ကချင်အရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။

သတင်း - ဇာနှင်း
ဓာတ်ပုံ - ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~