ထုိင္းႏုိင္ငံႏွင့္နယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းနုိင္ငံတြင္း တရားမဝင္ ျမန္မာေရႊ႕ေျပာင္းလုပ္သား (၈)ဦးကို မတ္လ (၆)ရက္ေန႔က လာေရာက္လႊဲေျပာင္းေပးေၾကာင္း သိရသည္။
ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားက ျမန္မာေရႊ႕ေျပာင္းလုပ္သား အမ်ိဳးသား (၈)ဦးအား လာေရာက္လႊဲေျပာင္း ေပးျခင္းျဖစ္ၿပီး ျမန္မာႏုိင္ငံဖက္မွ တာ၀န္ရွိသူမ်ားက စိစစ္ကာ လက္ခံခဲ့ၾကေၾကာင္း သိရသည္။
အဆိုပါ ျမန္မာႏိုင္ငံသား လုပ္သားမ်ားမွာ ထုိင္းႏုိင္ငံတြင္ သက္တမ္းေက်ာ္လြန္ေနထိုင္ျခင္း၊ အေထာက္အထား မရိွဘဲ ေနထုိင္ျခင္းတို႔ေၾကာင့္ ထုိင္းနိုင္ငံမွ ျမန္မာႏုိင္ငံသို႔ ျပန္လည္ ေစလႊတ္ေပးသူမ်ားျဖစ္ၿပီး မိမိတို႔ဆႏၵသေဘာအေလ်ာက္ ျပန္လာသူမ်ား မဟုတ္ေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံမွ လႊဲေျပာင္းေပးလာသည့္ တရားမ၀င္ ျမန္မာ ေရႊ႕ေျပာင္းအလုပ္သမား ဦးေရမွာ ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီ(၁)ရက္ေန႔မွ မတ္လ( ၆) ရက္ေန႔အထိ အမ်ိဳးသား( ၈၀) ဦးႏွင့္ အမ်ိဳးသမီး( ၂၂ )ဦး စုစုေပါင္း( ၁၀၂ ) ဦး ရိွၿပီျဖစ္ေၾကာင္း သိရသည္။
ဓါတ္ပံု - ၿမိဳ႕နယ္ေထြ/အုပ္
ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား (၈)ဦးအား လာရောက်လွှဲပြောင်း ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံဖက်မှ တာဝန်ရှိသူများက စိစစ်ကာ လက်ခံခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသား လုပ်သားများမှာ ထိုင်းနိုင်ငံတွင် သက်တမ်းကျော်လွန်နေထိုင်ခြင်း၊ အထောက်အထား မရှိဘဲ နေထိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် စေလွှတ်ပေးသူများဖြစ်ပြီး မိမိတို့ဆန္ဒသဘောအလျောက် ပြန်လာသူများ မဟုတ်ကြောင်း သိရသည်။
တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် တရားမဝင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ဦးရေမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ(၁)ရက်နေ့မှ မတ်လ( ၆) ရက်နေ့အထိ အမျိုးသား( ၈၀) ဦးနှင့် အမျိုးသမီး( ၂၂ )ဦး စုစုပေါင်း( ၁၀၂ ) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - မြို့နယ်ထွေ/အုပ်