လားရိႈးခရိုင္အတြင္း ဆယ္တန္းစာေမးပြဲ ေျဖဆိုစဥ္ ကာလတစ္ေလွ်ာက္ လွ်ပ္စစ္မီးျပတ္ေတာက္မႈ မရိွေစရန္ ဓါတ္အားခြဲရံုးတြင္ ဝန္ထမ္းအင္အားႏွစ္ဆတိုးၿပီး အရန္ မီးစက္မ်ားထားရိွေဆာင္ရြက္ေန

လားရိႈးခရိုင္အတြင္း ဆယ္တန္းစာေမးပြဲ ေျဖဆိုစဥ္ ကာလတစ္ေလွ်ာက္ လွ်ပ္စစ္မီးျပတ္ေတာက္မႈ မရိွေစရန္ ဓါတ္အားခြဲရံုးတြင္ ဝန္ထမ္းအင္အားႏွစ္ဆတိုးၿပီး အရန္ မီးစက္မ်ားထားရိွေဆာင္ရြက္ေန
မတ် 8, 2018
By Tachileik News Agency

တကၠသိုလ္ဝင္တန္းစာေမးပြဲေျဖဆိုေနသည့္ ကာလအတြင္း လွ်ပ္စစ္မီးျပတ္ေတာက္ျခင္း မရိွေစေရးအတြက္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးခရိုင္ဓါတ္အားခြဲရံုတြင္ ပံုမွန္ ဝန္ထမ္းအင္အားထက္ ႏွစ္ဆတိုးျမႇင့္ၿပီး အေရးေပၚ အတြက္ မီးစက္မ်ားျဖင့္လည္း ေဆာင္ရြက္ေနေၾကာင္း လားရိႈးခရိုင္ လ်ွပ္စစ္အင္ဂ်င္နီယာဌာန တာဝန္ရိွသူထံမွ သိရသည္။

“စာေမးပြဲေျဖၿပီးတဲ့ အခ်ိန္ တစ္ရက္တိုင္းမွာ လားရိႈးၿမိဳ႕နယ္တစ္ခုလံုးမွာရွိတဲ့ ဓါတ္အားျပတ္ေတာက္တဲ့ ေနရာ ဧရိယာရွိ မရွိကို ၿမိဳ႕နယ္၊ ခရိုင္၊ ျပည္နယ္ နဲ႔ ျပည္ေထာင္စု ေနျပည္ေတာ္ရံုးခ်ဳပ္အထိ ေန႔စဥ္ သတင္းပို႔ၿပီး စီမံခ်က္နဲ႔ေဆာင္ရြက္တာ ျဖစ္ပါတယ္။ ဓါတ္အားလိုင္းေၾကာင့္ မဟုတ္ဘဲ ဓါတ္တိုင္ကို ကားဝင္တိုက္တာမ်ိဳး ရုတ္တရက္ ဓါတ္အားျပတ္ေတာက္မႈ ျဖစ္လာရင္လည္း ခ်က္ခ်င္း ျပဳျပင္ ေဆာင္ရြက္ေပးႏိုင္ေအာင္ ကၽြမ္းက်င္ ဝန္ထမ္းေတြကို အဆင္သင့္အေနနဲ႔ ရွိထားေပးပါတယ္” ဟု လားရႈိးခရိုင္ လွ်ပ္စစ္အင္ဂ်င္နီယာရံုးမွ ခရိုင္လွ်ပ္စစ္အင္ဂ်င္နီယာဦးစီးအရာရွိ ဦးမ်ိဳးကိုကိုေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တကၠသိုလ္ဝင္တန္းစာေမးပြဲ ေျဖဆိုေနစဥ္ကာလအတြင္း ဓါတ္အားျဖန္႔ျဖဴးမႈအေျခအေနကို ညေန (၅) နာရီတစ္ႀကိမ္ႏွင့္ ည (၉) နာရီတြင္တစ္ႀကိမ္စီ ျပည္နယ္လွ်ပ္စစ္အင္ဂ်င္နီယာဌာနသို႔ သတင္းပို႔ ေဆာင္ရြက္ရသည့္ စနစ္ျဖင့္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“ရုတ္တရက္အေရးေပၚ ဓါတ္အားျဖန္႔ခ်ိေရးစနစ္ တစ္ခုခုခ်ိဳ႕ယြင္းသြားလို႔ ဓါတ္အားေလွ်ာ့တာမ်ိဳး လုပ္ရမယ္ ဆိုရင္ စာေျဖကေလးေတြ လံုးဝနည္းပါးတဲ့ ေနရာေတြကို ေရြးခ်ယ္ၿပီးေတာ့ ဓါတ္အားေလ်ွာ့တာမ်ိဳး လုပ္ရမယ္ဆိုတာကို ျပည္ေထာင္စုအဆင့္ထိ ႀကိဳတင္တင္ျပထားရပါတယ္။ အဓိကကေတာ့ စာစစ္စင္တာမရွိတဲ့ ေနရာေတြ ေက်ာင္းသူ/သား မရွိနည္းပါးတဲ့ေနရာေတြ /ရြာေတြကို ဓါတ္အားေလ်ွာ့တာမ်ိဳး လုပ္ရမွာေပါ့ ” ဟု ခရိုင္လ်ွပ္စစ္ အင္ဂ်င္နီယာဦးစီးအရာရွိက ေျပာသည္။

ဓါတ္အားစနစ္ ရုတ္တရက္ခ်ိဳ႕ယြင္းမႈျဖစ္ပြားပါက ေဒသအစြန္အဖ်ားက်ၿပီး ေက်ာင္းသူ/သား မရွိသည့္ တာမိုးညဲ ႏွင့္ ေကာင္းခါး ကဲ့သို႔ၿမိဳ႕မ်ားႏွင့္ လားရိႈးၿမိဳ႕နယ္အတြင္း လုပ္ငန္းငယ္မ်ားရိွရာတို႔တြင္ ဓါတ္အားေလ်ွာ့ျခင္း လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။

“အဓိကက နယ္ကေနလာၿပီးေတာ့မွ စုၿပီး စာစစ္လာေျဖေနတဲ့ လားရိႈးက ေနရာ (၅) ခုမွာ ဟြန္ဒါလက္စြဲ မီးစက္ေလးေတြရယ္၊ ခရိုင္လွ်ပ္စစ္အင္ဂ်င္နီယာရံုးမွာရွိတဲ့ အရံမီးစက္ေတြရယ္ကို ခ်ထားမယ္။ ေနရာေတြ အားလံုးမွာ ရံုးက ဝန္ထမ္းႏွစ္ေယာက္စီကို ေနရာတစ္ခုစီမွာ တာဝန္ေပးထားၿပီးေတာ့ ရုတ္တရက္ လွ်ပ္စစ္မီးျပတ္ေတာက္တဲ့အခါ ခ်က္ခ်င္းလွ်ပ္စစ္ဓါတ္အားျဖန္႔ေပးႏိုင္ေအာင္ လုပ္ထားတယ္” ဟု လားရႈိးခရိုင္ လွ်ပ္စစ္အင္ဂ်င္နီယာရံုးမွ ခရိုင္လွ်ပ္စစ္အင္ဂ်င္နီယာဦးစီးအရာရွိ ဦးမ်ိဳးကိုကိုေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စာေမးပြဲေျဖဆိုေနစဥ္ ကာလအတြင္း ညေန (၅) နာရီမွ ည (၈) နာရီ၊ မနက္ (၅) နာရီမွ မနက္ (၈) နာရီအထိ ကုန္ထုတ္လုပ္ငန္းမ်ားတြင္ ဓါတ္အားေလ်ွာ့အသံုးျပဳရန္ညႊန္ၾကားထားၿပီး လိုက္နာမႈရွိမရွိကို ေန႔စဥ္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့် ကာလအတွင်း လျှပ်စစ်မီးပြတ်တောက်ခြင်း မရှိစေရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်ဓာတ်အားခွဲရုံတွင် ပုံမှန် ဝန်ထမ်းအင်အားထက် နှစ်ဆတိုးမြှင့်ပြီး အရေးပေါ် အတွက် မီးစက်များဖြင့်လည်း ဆောင်ရွက်နေကြောင်း လားရှိုးခရိုင် လျှပ်စစ်အင်ဂျင်နီယာဌာန တာဝန်ရှိသူထံမှ သိရသည်။

“စာမေးပွဲဖြပြေီးတဲ့ အချိန် တစ်ရက်တိုင်းမှာ လားရှိုးမြို့နယ်တစ်ခုလုံးမှာရှိတဲ့ ဓာတ်အားပြတ်တောက်တဲ့ နေရာ ဧရိယာရှိ မရှိကို မြို့နယ်၊ ခရိုင်၊ ပြည်နယ် နဲ့ ပြည်ထောင်စု နပြေည်တော်ရုံးချုပ်အထိ နေ့စဉ် သတင်းပို့ပြီး စီမံချက်နဲ့ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဓာတ်အားလိုင်းကြောင့် မဟုတ်ဘဲ ဓာတ်တိုင်ကို ကားဝင်တိုက်တာမျိုး ရုတ်တရက် ဓာတ်အားပြတ်တောက်မှု ဖြစ်လာရင်လည်း ချက်ချင်း ပြုပြင် ဆောင်ရွက်ပေးနိုင်အောင် ကျွမ်းကျင် ဝန်ထမ်းတွေကို အဆင်သင့်အနေနဲ့ ရှိထားပေးပါတယ်” ဟု လားရှိုးခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ခရိုင်လျှပ်စစ်အင်ဂျင်နီယာဦးစီးအရာရှိ ဦးမျိုးကိုကိုကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း ဓာတ်အားဖြန့်ဖြူးမှုအခြေအနေကို ညနေ (၅) နာရီတစ်ကြိမ်နှင့် ည (၉) နာရီတွင်တစ်ကြိမ်စီ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာဌာနသို့ သတင်းပို့ ဆောင်ရွက်ရသည့် စနစ်ဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။

“ရုတ်တရက်အရေးပေါ် ဓာတ်အားဖြန့်ချိရေးစနစ် တစ်ခုခုချို့ယွင်းသွားလို့ ဓာတ်အားလျှော့တာမျိုး လုပ်ရမယ် ဆိုရင် စာဖြေကလေးတွေ လုံးဝနည်းပါးတဲ့ နေရာတွေကို ရွေးချယ်ပြီးတော့ ဓာတ်အားလျှော့တာမျိုး လုပ်ရမယ်ဆိုတာကို ပြည်ထောင်စုအဆင့်ထိ ကြိုတင်တင်ပြထားရပါတယ်။ အဓိကကတော့ စာစစ်စင်တာမရှိတဲ့ နေရာတွေ ကျောင်းသူ/သား မရှိနည်းပါးတဲ့နေရာတွေ /ရွာတွေကို ဓာတ်အားလျှော့တာမျိုး လုပ်ရမှာပေါ့ ” ဟု ခရိုင်လျှပ်စစ် အင်ဂျင်နီယာဦးစီးအရာရှိက ပြောသည်။

ဓာတ်အားစနစ် ရုတ်တရက်ချို့ယွင်းမှုဖြစ်ပွားပါက ဒေသအစွန်အဖျားကျပြီး ကျောင်းသူ/သား မရှိသည့် တာမိုးညဲ နှင့် ကောင်းခါး ကဲ့သို့မြို့များနှင့် လားရှိုးမြို့နယ်အတွင်း လုပ်ငန်းငယ်များရှိရာတို့တွင် ဓာတ်အားလျှော့ခြင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

“အဓိကက နယ်ကနေလာပြီးတော့မှ စုပြီး စာစစ်လာဖြေနေတဲ့ လားရှိုးက နေရာ (၅) ခုမှာ ဟွန်ဒါလက်စွဲ မီးစက်လေးတွေရယ်၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးမှာရှိတဲ့ အရံမီးစက်တွေရယ်ကို ချထားမယ်။ နေရာတွေ အားလုံးမှာ ရုံးက ဝန်ထမ်းနှစ်ယောက်စီကို နေရာတစ်ခုစီမှာ တာဝန်ပေးထားပြီးတော့ ရုတ်တရက် လျှပ်စစ်မီးပြတ်တောက်တဲ့အခါ ချက်ချင်းလျှပ်စစ်ဓာတ်အားဖြန့်ပေးနိုင်အောင် လုပ်ထားတယ်” ဟု လားရှိုးခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ခရိုင်လျှပ်စစ်အင်ဂျင်နီယာဦးစီးအရာရှိ ဦးမျိုးကိုကိုကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း ညနေ (၅) နာရီမှ ည (၈) နာရီ၊ မနက် (၅) နာရီမှ မနက် (၈) နာရီအထိ ကုန်ထုတ်လုပ်ငန်းများတွင် ဓာတ်အားလျှော့အသုံးပြုရန်ညွှန်ကြားထားပြီး လိုက်နာမှုရှိမရှိကို နေ့စဉ်စစ်ဆေးနေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~