ႏြားတင္လာသည့္ ကားအား ေသနတ္ျဖင့္ ပစ္ခံရ၍ ႏွစ္ဦးေသ၊ တစ္ဦးဒဏ္ရာရ

ႏြားတင္လာသည့္ ကားအား ေသနတ္ျဖင့္ ပစ္ခံရ၍ ႏွစ္ဦးေသ၊ တစ္ဦးဒဏ္ရာရ
မတ် 10, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ ပင္တိန္ေက်းရြာအုပ္စု လြယ္လန္းေက်းရြာလမ္းခြဲအနီးတြင္ မတ္လ (၁၀) ရက္ေန႔ နံနက္ပိုင္းက ႏြားမ်ားတင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္အား ေသနတ္ျဖင့္ ပစ္သျဖင့္ ႏွစ္ဦးေသဆံုးၿပီး တစ္ဦးဒဏ္ရာရသြားေၾကာင္း ေက်ာက္မဲၿမိဳ႕နယ္ ရဲတပ္ဖြဲ႕က အတည္ျပဳေျပာၾကားသည္။

အခင္းျဖစ္ေနရာအား ရဲတပ္ဖြဲ႕က စစ္ေဆးထားၿပီး ေသဆံုးသြားသူမ်ားႏွင့္ ဒဏ္ရာရသူတို႔အား ကမ္းလင့္လက္မ်ား လူမႈကူညီေရးအသင္း(ေအာင္ဓမၼာရံု)အဖြဲ႕၏ အကူအညီျဖင့္ ေက်ာက္မဲျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ကို လွမ္းအေၾကာင္းၾကားလာတဲ့အတြက္ ေသဆံုးသူႏွစ္ဦးနဲ႔ဒဏ္ရာရသူ တစ္ဦးကို ေက်ာက္မဲ ျပည္သူ႔ေဆးရံုကိုပို႔ေဆာင္ေပးထားပါတယ္။ အဲဒီအခ်ိန္မွာ ႏြားတင္ထားတဲ့ကားက တစ္စီးပဲေတြ႔ေတာ့တယ္။ ဒဏ္ရာရတဲ့တစ္ေယာက္ေျပာတာကေတာ့ စုစုေပါင္း (၅) စီးစုၿပီး လာၾကတယ္လို႔ေျပာတယ္” ဟု ကမ္းလင့္လက္မ်ား လူမႈကူညီေရးအသင္း (ေအာင္ဓမၼာရံု ) ေနာင္ပိန္မွ ဦးစိုင္းတင္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မတ္လ (၁၀) ရက္ေန႔ နံနက္ (၁၀) နာရီခန္႔တြင္  ေမာ္ေတာ္ယာဥ္အား ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦးႏွင့္ နံေဘးတြင္လိုက္ပါလာသည့္ ၄င္း၏ဇနီးျဖစ္သူမွာ ေသဆံုးသြားၿပီး သမီးျဖစ္သူမွာ ေနာက္ေက်ာတြင္ က်ည္ဆံရွပ္မွန္ဒဏ္ရာရရွိသြားျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒဏ္ရာက အသက္အႏၱရာယ္မစိုးရိမ္ရပါဘူး။ အခုေတာ့ ဓါတ္မွန္ရိုက္တာေတြဘာေတြလုပ္ၿပီး စစ္ေဆးေနတုန္းပဲ ရွိပါေသးတယ္” ဟု ေက်ာက္မဲျပည္သူ႔ေဆးရံုႀကီးမွ ဝန္ထမ္းတစ္ဦးထံမွ သိရသည္။
အဆိုပါေနရာအနီးတြင္ ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလအတြင္းကလည္း ႏြားမ်ားတင္ေဆာင္လာသည့္ ကားငါးစီးအား ေသနတ္ျဖင့္ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသား သံုးဦးဒဏ္ရာရရိွခဲ့ျခင္းျဖစ္သည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ရဲတပ္ဖြဲ႕



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာအုပ်စု လွယ်လန်းကျေးရွာလမ်းခွဲအနီးတွင် မတ်လ (၁၀) ရက်နေ့ နံနက်ပိုင်းက နွားများတင်ဆောင်လာသည့် မော်တော်ယာဉ်အား သေနတ်ဖြင့် ပစ်သဖြင့် နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားကြောင်း ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။

အခင်းဖြစ်နေရာအား ရဲတပ်ဖွဲ့က စစ်ဆေးထားပြီး သေဆုံးသွားသူများနှင့် ဒဏ်ရာရသူတို့အား ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း(အောင်ဓမ္မာရုံ)အဖွဲ့၏ အကူအညီဖြင့် ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ကို လှမ်းအကြောင်းကြားလာတဲ့အတွက် သေဆုံးသူနှစ်ဦးနဲ့ဒဏ်ရာရသူ တစ်ဦးကို ကျောက်မဲ ပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးထားပါတယ်။ အဲဒီအချိန်မှာ နွားတင်ထားတဲ့ကားက တစ်စီးပဲတွေ့တော့တယ်။ ဒဏ်ရာရတဲ့တစ်ယောက်ပြောတာကတော့ စုစုပေါင်း (၅) စီးစုပြီး လာကြတယ်လို့ပြောတယ်” ဟု ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း (အောင်ဓမ္မာရုံ ) နောင်ပိန်မှ ဦးစိုင်းတင်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မတ်လ (၁၀) ရက်နေ့ နံနက် (၁၀) နာရီခန့်တွင် မော်တော်ယာဉ်အား သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ယာဉ်မောင်းအမျိုးသားတစ်ဦးနှင့် နံဘေးတွင်လိုက်ပါလာသည့် ၄င်း၏ဇနီးဖြစ်သူမှာ သေဆုံးသွားပြီး သမီးဖြစ်သူမှာ နောက်ကျောတွင် ကျည်ဆံရှပ်မှန်ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဒဏ်ရာက အသက်အန္တရာယ်မစိုးရိမ်ရပါဘူး။ အခုတော့ ဓာတ်မှန်ရိုက်တာတွေဘာတွေလုပ်ပြီး စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်” ဟု ကျောက်မဲပြည်သူ့ဆေးရုံကြီးမှ ဝန်ထမ်းတစ်ဦးထံမှ သိရသည်။
အဆိုပါနေရာအနီးတွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း နွားများတင်ဆောင်လာသည့် ကားငါးစီးအား သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသား သုံးဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~