ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်များတွင် မီးလိုင်းများ စစ်ဆေးခြင်း၊ မီးကြိုးနှင့် မလွတ်ကင်း သည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းမှုများ ဆောင်ရွက်သွားမည် ဖြစ်သောကြောင့် မီးလိုင်းများ ယာယီဖြတ်တောက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - #ဆန်းဖြိုးထွန်း
ဒီးမော့ဆိုနှင့် ဖရူဆိုရှိ ၃၃ ကေဗွီ ဓာတ်အားလိုင်းအား ပိတ်၍ အဆိုပါ လုပ်ငန်းများ လုပ်ဆောင်မည် ဖြစ်သောကြောင့် ဖေဖော်ဝါရီလ (၂၄)ရက်နေ့ နံနက် (၁၀)နာရီမှ နေ့လယ် (၁၂)နာရီအတွင်း လျှပ်စစ်မီး ဖြတ်တောက်သွားမည် ဖြစ်ကြောင်း ကယားပြည်နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက အသိပေးကြေညာထားသည်။
၂၀၁၈ ခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲအတွင်း မီးပြတ်တောက်မှု မရှိစေရန်အတွက် ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - #ဆန်းဖြိုးထွန်း