တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္အား ထုိင္းဘုရင္မင္းျမတ္က ျမင့္ျမတ္ေသာ ဆင္ျဖဴေတာ္ဝင္သူရဲေကာင္းဘြဲ႕တံဆိပ္(ပထမအဆင့္) ခ်ီးျမႇင့္ေၾကာင္း သိရသည္။
ထုိင္းဘုရင္မင္းျမတ္က ေပးအပ္ခ်ီးျမႇင့္သည့္ ျမင့္ျမတ္ေသာ ဆင္ျဖဴေတာ္၀င္သူရဲေကာင္းဘြဲ႕တံဆိပ္(ပထမအဆင့္) ''The Knight Grand Cross (First Class) of the Most Exalted Order of the White Elephant'' အပ္ႏွင္းျခင္းအခမ္းအနားအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္မွ ေဖေဖၚဝါရီလ (၁၆)ရက္ေန႔တြင္ ထုိင္းႏုိင္ငံခရီးစဥ္အတြင္း တက္ေရာက္ လက္ခံ ရယူေၾကာင္း သိရသည္။
ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan ၏ ဖိတ္ၾကားခ်က္အရ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ထုိင္းႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးႏွင့္ ထိုင္းဘုရင္မင္းျမတ္က ေပးအပ္ခ်ီးျမႇင့္သည့္ “The Knight Grand Cross(First Class) of the Most Exalted Order of the White Elephant” တို႔အား လက္ခံရယူရန္ ေဖေဖၚဝါရီလ (၁၅)ရက္ေန႔တြင္ ထုိင္းႏုိင္ငံသို႔ ထြက္ခြာသြားျခင္းျဖစ္သည္။
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕တြင္ အဖြဲ႕၀င္မ်ားအျဖစ္ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးတုိ႔ အဖြဲ႕၀င္အျဖစ္ လုိက္ပါသြားၾကေၾကာင္း သိရသည္။
ဓါတ္ပံု - တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး
ထိုင်းဘုရင်မင်းမြတ်က ပေးအပ်ချီးမြှင့်သည့် မြင့်မြတ်သော ဆင်ဖြူတော်ဝင်သူရဲကောင်းဘွဲ့တံဆိပ်(ပထမအဆင့်) ''The Knight Grand Cross (First Class) of the Most Exalted Order of the White Elephant'' အပ်နှင်းခြင်းအခမ်းအနားအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်မှ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ထိုင်းနိုင်ငံခရီးစဉ်အတွင်း တက်ရောက် လက်ခံ ရယူကြောင်း သိရသည်။
ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးနှင့် ထိုင်းဘုရင်မင်းမြတ်က ပေးအပ်ချီးမြှင့်သည့် “The Knight Grand Cross(First Class) of the Most Exalted Order of the White Elephant” တို့အား လက်ခံရယူရန် ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခြင်းဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြကြောင်း သိရသည်။
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး