ေခ်ာက္ၿမိဳ႕ (၇)ရပ္ကြက္ရွိ သမအသင္းပိုင္ ဆန္ဂိုေထာင္ပ်က္ ႏွစ္လုံးၾကား၌ သက္နိုင္ဝင္း(ခ)ေရႊအဆိုသူအား တစ္ကိုယ္လုံး မီးေလာင္ကၽြမ္းေသဆုံးေနသည္ကို ေတြ႔ရၿပီး ၎၏ဝဲဘက္ ေျခေထာက္အနီး မီးေလာင္ကၽြမ္းထားသည့္ ဓာတ္ဆီနံ႔ရသည့္ ေရသန္႔ဗူးခြံအပိုင္းႏွင့္ ဂက္စ္မီးျခစ္ တစ္လုံးတို႔အား ေတြ႕ရွိထားေၾကာင္း သိရသည္။
ေသဆံုးသူသည္ အရက္ၾကာရွည္စြာေသာက္စားမႈေၾကာင့္ ယခင္ ရက္မ်ားက စိတ္လြတ္ၿပီး ဧရာဝတီျမစ္အတြင္းသို႔ ခုန္ခ်ျခင္း၊ အိမ္ေပၚမွ ခုန္ခ်ျခင္းမ်ား ျပဳလုပ္ခဲ့ဖူးသူျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က စံုစမ္းသိရိွရသည္ဟု သိရသည္။
အေလာင္းအား ေခ်ာက္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔အပ္စစ္ေဆးေနၿပီး ေခ်ာက္ၿမိဳ႕မ ရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ (၂/၂၀၁၈)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။
သတင္း #စိုင္းေဇယ်ာ
**************
မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ (၃)ရက်နေ့က မိမိကိုယ်ကို ဓါတ်ဆီလောင်းမီးရှို့သည်ဟု ယူဆရသည့်အမျိုးသားအလောင်းကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
ချောက်မြို့ (၇)ရပ်ကွက်ရှိ သမအသင်းပိုင် ဆန်ဂိုထောင်ပျက် နှစ်လုံးကြား၌ သက်နိုင်ဝင်း(ခ)ရွှေအဆိုသူအား တစ်ကိုယ်လုံး မီးလောင်ကျွမ်းသေဆုံးနေသည်ကို တွေ့ရပြီး ၎င်း၏ဝဲဘက် ခြေထောက်အနီး မီးလောင်ကျွမ်းထားသည့် ဓာတ်ဆီနံ့ရသည့် ရေသန့်ဗူးခွံအပိုင်းနှင့် ဂက်စ်မီးခြစ် တစ်လုံးတို့အား တွေ့ရှိထားကြောင်း သိရသည်။
သေဆုံးသူသည် အရက်ကြာရှည်စွာသောက်စားမှုကြောင့် ယခင် ရက်များက စိတ်လွတ်ပြီး ဧရာဝတီမြစ်အတွင်းသို့ ခုန်ချခြင်း၊ အိမ်ပေါ်မှ ခုန်ချခြင်းများ ပြုလုပ်ခဲ့ဖူးသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က စုံစမ်းသိရှိရသည်ဟု သိရသည်။
အလောင်းအား ချောက်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်စစ်ဆေးနေပြီး ချောက်မြို့မ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၂/၂၀၁၈)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
သတင်း #စိုင်းဇေယျာ