
ဇနျနဝါရီ 15, 2018
By 🌸



သတင်း #နန်းဟွမ်ခမ်း

~~~~~~~~⊰❂ unicode ~~~~~~~~
သိန္နီမြို့နယ် နမ့်စလီးရွာတွင် ဘိန်းဆီခဲ၊ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
*********
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ နမ့်စလီးကျေးရွာ (တရုတ်ရွာ)မှ နေအိမ်တစ်လုံးတွင် ဇန်နဝါရီလ (၁၃)ရက်နေ့တွင် ဘိန်းဆီခဲ၊ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စယ်အူကျေးရွာအုပ်စု၊ နမ့်စလီးကျေးရွာ (တရုတ်ရွာ)မှ ဝမ်ချောက်ကွေး၏ နေအိမ်ကိုရှာဖွေရာ ဘိန်းဖြူ (၁၀၇) ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၅,၀၀၀)နှင့် ဘိန်းဆီခဲ (၃၀၀) ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ဝမ်ချောက်ကွေးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~