ျပင္ဦးလြင္ - မိုးကုတ္လမ္းတြင္ မိုင္းစထိမွန္သည့္ကားမွ ခရီးသည္ႏွစ္ဦး မိုးကုတ္ျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူေန

ျပင္ဦးလြင္ - မိုးကုတ္လမ္းတြင္ မိုင္းစထိမွန္သည့္ကားမွ ခရီးသည္ႏွစ္ဦး မိုးကုတ္ျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူေန
ဇန်နဝါရီ 15, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္း ျပင္ဦးလြင္ - မုိးကုတ္ကားလမ္းတြင္ ဇန္နဝါရီလ (၁၄)ရက္ေန႔က ကားလမ္းေဘးမွ မုိင္းေပါက္ကြဲ၍ ခရီးသည္တင္ယာဥ္အား ထိမွန္ရာမွ ဒဏ္ရာရသြားသည့္ ခရီးသည္ (၃)ဦးအနက္ ေက်ာင္းဆရာမႏွစ္ဦးမွာ မိုးကုတ္ျပည္သူ႔ေဆးရံုတြင္ ေဆးကုသမႈခံယူေနေၾကာင္း သိရသည္။

ျပင္ဦးလြင္ - မိုးကုတ္လမ္း မိုင္တိုင္(၂၉/၇-၈)ၾကား ဟိုခို ေက်းရြာ ႏွင့္ ဒိုးပင္ေက်းရြာၾကားတြင္ ဇန္နဝါရီလ (၁၄)ရက္ေန႔ ေန႔လယ္ (၂)နာရီဝန္းက်င္က လား႐ႈိးမွ မိုးမိတ္သို႔ စုစုေပါင္း လူဦးေရ(၁၀)ဦးလုိက္ပါလာသည့္ စိန္နန္းစိုးခရီးသည္ယာဥ္တစ္စီး ျဖတ္သန္းေမာင္းႏွင္စဥ္ လမ္း၏ ယာဘက္ေဘး ၅ ေပခန္႔အကြာ၌ မိုင္းတစ္လံုးေပါက္ကြဲသျဖင့္  ယာဥ္၏ ယာဘက္ျခမ္းအား မိုင္းစမ်ားထိမွန္ခဲ့ၿပီး ယာဥ္ကိုယ္ထည္ႏွင့္ ေဘးမွန္မ်ားပ်က္စီးခဲ့ကာ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးႏွစ္ဦးတို႔ ထိခုိက္ဒဏ္ရာရသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ဒဏ္ရာရသည့္အမ်ိဳးသားမွာ ပြန္းပဲ့ဒဏ္ရာသာျဖစ္သျဖင့္ ဒိုးပင္ေက်းရြာ ေက်းလက္က်န္းမာေရးဌာနတြင္ ေဆးကုသမႈခံယူခဲ့ၿပီး ေက်ာင္းဆရာမႏွစ္ဦးမွာ မိုးကုတ္ေဆးရံုတြင္ ေဆးကုသမႈခံယူေနရျခင္းျဖစ္ေၾကာင္း သိရသည္။

ဒဏ္ရာရရိွသြားသူမ်ား ေဆးကုသမႈခံယူေရးအတြက္ စိန္နန္းစိုးခရီးသည္တင္ယာဥ္လုိင္းက ကူညီေဆာင္ရြက္ေပးေနၿပီး ဒဏ္ရာရသူမ်ားမွာ အသက္အႏၱရာယ္ စိုးရိမ္ဖြယ္မရိွေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္္ခမ္း

ဓါတ္ပံု #စိန္နန္းစိုးေမာ္ေတာ္ယာဥ္လုိင္း
~~~~~~~~⊰❂ unicode ~~~~~~~~
ပြင်ဦးလွင် - မိုးကုတ်လမ်းတွင် မိုင်းစထိမှန်သည့်ကားမှ ခရီးသည်နှစ်ဦး မိုးကုတ်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေ
*********
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်း ပြင်ဦးလွင် - မိုးကုတ်ကားလမ်းတွင် ဇန်နဝါရီလ (၁၄)ရက်နေ့က ကားလမ်းဘေးမှ မိုင်းပေါက်ကွဲ၍ ခရီးသည်တင်ယာဉ်အား ထိမှန်ရာမှ ဒဏ်ရာရသွားသည့် ခရီးသည် (၃)ဦးအနက် ကျောင်းဆရာမနှစ်ဦးမှာ မိုးကုတ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ပြင်ဦးလွင် - မိုးကုတ်လမ်း မိုင်တိုင်(၂၉/၇-၈)ကြား ဟိုခို ကျေးရွာ နှင့် ဒိုးပင်ကျေးရွာကြားတွင် ဇန်နဝါရီလ (၁၄)ရက်နေ့ နေ့လယ် (၂)နာရီဝန်းကျင်က လားရှိုးမှ မိုးမိတ်သို့ စုစုပေါင်း လူဦးရေ(၁၀)ဦးလိုက်ပါလာသည့် စိန်နန်းစိုးခရီးသည်ယာဉ်တစ်စီး ဖြတ်သန်းမောင်းနှင်စဉ် လမ်း၏ ယာဘက်ဘေး ၅ ပေခန့်အကွာ၌ မိုင်းတစ်လုံးပေါက်ကွဲသဖြင့်  ယာဉ်၏ ယာဘက်ခြမ်းအား မိုင်းစများထိမှန်ခဲ့ပြီး ယာဉ်ကိုယ်ထည်နှင့် ဘေးမှန်များပျက်စီးခဲ့ကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ ထိခိုက်ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသည့်အမျိုးသားမှာ ပွန်းပဲ့ဒဏ်ရာသာဖြစ်သဖြင့် ဒိုးပင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတွင် ဆေးကုသမှုခံယူခဲ့ပြီး ကျောင်းဆရာမနှစ်ဦးမှာ မိုးကုတ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသွားသူများ ဆေးကုသမှုခံယူရေးအတွက် စိန်နန်းစိုးခရီးသည်တင်ယာဉ်လိုင်းက ကူညီဆောင်ရွက်ပေးနေပြီး ဒဏ်ရာရသူများမှာ အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။

သတင်း #နန်းဟွမ််ခမ်း
ဓါတ်ပုံ #စိန်နန်းစိုးမော်တော်ယာဉ်လိုင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~