ခိုးယူခံထားရသည့္ ဆုိင္ကယ္ ၉ စီးျပန္လည္သိမ္းဆည္းရမိထားသျဖင့္ ပိုင္ရွင္မ်ား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ လာေရာက္ထုတ္ယူႏိုင္

ခိုးယူခံထားရသည့္ ဆုိင္ကယ္ ၉ စီးျပန္လည္သိမ္းဆည္းရမိထားသျဖင့္ ပိုင္ရွင္မ်ား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ လာေရာက္ထုတ္ယူႏိုင္
ဇန်နဝါရီ 19, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ ခိုးယူခံထားရသည့္ ဆိုင္ကယ္မ်ိဳးစံု (၉)စီး ျပန္လည္ သိမ္းဆည္းရမိထားသျဖင့္ ဆိုင္ကယ္ေပ်ာက္ဆံုးထားသည့္ပိုင္ရွင္မ်ား က်ိဳင္းတုံၿမိဳ႕မရဲစခန္းတြင္ လာေရာက္ၾကည့္ရႈ၍ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ျပန္လည္ထုတ္ယူႏိုင္ေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕ ရပ္ကြက္(၅)၊ ယန္းခေက်းရြာရိွ ဆိုင္ကယ္ျပင္ဆိုင္တြင္ ဇန္နဝါရီလ (၁၈)ရက္ေန႔က ဆိုင္ကယ္တစ္စီးအား စတစ္ကာကပ္ရန္လာသည့္ လူငယ္တစ္ဦးအား မသကၤာသျဖင့္ ရဲတပ္ဖြဲ႕က စစ္ေဆးရာ ထြက္ေျပးသြားသျဖင့္ လိုက္လံဖမ္းဆီးခဲ့ရၿပီး ရဲစခန္းသို႔ ေခၚေဆာင္လာကာ သက္ဆုိင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး၊ နယ္ေျမမွဴးတို႔ေရွ႕တြင္ စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎အား စစ္ေဆးေပၚေပါက္ခ်က္အရ  လာေရာက္ျပဳျပင္သည့္ ဆုိင္ကယ္အျပင္ အျခား ဆုိင္ကယ္ (၈)စီး ကိုပါ ေဖၚထုတ္ႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင္႔ ပတ္သက္၍ ေဇာ္ထြန္းဝင္းအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ)၁၃/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/က်င္႔ ၅၄ျဖင္႔ အမႈဖြင္႔အေရးယူ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ခိုးယူခံထားရသည့် ဆိုင်ကယ် ၉ စီးပြန်လည်သိမ်းဆည်းရမိထားသဖြင့် ပိုင်ရှင်များ ကျိုင်းတုံမြို့မရဲစခန်းတွင် လာရောက်ထုတ်ယူနိုင်
*************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ခိုးယူခံထားရသည့် ဆိုင်ကယ်မျိုးစုံ (၉)စီး ပြန်လည် သိမ်းဆည်းရမိထားသဖြင့် ဆိုင်ကယ်ပျောက်ဆုံးထားသည့်ပိုင်ရှင်များ ကျိုင်းတုံမြို့မရဲစခန်းတွင် လာရောက်ကြည့်ရှု၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ထုတ်ယူနိုင်ကြောင်း သိရသည်။

ကျိုင်းတုံမြို့ ရပ်ကွက်(၅)၊ ယန်းခကျေးရွာရှိ ဆိုင်ကယ်ပြင်ဆိုင်တွင် ဇန်နဝါရီလ (၁၈)ရက်နေ့က ဆိုင်ကယ်တစ်စီးအား စတစ်ကာကပ်ရန်လာသည့် လူငယ်တစ်ဦးအား မသင်္ကာသဖြင့် ရဲတပ်ဖွဲ့က စစ်ဆေးရာ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရပြီး ရဲစခန်းသို့ ခေါ်ဆောင်လာကာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးတို့ရှေ့တွင် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအား စစ်ဆေးပေါ်ပေါက်ချက်အရ  လာရောက်ပြုပြင်သည့် ဆိုင်ကယ်အပြင် အခြား ဆိုင်ကယ် (၈)စီး ကိုပါ ဖေါ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဇော်ထွန်းဝင်းအား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၁၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း #ဇွဲမြတ်
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~