တာခ်ီလိတ္ ေဆးျဖတ္စခန္းတြင္ ဝါးအေျခခံပစၥည္းထုတ္လုပ္မႈသင္တန္းႏွင့္ မိုင္းေယာင္းတြင္ လူသံုးကုန္ပစၥည္း ထုတ္လုပ္မႈသင္တန္းမ်ား ဖြင့္လွစ္မည္

တာခ်ီလိတ္ ေဆးျဖတ္စခန္းတြင္ ဝါးအေျခခံပစၥည္းထုတ္လုပ္မႈသင္တန္းႏွင့္ မိုင္းေယာင္းတြင္ လူသံုးကုန္ပစၥည္း ထုတ္လုပ္မႈသင္တန္းမ်ား ဖြင့္လွစ္မည္
ဇန်နဝါရီ 18, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မုိင္းကိုးေဆးျဖတ္စခန္းတြင္ ဝါးအေျခခံပစၥည္းထုတ္လုပ္မႈ သင္တန္းႏွင့္ မိုင္းေယာင္းၿမိဳ႕တြင္ လူသံုးကုန္၊အလွကုန္ထုတ္လုပ္မႈသင္တန္းမ်ားကို ရွမ္းျပည္နယ္ အေသးစား စက္မႈလက္မႈ လုပ္ငန္းဦးစီးဌာနက ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

မိုင္းကိုးေက်းရြာအုပ္စု ရန္ကုန္ရြာရိွ ရပ္ရြာအေျချပဳ မုိင္းကိုးေဆးျဖတ္စခန္းတြင္ ဖြင့္လွစ္မည့္ ဝါးအေျခခံ ပစၥည္း ထုတ္လုပ္သည့္ လက္မႈလုပ္ငန္း သင္တန္းကို ေဖေဖၚဝါရီလ (၂၁)ရက္ေန႔တြင္ စတင္မည္ျဖစ္ၿပီး မိုင္းေယာင္း၌ ဖြင့္လွစ္မည့္ လူသံုးကုန္၊ အလွကုန္ထုတ္လုပ္မႈသင္တန္းကို ေဖေဖၚဝါရီလ (၁၉)ရက္ေန႔၌ စတင္မည္ ျဖစ္ေၾကာင္း သိရသည္။

“မိုင္းကိုးမွာကေတာ့ ေဆးျဖတ္စခန္းက လူေတြကိုပဲ သင္တန္းေပးသြားမွာပါ။ သင္တန္းကာလ (၁၅)ရက္ၾကာမယ္။ သူတို႔ သင္တန္းၿပီးသြားလို႔ ထုတ္လုပ္တဲ့ ပစၥည္းေတြကိုလည္း ေစ်းကြက္တင္ႏုိင္ေအာင္ ကၽြန္ေတာ္တုိ႔ဌာနက ေစ်းကြက္ရွာေဖြ ခ်ိတ္ဆက္ေပးသြားမွာပါ။ မိုင္းေယာင္းက သင္တန္းကေတာ့ အလယ္တန္းေအာင္ဆိုရင္ တက္လို႔ရပါတယ္။ သင္တန္းသား (၂၀)လက္ခံသြားမွာပါ” ဟု ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈ လုပ္ငန္းဦးစီးဌာန ျပည္နယ္ဦးစီးမွဴး ဦးသက္ႏို္င္ဦးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

မိုင္းေယာင္းတြင္ ဖြင့္လွစ္မည့္သင္တန္းတက္လိုသူမ်ားအေနျဖင့္ ၀၈၁ ၂၀၆၈၂၉၊ ၀၉ ၄၂၀၇၃၀၁၃၀၊ ၀၉ ၄၃၁၃၈၀၉၉ ႏွင့္ ၀၉ ၂၆၃၃၉၇၀၆၆ တို႔သို႔ ဆက္သြယ္စံုစမ္းႏိုင္ေၾကာင္း သိရသည္။

သတင္း - ဇာႏွင္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မိုင်းကိုးဆေးဖြတ်စခန်းတွင် ဝါးအခြေခံပစ္စည်းထုတ်လုပ်မှု သင်တန်းနှင့် မိုင်းယောင်းမြို့တွင် လူသုံးကုန်၊အလှကုန်ထုတ်လုပ်မှုသင်တန်းများကို ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းကိုးကျေးရွာအုပ်စု ရန်ကုန်ရွာရှိ ရပ်ရွာအခြေပြု မိုင်းကိုးဆေးဖြတ်စခန်းတွင် ဖွင့်လှစ်မည့် ဝါးအခြေခံ ပစ္စည်း ထုတ်လုပ်သည့် လက်မှုလုပ်ငန်း သင်တန်းကို ဖေဖေါ်ဝါရီလ (၂၁)ရက်နေ့တွင် စတင်မည်ဖြစ်ပြီး မိုင်းယောင်း၌ ဖွင့်လှစ်မည့် လူသုံးကုန်၊ အလှကုန်ထုတ်လုပ်မှုသင်တန်းကို ဖေဖေါ်ဝါရီလ (၁၉)ရက်နေ့၌ စတင်မည် ဖြစ်ကြောင်း သိရသည်။

“မိုင်းကိုးမှာကတော့ ဆေးဖြတ်စခန်းက လူတွေကိုပဲ သင်တန်းပေးသွားမှာပါ။ သင်တန်းကာလ (၁၅)ရက်ကြာမယ်။ သူတို့ သင်တန်းပြီးသွားလို့ ထုတ်လုပ်တဲ့ ပစ္စည်းတွေကိုလည်း ဈေးကွက်တင်နိုင်အောင် ကျွန်တော်တို့ဌာနက ဈေးကွက်ရှာဖွေ ချိတ်ဆက်ပေးသွားမှာပါ။ မိုင်းယောင်းက သင်တန်းကတော့ အလယ်တန်းအောင်ဆိုရင် တက်လို့ရပါတယ်။ သင်တန်းသား (၂၀)လက်ခံသွားမှာပါ” ဟု ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသက်နို်င်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

မိုင်းယောင်းတွင် ဖွင့်လှစ်မည့်သင်တန်းတက်လိုသူများအနဖြေင့် ဝ၈၁ ၂၀၆၈၂၉၊ ဝ၉ ၄၂၀၇၃၀၁၃၀၊ ဝ၉ ၄၃၁၃၈၀၉၉ နှင့် ဝ၉ ၂၆၃၃၉၇၀၆၆ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

သတင်း - ဇာနှင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~