သစ္မ်ားတင္လာသည့္ (၆)ဘီးယာဥ္သည္ နံနက္(၃)နာရီခြဲဝန္းက်င္တြင္ ေျမာက္မုန္းေျမာင္းမႀကီး ေျမာင္းေဘာင္အတိုင္း မဲဇလီ-ေရွာက္ေတာေက်းရြာဘက္သုိ႔ ေမာင္းႏွင္လာစဥ္ ကနီေက်းရြာႏွင့္ မဒဲ႕ေက်းရြာၾကား ေထာင္တိုက္အမွတ္ (၂၃)အနီးသို႔အေရာက္တြင္ ေျမာင္းအတြင္းသို႔ ထိုးက်တိမ္းေမွာက္ သြားျခင္းျဖစ္ေၾကာင္း သိရသည္။
ယာဥ္ေပၚပါလာသည့္ အမ်ိဳးသား(၅)ဦး အနက္ ႏွစ္ဦး ျပင္းထန္စြာ ဒဏ္ရာရရွိၿပီး သံုးဦးမွာ ေရေျမာင္းအတြင္း သစ္ခြဲသားမ်ားပိ၍ ေရနစ္ေသဆံုးသြားေၾကာင္း သိရသည္။
အဆိုပါယာဥ္တိမ္းေမွာက္မႈႏွင့္ပတ္သက္၍ ယာဥ္ေမာင္း ေက်ာ္ထက္ဦးအား ပြင့္ျဖဴၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၁/၂၀၁၈/ရာဇသတ္ႀကီးပုဒ္မ-၃၀၄-က/၃၃၈/၃၃၇ျဖင့္ အမႈဖြင့္ အေရးယူေဆာင္ရြက္ထားေၾကာင္းသိရသည္။
သတင္း၊ဓါတ္ပံု #ဖီးနစ္
*********
မကွေးတိုင်းဒေသကြီး ၊ မင်းဘူခရိုင်၊ ပွင့်ဖြူ မြို့နယ် မဲဇလီ - ရှောက်တောကျေးရွာလမ်း မုန်းမြောင်းမကြီးမြောင်းဘောင်တွင် သစ်တစ်တန်ခွဲခန့် တရားမဝင်သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး ဇန်နဝါရီလ (၂၀)ရက်နေ့က ရေမြောင်းတွင်း ထိုးကျသွား၍ သုံးဦးသေပြီး နှစ်ဦးဒဏ်ရာရသွားကြောင်း သိရသည်။
သစ်များတင်လာသည့် (၆)ဘီးယာဉ်သည် နံနက်(၃)နာရီခွဲဝန်းကျင်တွင် မြောက်မုန်းမြောင်းမကြီး မြောင်းဘောင်အတိုင်း မဲဇလီ-ရှောက်တောကျေးရွာဘက်သို့ မောင်းနှင်လာစဉ် ကနီကျေးရွာနှင့် မဒဲ့ကျေးရွာကြား ထောင်တိုက်အမှတ် (၂၃)အနီးသို့အရောက်တွင် မြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက် သွားခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်ပေါ်ပါလာသည့် အမျိုးသား(၅)ဦး အနက် နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိပြီး သုံးဦးမှာ ရေမြောင်းအတွင်း သစ်ခွဲသားများပိ၍ ရေနစ်သေဆုံးသွားကြောင်း သိရသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း ကျော်ထက်ဦးအား ပွင့်ဖြူမြို့မရဲစခန်းတွင် ယာဉ်(ပ)၁/၂၀၁၈/ရာဇသတ်ကြီးပုဒ်မ-၃၀၄-က/၃၃၈/၃၃၇ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။
သတင်း၊ဓါတ်ပုံ #ဖီးနစ်