
ဒီဇငျဘာ 16, 2017
By 🌸

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအပြည့်အဝဖြင့်လုပ်ကိုင်မည့် အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ ကုမ္ပဏီမှ တာဝန်ရှိသူများက ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ လာရောက်၍ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအား ရှင်းလင်းတင်ပြကြောင်း သိရသည်။

De Heus Myanmar Co.,Ltd က တိရိစ္ဆန်အစာစပ်လုပ်ငန်းစက်ရုံအား မှော်ဘီ မြောင်းတကာနှင့် မန္တလေးတွင် ဆောက်လုပ်ထားကာ မြောင်းတကာ၊ မန္တလေး၊ နတ္တလင်း၊ သထုံ၊ တောင်ကြီး တို့တွင် အရောင်းပြခန်းများဖွင့်လှစ်ထားကြောင်း သိရသည်။

လက်ရှိတွင် မွေးမြူရေးလုပ်ငန်းများက ထိုင်းနိုင်ငံမှ ဝယ်ယူမွေးမြူနေသည့် ဝက်သားပေါက်မျိုးများအား ဒေသတွင်း ဖြန့်ဖြူးပေးရန် ဝက်မျိုးခြံလုပ်ကိုင်ရန် မွေးမြူရေးခြံနေရာမြေ(၅)ဧကလုပ်ကိုင်ဆောင်ရွက်ခွင့် တောင်းခံထားကြောင်း သိရသည်။

သတင်း #ဇာနှင်း

~~~~~~~~⊰❂ unicode ~~~~~~~~
လွိုင်ကော်တွင် De Heus Myanmar Co.,Ltd က ဝက်မျိုးခြံလုပ်ကိုင်ခွင့်အတွက် ပြည်နယ်အစိုးရထံ ခွင့်ပြုချက်တောင်းခံ
***************
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် နယ်သာလန်နိုင်ငံအခြေစိုက် De Heus Myanmar Co.,Ltd က Myanmar Swine Project အကောင်အထည်ဖေါ်ရန် ပြည်နယ်အစိုးရအဖွဲ့ထံ လာရောက်တွေ့ဆုံ တင်ပြထားကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအပြည့်အဝဖြင့်လုပ်ကိုင်မည့် အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ ကုမ္ပဏီမှ တာဝန်ရှိသူများက ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့ရုုံး၌ လာရောက်၍ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအား ရှင်းလင်းတင်ပြကြောင်း သိရသည်။

De Heus Myanmar Co.,Ltd က တိရိစ္ဆန်အစာစပ်လုပ်ငန်းစက်ရုံအား မှော်ဘီ မြောင်းတကာနှင့် မန္တလေးတွင် ဆောက်လုပ်ထားကာ မြောင်းတကာ၊ မန္တလေး၊ နတ္တလင်း၊ သထုံ၊ တောင်ကြီး တို့တွင် အရောငး်ပြခန်းများဖွင့်လှစ်ထားကြောင်း သိရသည်။

၎င်းတို့က ကယားပြည်နယ်အတွင်း လက်ရှိတွင် ဝက်သားပေါက် မျိုးကောင်းမျိုးသန့်ဖြန့်ဝေခြင်းနှင့် အစာဖြန့်ဝေခြင်းကို  ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် မွေးမြူရေးလုပ်ငန်းများက ထိုင်းနိုင်ငံမှ ဝယ်ယူမွေးမြူနေသည့် ဝက်သားပေါက်မျိုးများအား ဒေသတွင်း ဖြန့်ဖြူးပေးရန် ဝက်မျိူးခြံလုပ်ကိုင်ရန် မွေးမြူရေးခြံနေရာမြေ(၅)ဧကလုပ်ကိုင်ဆောင်ရွက်ခွင့် တောင်းခံထားကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများမှ အသီးသီး ဆွေးနွေးပြီး လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် မြေနေရာ ကွင်းဆင်းဆောင်ရွက်ရန်နှင့် ပြန်လည်တင်ပြသွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်း #ဇာနှင်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~