ကေလာၿမိဳ႕တြင္ ခရီးသည္တင္ယာဥ္ျဖင့္ လိုက္ပါလာသည့္အမ်ိဳးသမီးတစ္ဦးထံမွ စိတ္ၾကြရူးသြပ္ေဆးျပား တစ္သိန္းဖမ္းဆီးရမိ

ကေလာၿမိဳ႕တြင္ ခရီးသည္တင္ယာဥ္ျဖင့္ လိုက္ပါလာသည့္အမ်ိဳးသမီးတစ္ဦးထံမွ စိတ္ၾကြရူးသြပ္ေဆးျပား တစ္သိန္းဖမ္းဆီးရမိ
ဒီဇင်ဘာ 14, 2017
By 🌸
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ကေလာၿမိဳ႕အထြက္ ပူးေပါင္းစစ္ေဆးေဆးေရးစခန္းတြင္ ခရီးသည္တင္ယာဥ္ျဖင့္ လုိက္ပါလာသည့္ အမ်ိဳးသမီးတစ္ဦးထံမွ စိတ္ၾကြရူးသြပ္ေဆးျပား တစ္သိန္းကို ဒီဇင္ဘာလ (၁၃)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၅)ေတာင္ႀကီးမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလ (၁၃) ရက္ေန႔  ည(၉)နာရီခန္႔တြင္ ကေလာၿမိဳ႕အထြက္ ပူးေပါင္းစစ္ေဆးေရးစခန္း၌ ခရီးသည္တင္ မွန္လုံေမာ္ေတာ္ယာဥ္တစ္စီးကို ရွာေဖြရာ ခရီးသည္ျဖစ္သည့္ ျမျမဝင္း(ခ) စုစု၏ လက္ဆြဲျခင္းအတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား တစ္သိန္းကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္လာသည့္ ျမျမဝင္း (ခ) စုစုအား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ား ဆိုင္ရာ ဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း #ဇာႏွင္း
ဓါတ္ပံု #ျပည္ထဲေရး

~~~~~~~~⊰❂ unicode ~~~~~~~~
ကလောမြို့တွင် ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့်အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းဖမ်းဆီးရမိ
*************
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့အထွက် ပူးပေါင်းစစ်ဆေးဆေးရေးစခန်းတွင် ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းကို ဒီဇင်ဘာလ (၁၃)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့  ည(၉)နာရီခန့်တွင် ကလောမြို့အထွက် ပူးပေါင်းစစ်ဆေးရေးစခန်း၌ ခရီးသည်တင် မှန်လုံမော်တော်ယာဉ်တစ်စီးကို ရှာဖွေရာ ခရီးသည်ဖြစ်သည့် မြမြဝင်း(ခ) စုစု၏ လက်ဆွဲခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် မြမြဝင်း (ခ) စုစုအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း #ဇာနှင်း
ဓါတ်ပုံ #ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~