က်ိဳင္းတံုမွ ေရသန္႔လုပ္ငန္းအားလံုး၏ ေရနမူနာမ်ား ျပန္လည္စစ္ေဆးရန္ ျပည္နယ္ဝန္ႀကီးညႊန္ၾကား

က်ိဳင္းတံုမွ ေရသန္႔လုပ္ငန္းအားလံုး၏ ေရနမူနာမ်ား ျပန္လည္စစ္ေဆးရန္ ျပည္နယ္ဝန္ႀကီးညႊန္ၾကား
ဒီဇင်ဘာ 16, 2017
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပို္င္း) က်ိဳင္းတုံၿမိဳ႕နယ္အတြင္းရိွ ေရသန္႔လုပ္ငန္းမ်ားအေနျဖင့္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန(FDA)၏ ေထာက္ခံခ်က္ရရိွေရးႏွင့္ ပတ္သက္ၿပီး ေအာက္ေျခတြင္ အျငင္းပြားမႈမ်ား ျဖစ္ေပၚေနသည့္အတြက္ က်ိဳင္းတံုမွ ေရသန္႔လုပ္ငန္းအားလံုး၏ ေရနမူနာျပန္လည္စစ္ေဆးသြားရန္ ရွမ္းျပည္နယ္ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညြန္႕လြင္က ညႊန္ၾကားလိုက္သည္။

FDA မွ ေရသန္႕လုပ္ငန္းမ်ားကို စစ္ေဆးရာတြင္ စစ္ေဆးမႈေအာင္ျမင္ေသာ ေရသန္႕လုပ္ငန္းမ်ားမွာ ယေန႕အခ်ိန္ထိ ေထာက္ခံခ်က္လက္မွတ္ ရရိွျခင္း မရိွေသးဘဲ စစ္ေဆးမႈမေအာင္ျမင္ေသာ လုပ္ငန္းအခ်ိဳ႕က ညႊန္ခ်ဳပ္ႏွင့္ သြားေရာက္ေတြ႕ဆုံလွ်င္ ေထာက္ခံခ်က္ရရိွလွ်က္ရိွေၾကာင္း က်ိဳင္းတုံၿမိဳ႕ရိွ ေရသန္႕လုပ္ငန္းရွင္ အခ်ိဳ႕က တာခ်ီလိတ္မဲဆႏၵနယ္ အမွတ္(၂)မွ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္အား တိုင္ၾကားခဲ့သျဖင့္ ၄င္းမွ ယေန႕ ျပဳလုပ္သည့္ ေတြ႕ဆုံပြဲတြင္ တင္ျပခဲ့ျခင္းျဖစ္သည္။

“FDAက ေရစစ္တဲ့လုပ္ငန္းေတြမွာ တစ္ခ်ိဳ႕လုပ္ငန္းေတြက စစ္ေဆးမႈအပိုင္းမွာ ေအာင္ျမင္တာေတြရိွတယ္။ မေအာင္ျမင္တဲ့ တစ္ခ်ိဳ႕လုပ္ငန္းေတြကက်ေတာ့ ညႊန္ခ်ဳပ္နဲ႕ သြားေတြ႕လို႕ရိွရင္ ေထာက္ခံခ်က္ရလာၿပီးေတာ့ စစ္ေဆးမႈ ေအာင္ျမင္တဲ့လူေတြက်ေတာ့ အခုခ်ိန္ထိ လက္မွတ္ထုတ္ေပးျခင္း မခံရဘဲနဲ႕ ျပည္သူလူထုကို ဒီတိုင္း ျဖန္႕ေ၀တဲ့အခါမွာ အႏၱရာယ္ရိွပါတယ္”ဟု တာခ်ီလိတ္မဲဆႏၵနယ္ အမွတ္(၂)မွ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က တင္ျပခဲ့ျခင္း ျဖစ္သည္။

အဆိုပါ ေတြ႕ဆုံပြဲသို႕ ခရိုင္အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာနမွ ဦးစီးမွဴး ေဒါက္တာေတဇာလင္း ခရီးသြားခြင့္တင္ထားသည့္အတြက္ အစည္းအေဝးတက္ေရာက္ႏုိင္ျခင္းမရိွ၍ အဆိုပါကိစၥအား FDA မွ ျပန္လည္ရွင္းလင္းမည့္သူ မရိွသျဖင့္ ယင္းကဲ့သို႔ ျပန္လည္စစ္ေဆးရန္ ညႊန္ၾကားလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

 “ေရသန္႕လိုင္စင္က ရသင့္တဲ့လူကမရဘဲနဲ႕ မေအာင္တဲ့လူက ရေနတယ္ဆိုေတာ့ အခုကလည္း FDAက ခရီးသြားခြင့္ တင္ထားတယ္ဆုိေတာ့ စားသုံးသူေရးရာနဲ႕ FDA ေပါင္းၿပီးေတာ့ ေရသန္႕အကုန္လုံးရဲ႕ ေရသန္႔နမူနာေတြကို ေတာင္ႀကီးကို ျပန္ပို႔ေပးပါ။ ေတာင္ႀကီးမွာ ျပန္စစ္ခိုင္းလိုက္မယ္။ ေအာက္ေျခမွာက အျငင္းပြားမႈေတြ ျဖစ္ေနတာကေတာ့ မေကာင္းပါဘူး။ ဒီေတာ့ လိုင္စင္ရၿပီးသားေရာ မရေသးတာကိုေရာ ပို႔ေပးပါ”ဟု ရွမ္းျပည္နယ္ စီမံကိန္းႏွင့္စီးပြားေရး၀န္ႀကီး ဦးစိုးညြန္႕လြင္က ေျပာသည္။

က်ိဳင္းတုံၿမိဳ႕နယ္အတြင္း ေရသန္႔လုပ္ငန္းေပါင္း (၁၄)ခုရိွေၾကာင္း သိရၿပီး ဇူလိုင္လအတြင္းက အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာမွ ဦးေဆာင္၍ ေရသန္႔လုပ္ငန္းမ်ားကို ၄င္းတုိ႕ သတ္မွတ္ထားသည့္ စံခ်ိန္စံညႊန္းမ်ားႏွင့္ ညီမညီ စစ္ေဆးမႈမ်ားကို ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမှ ရေသန့်လုပ်ငန်းအားလုံး၏ ရေနမူနာများ ပြန်လည်စစ်ဆေးရန် ပြည်နယ်ဝန်ကြီးညွှန်ကြား
*********
ရှမ်းပြည်နယ် (အရှေ့ပို်င်း) ကျိုင်းတုံမြို့နယ်အတွင်းရှိ ရေသန့်လုပ်ငန်းများအနေဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ထောက်ခံချက်ရရှိရေးနှင့် ပတ်သက်ပြီး အောက်ခြေတွင် အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့်အတွက် ကျိုင်းတုံမှ ရေသန့်လုပ်ငန်းအားလုံး၏ ရေနမူနာပြန်လည်စစ်ဆေးသွားရန် ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ညွှန်ကြားလိုက်သည်။

FDA မှ ရေသန့်လုပ်ငန်းများကို စစ်ဆေးရာတွင် စစ်ဆေးမှုအောင်မြင်သော ရေသန့်လုပ်ငန်းများမှာ ယနေ့အချိန်ထိ ထောက်ခံချက်လက်မှတ် ရရှိခြင်း မရှိသေးဘဲ စစ်ဆေးမှုမအောင်မြင်သော လုပ်ငန်းအချို့က ညွှန်ချုပ်နှင့် သွားရောက်တွေ့ဆုံလျှင် ထောက်ခံချက်ရရှိလျှက်ရှိကြောင်း ကျိုင်းတုံမြို့ရှိ ရေသန့်လုပ်ငန်းရှင် အချို့က တာချီလိတ်မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်အား တိုင်ကြားခဲ့သဖြင့် ၄င်းမှ ယနေ့ ပြုလုပ်သည့် တွေ့ဆုံပွဲတွင် တင်ပြခဲ့ခြင်းဖြစ်သည်။

“FDAက ရေစစ်တဲ့လုပ်ငန်းတွေမှာ တစ်ချို့လုပ်ငန်းတွေက စစ်ဆေးမှုအပိုင်းမှာ အောင်မြင်တာတွေရှိတယ်။ မအောင်မြင်တဲ့ တစ်ချို့လုပ်ငန်းတွေကကျတော့ ညွှန်ချုပ်နဲ့ သွားတွေ့လို့ရှိရင် ထောက်ခံချက်ရလာပြီးတော့ စစ်ဆေးမှု အောင်မြင်တဲ့လူတွေကျတော့ အခုချိန်ထိ လက်မှတ်ထုတ်ပေးခြင်း မခံရဘဲနဲ့ ပြည်သူလူထုကို ဒီတိုင်း ဖြန့်ဝေတဲ့အခါမှာ အန္တရာယ်ရှိပါတယ်”ဟု တာချီလိတ်မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က တင်ပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာတေဇာလင်း ခရီးသွားခွင့်တင်ထားသည့်အတွက် အစည်းအဝေးတက်ရောက်နိုင်ခြင်းမရှိ၍ အဆိုပါကိစ္စအား FDA မှ ပြန်လည်ရှင်းလင်းမည့်သူ မရှိသဖြင့် ယင်းကဲ့သို့ ပြန်လည်စစ်ဆေးရန် ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 “ရေသန့်လိုင်စင်က ရသင့်တဲ့လူကမရဘဲနဲ့ မအောင်တဲ့လူက ရနေတယ်ဆိုတော့ အခုကလည်း FDAက ခရီးသွားခွင့် တင်ထားတယ်ဆိုတော့ စားသုံးသူရေးရာနဲ့ FDA ပေါင်းပြီးတော့ ရေသန့်အကုန်လုံးရဲ့ ရေသန့်နမူနာတွေကို တောင်ကြီးကို ပြန်ပို့ပေးပါ။ တောင်ကြီးမှာ ပြန်စစ်ခိုင်းလိုက်မယ်။ အောက်ခြေမှာက အငြင်းပွားမှုတွေ ဖြစ်နေတာကတော့ မကောင်းပါဘူး။ ဒီတော့ လိုင်စင်ရပြီးသားရော မရသေးတာကိုရော ပို့ပေးပါ”ဟု ရှမ်းပြည်နယ် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

ကျိုင်းတုံမြို့နယ်အတွင်း ရေသန့်လုပ်ငန်းပေါင်း (၁၄)ခုရှိကြောင်း သိရပြီး ဇူလိုင်လအတွင်းက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာမှ ဦးဆောင်၍ ရေသန့်လုပ်ငန်းများကို ၄င်းတို့ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ညီမညီ စစ်ဆေးမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~