ေတာင္တြင္းႀကီးတြင္ ေနအိမ္သို႔ပစၥည္းလာပို႔သည့္ေက်ာင္းသူအား ဆရာမ၏ခင္ပြန္းက အဓမၼျပဳက်င့္ရန္ ႀကံစည္

ေတာင္တြင္းႀကီးတြင္ ေနအိမ္သို႔ပစၥည္းလာပို႔သည့္ေက်ာင္းသူအား ဆရာမ၏ခင္ပြန္းက အဓမၼျပဳက်င့္ရန္ ႀကံစည္
ဒီဇင်ဘာ 13, 2017
By 🌸
မေကြးတုိင္းေဒသႀကီး၊ ေတာင္တြင္းႀကီးၿမိဳ႕ အထက္တန္းေက်ာင္းမွ ဆရာမတစ္ဦးက ေနအိမ္သို႔ ပစၥည္းပို႔ခုိင္းသည့္ ဆဌမတန္းေက်ာင္းသူအား ဆရာမ၏ခင္ပြန္းက အဓမၼျပဳက်င့္ရန္ ႀကံစည္သျဖင့္ ေက်ာင္းမွ ႏႈတ္ထြက္ခြင့္တင္ထားၿပီး ေတာင္တြင္းႀကီးၿမိဳ႕မရဲစခန္းတြင္ ဒီဇင္ဘာလ (၁၂)ရက္ေန႔က အမႈဖြင့္ထားေၾကာင္း သိရသည္။

အဆိုပါ ေက်ာင္းသူအား ဒီဇင္ဘာ(၈)ရက္ေန႔ ေန႔လယ္(၁)နာရီဝန္းက်င္တြင္ ဆရာမျဖစ္သူက ေက်ာင္းေစ်းမုန္႔ေရာင္းသည့္ခံုကို ေနအိမ္သို႔အပို႔ခိုင္းရာ ေနအိမ္တြင္ရိွေနသည္႔ အဆိုပါဆရာမ၏ခင္ပြန္းျဖစ္သူ ေမာင္ေမာင္ေက်ာ္က အဓမၼျပဳက်င့္ရန္ ႀကံစည္သျဖင့္ ေက်ာင္းသူက ထြက္ေျပးလာသည္ကို ဆရာမတစ္ဦးက ေတြ႔သျဖင့္ ေက်ာင္းအုပ္ဆရာမႀကီးထံတင္ျပကာ ကေလး၏မိခင္အား ေခၚယူအသိေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိိုပါေက်ာင္းသူအား ယမန္ႏွစ္ကလည္း ဆရာမ၏ခင္ပြန္းျဖစ္သူက ကာအိေျႏၵထိပါးေစသည့္ အျပဳအမူမ်ား လုပ္ေဆာင္ခဲ့သည္ဟု သိရသည္။

အဆိုပါကိစၥႏွင္႔ပတ္သက္၍  ဒီဇင္ဘာလ(၈)ရက္ေန႔တြင္ အဆိုပါေက်ာင္းသူမွာ ေက်ာင္းႏွဳတ္ထြက္ခြင္႔ တင္ထားၿပီး  ဒီဇင္ဘာ(၁၂)ရက္ညေနပိုင္းတြင္ အမႈဖြင့္ရန္တိုင္တန္းသျဖင့္ ေမာင္ေမာင္ေက်ာ္အား ေတာင္တြင္းႀကီးၿမိဳ႕မရဲစခန္းတြင္ (ပ)၁၉၀၆/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၅၁၁ အရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
တောင်တွင်းကြီးတွင် နေအိမ်သို့ပစ္စည်းလာပို့သည့်ကျောင်းသူအား ဆရာမ၏ခင်ပွန်းက အဓမ္မပြုကျင့်ရန် ကြံစည်
*************
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ အထက်တန်းကျောင်းမှ ဆရာမတစ်ဦးက နေအိမ်သို့ ပစ္စည်းပို့ခိုင်းသည့် ဆဌမတန်းကျောင်းသူအား ဆရာမ၏ခင်ပွန်းက အဓမ္မပြုကျင့်ရန် ကြံစည်သဖြင့် ကျောင်းမှ နှုတ်ထွက်ခွင့်တင်ထားပြီး တောင်တွင်းကြီးမြို့မရဲစခန်းတွင် ဒီဇင်ဘာလ (၁၂)ရက်နေ့က အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါ ကျောင်းသူအား ဒီဇင်ဘာ(၈)ရက်နေ့ နေ့လယ်(၁)နာရီဝန်းကျင်တွင် ဆရာမဖြစ်သူက ကျောင်းစျေးမုန့်ရောင်းသည့်ခုံကို နေအိမ်သို့အပို့ခိုင်းရာ နေအိမ်တွင်ရှိနေသည့် အဆိုပါဆရာမ၏ခင်ပွန်းဖြစ်သူ မောင်မောင်ကျော်က အဓမ္မပြုကျင့်ရန် ကြံစည်သဖြင့် ကျောင်းသူက ထွက်ပြေးလာသည်ကို ဆရာမတစ်ဦးက တွေ့သဖြင့် ကျောင်းအုပ်ဆရာမကြီးထံတင်ပြကာ ကလေး၏မိခင်အား ခေါ်ယူအသိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိိုပါကျောင်းသူအား ယမန်နှစ်ကလည်း ဆရာမ၏ခင်ပွန်းဖြစ်သူက ကာအိန္ဒြေထိပါးစေသည့် အပြုအမူများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍  ဒီဇင်ဘာလ(၈)ရက်နေ့တွင် အဆိုပါကျောင်းသူမှာ ကျောင်းနှုတ်ထွက်ခွင့် တင်ထားပြီး  ဒီဇင်ဘာ(၁၂)ရက်ညနေပိုင်းတွင် အမှုဖွင့်ရန်တိုင်တန်းသဖြင့် မောင်မောင်ကျော်အား တောင်တွင်းကြီးမြို့မရဲစခန်းတွင် (ပ)၁၉၀၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~