ျပည္နယ္အစိုးရအဖြဲ႔ဝင္မ်ားႏွင့္ လူထုေတြ႔ဆံုပြဲမ်ားတြင္ ေဒသခံမ်ား တက္ေရာက္ေဆြးေႏြးရန္ ျပည္နယ္ဝန္ႀကီး တုိက္တြန္း

ျပည္နယ္အစိုးရအဖြဲ႔ဝင္မ်ားႏွင့္ လူထုေတြ႔ဆံုပြဲမ်ားတြင္ ေဒသခံမ်ား တက္ေရာက္ေဆြးေႏြးရန္ ျပည္နယ္ဝန္ႀကီး တုိက္တြန္း
ဒီဇင်ဘာ 16, 2017
By 🌸
ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ဝင္မ်ားႏွင့္ ေဒသတြင္းလူထုေတြ႔ဆံုပြဲမ်ားတြင္ အလႊာအသီးသီးမွ တင္ျပေဆြးေႏြးလိုသူမ်ား တက္ေရာက္ေဆြးေႏြးၾကရန္ ဒီဇင္ဘာလ (၁၆)ရက္ေန႔က  ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ ျပည္နယ္အစိုုးရအဖြဲ႔ဝင္ဝန္ႀကီးႏွစ္ဦးႏွင့္ ေဒသခံလူထုေတြ႔ဆံုပြဲတြင္ ေျပာၾကားလုိက္သည္။

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕တြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးစိုးညြန္႔လြင္ႏွင့္ ဘ႑ာေရး၀န္ႀကီး ဦးစိုင္းရွဲန္တစ္လုံတို႔က ေဒသခံလူထုႏွင့္ေတြ႔ဆံုပြဲ၌ အလႊာအသီးသီးမွ ေဒသခံမ်ား ပါဝင္ျခင္းမရိွသျဖင့္ ယင္းကဲ့သို႔ တုိက္တြန္းလုိက္ျခင္းျဖစ္သည္။

“ဒီေန႔ျပဳလုပ္တဲ့ လူထုေတြ႕ဆုံပြဲက ၿပီးျပည့္စုံတဲ့ေတြ႕ဆုံပြဲေတာ့ မဟုတ္ဘူး။ ၿမိဳ႕ေပၚက ရပ္ကြက္သူ၊ ရပ္ကြက္သားေတြ မပါဘူး။ ေနာက္ၿပီးေတာ့ အလႊာအသီးသီးက ေဒသခံလူထုေတြ မပါဘူး။ လူမႈေရးအဖြဲ႕အစည္းေတြ အားနည္းတယ္။ ေက်းရြာေတြက ပါတယ္ဆိုေပမဲ့ ဘယ္ရြာက ရြာသားေတြ ေခၚလာလည္း မသိဘူး။ ေနာက္ေနာင္ကို ဒီလိုကိစၥမ်ိဳးကို ေရွာင္ရွားေပးပါ။ ေနာက္ေနာင္ဆိုရင္ လူထုအားလုံးပါ၀င္လာၿပီး လူထုအသံကို လိုခ်င္ပါတယ္”ဟု ရွမ္းျပည္နယ္ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညႊန္႔လြင္က အခမ္းအနားတြင္ ေျပာၾကားလုိက္သည္။

အစိုးရအဖြဲ႕အေနျဖင့္ လူထုေတြ႔ဆံုပြဲမ်ားတြင္ အစိုးရ၏ ေဆာင္ရြက္ေနမႈမ်ား၊ မလုပ္ေဆာင္ႏုိင္ေသးသည့္ လုပ္ငန္းအေျခအေနမ်ားကို လူထုအား အသိေပးလိုသျဖင့္ လူထုေတြ႔ဆံုပြဲမ်ားတြင္ ေဒသခံလူထု တက္ေရာက္ေစလိုေၾကာင္း ဝန္ႀကီးကဆုိသည္။

အဆိုပါ အခမ္းအနားသို႔ ျပည္နယ္၊ ခရိုင္၊ ၿမိဳ႕နယ္အဆင့္ ဌာနဆုိင္ရာတာ၀န္ရိွသူမ်ား၊ ႏိုင္ငံေရးပါတီမ်ားႏွင့္ ေက်းရြာ၊ရပ္ကြက္မ်ားမွ ေဒသခံမ်ား တက္ေရာက္ခဲ့ၾကျခင္း ျဖစ္ၿပီး အခမ္းအနားတြင္ က်ိဳင္းတုံတကၠသိုလ္ႏွင့္ ပညာေရးေကာလိပ္တို႕တြင္ လိုအပ္လွ်က္ရိွေသာ စာသင္ခန္းမ်ား၊ လူေနအေဆာင္မ်ားႏွင့္ အျခားလိုအပ္ခ်က္မ်ားအတြက္ တင္ျပခဲ့ၾကၿပီး ေနာင္ခမ္းကန္ သာယာလွပေရးအတြက္ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ႏိုင္ရန္၊ ႏိုင္ငံျခားသား ခရီးသြားဧည့္သည္မ်ား ေဒသအတြင္းသို႕ ပိုမို၀င္ေရာက္လာႏိုင္ရန္ ေဆာင္ရြက္သင့္သည္မ်ားႏွင့္ ေရသန္႕လုပ္ငန္းမ်ားအတြက္ FDA ေထာက္ခံခ်က္ ရယူရန္အတြက္ ႀကံဳေတြ႕ေနရေသာ အခက္အခဲမ်ားကို အသီးသီးတင္ျပၾကေၾကာင္း သိရသည္။

အခမ္းအနားသို႔ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္အတူ ျပည္သူ႕လႊတ္ေတာ္ ကို္ယ္စားလွယ္ ေဒါက္တာ ေဒၚသန္းေငြႏွင့္ ဦးေန၀င္း၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္ႏွင့္ ေဒါက္တာ၀ဏၰစိုး၊ ျပည္နယ္ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးရဲႏို္င္ႏွင့္ တကြ ျပည္နယ္၊ ခရိုင္၊ ၿမိဳ႕နယ္အဆင့္ ဌာနဆုိင္ရာမ်ား ႏိုင္ငံေရးပါတီမ်ားႏွင့္ ေဒသခံမ်ား တက္ေရာက္ခဲ့ၾကသည္။

သတင္း၊ဓါတ္ပံု #ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် လူထုတွေ့ဆုံပွဲများတွင် ဒေသခံများ တက်ရောက်ဆွေးနွေးရန် ပြည်နယ်ဝန်ကြီး တိုက်တွန်း
*********
ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ဒေသတွင်းလူထုတွေ့ဆုံပွဲများတွင် အလွှာအသီးသီးမှ တင်ပြဆွေးနွေးလိုသူများ တက်ရောက်ဆွေးနွေးကြရန် ဒီဇင်ဘာလ (၁၆)ရက်နေ့က  ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ပြည်နယ်အစိုုးရအဖွဲ့ဝင်ဝန်ကြီးနှစ်ဦးနှင့် ဒေသခံလူထုတွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံတို့က ဒေသခံလူထုနှင့်တွေ့ဆုံပွဲ၌ အလွှာအသီးသီးမှ ဒေသခံများ ပါဝင်ခြင်းမရှိသဖြင့် ယင်းကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“ဒီနေ့ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲက ပြီးပြည့်စုံတဲ့တွေ့ဆုံပွဲတော့ မဟုတ်ဘူး။ မြို့ပေါ်က ရပ်ကွက်သူ၊ ရပ်ကွက်သားတွေ မပါဘူး။ နောက်ပြီးတော့ အလွှာအသီးသီးက ဒေသခံလူထုတွေ မပါဘူး။ လူမှုရေးအဖွဲ့အစည်းတွေ အားနည်းတယ်။ ကျေးရွာတွေက ပါတယ်ဆိုပေမဲ့ ဘယ်ရွာက ရွာသားတွေ ခေါ်လာလည်း မသိဘူး။ နောက်နောင်ကို ဒီလိုကိစ္စမျိုးကို ရှောင်ရှားပေးပါ။ နောက်နောင်ဆိုရင် လူထုအားလုံးပါ၀င်လာပြီး လူထုအသံကို လိုချင်ပါတယ်”ဟု ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က အခမ်းအနားတွင် ပြောကြားလိုက်သည်။

အစိုးရအဖွဲ့အနေဖြင့် လူထုတွေ့ဆုံပွဲများတွင် အစိုးရ၏ ဆောင်ရွက်နေမှုများ၊ မလုပ်ဆောင်နိုင်သေးသည့် လုပ်ငန်းအခြေအနေများကို လူထုအား အသိပေးလိုသဖြင့် လူထုတွေ့ဆုံပွဲများတွင် ဒေသခံလူထု တက်ရောက်စေလိုကြောင်း ဝန်ကြီးကဆိုသည်။

အဆိုပါ အခမ်းအနားသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများနှင့် ကျေးရွာ၊ရပ်ကွက်များမှ ဒေသခံများ တက်ရောက်ခဲ့ကြခြင်း ဖြစ်ပြီး အခမ်းအနားတွင် ကျိုင်းတုံတက္ကသိုလ်နှင့် ပညာရေးကောလိပ်တို့တွင် လိုအပ်လျှက်ရှိသော စာသင်ခန်းများ၊ လူနေအဆောင်များနှင့် အခြားလိုအပ်ချက်များအတွက် တင်ပြခဲ့ကြပြီး နောင်ခမ်းကန် သာယာလှပရေးအတွက် ပြုပြင်မွမ်းမံမှုများ ပြုလုပ်နိုင်ရန်၊ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဒေသအတွင်းသို့ ပိုမိုဝင်ရောက်လာနိုင်ရန် ဆောင်ရွက်သင့်သည်များနှင့် ရေသန့်လုပ်ငန်းများအတွက် FDA ထောက်ခံချက် ရယူရန်အတွက် ကြုံတွေ့နေရသော အခက်အခဲများကို အသီးသီးတင်ပြကြကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးများနှင့်အတူ ပြည်သူ့လွှတ်တော် ကို်ယ်စားလှယ် ဒေါက်တာ ဒေါ်သန်းငွေနှင့် ဦးနေဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်နှင့် ဒေါက်တာဝဏ္ဏစိုး၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနို်င်နှင့် တကွ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ နိုင်ငံရေးပါတီများနှင့် ဒေသခံများ တက်ရောက်ခဲ့ကြသည်။

သတင်း၊ဓါတ်ပုံ #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~