က်ိဳင္းတံုၿမိဳ႕နယ္မွ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးေရြးခ်ယ္ေရး ႀကီးၾကပ္ေရးမွဴးမ်ားအား သင္တန္းပို႔ခ်

က်ိဳင္းတံုၿမိဳ႕နယ္မွ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးေရြးခ်ယ္ေရး ႀကီးၾကပ္ေရးမွဴးမ်ားအား သင္တန္းပို႔ခ်
ဒီဇင်ဘာ 12, 2017
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕နယ္အတြင္းရိွ ရပ္ကြက္ႏွင့္ ေက်းရြာအုပ္စု(၃၈)ခုတြင္ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴးေရြးခ်ယ္ေရးတြင္ ႀကီးၾကပ္ရန္အတြက္ ေရြးေကာက္တင္ေျမႇာက္ခံထားရသည့္ ႀကီးၾကပ္ေရးမွဴးမ်ားကို ဒီဇင္ဘာလ(၁၂)ရက္ေန႔က သင္တန္းပို႔ခ်ေၾကာင္း သိရသည္။

“ၿမိဳ႕ေပၚရပ္ကြက္ေတြနဲ႕ ေက်းရြာအုပ္စုအားလုံးေပါင္း (၃၈)အုပ္စုမွာ ေရြးခ်ယ္ထားတဲ့ ႀကီးၾကပ္ေရးမွဴးေတြကို ဒီေန႕မနက္(၉)နာရီကေန ေန႔လယ္(၁)နာရီအထိ ႀကီးၾကပ္ေရးမွဴးသင္တန္း ေပးခဲ့ပါတယ္။ သင္တန္းမွာ ႀကီးၾကပ္ေရးမွဴးေတြလုပ္ရမယ့္တာဝန္ေတြကို ဥပေဒမွာပါတဲ့အတိုင္း အဓိကထားၿပီး ပို႔ခ်ခဲ့ပါတယ္”ဟု က်ိဳင္းတုံၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါသင္တန္းတြင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ျမင့္က ရပ္/ေက်းအုပ္ခ်ဳပ္ေရး ဥပေဒႏွင့္ နည္းဥပေဒ၊ ဆယ္အိမ္မွဴး/ရာအိမ္မွဴး/ေက်းရြာတာ၀န္ခံႏွင့္ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ား ေရြးေကာက္ပုံအဆင့္ဆင့္ကို ပို႕ခ်ခဲ့ေၾကာင္း သိရသည္။

“ဒီသင္တန္းၿပီးသြားတဲ့ေနာက္ပိုင္းမွာ ႀကီးၾကပ္ေရးမွဴးေတြက (၁၀)အိမ္စု၊ ရာအိမ္စုေတြကို စုဖြဲ႕ရမယ္။ ၿပီးရင္ ဆယ္အိမ္စုကိုယ္စားလွယ္ေတြကို စုစည္းၿပီးေတာ့ ဆယ္အိမ္မွဴး၊ ရာအိမ္မွဴး၊ ေက်းရြာတာ၀န္ခံနဲ႕ အုပ္ခ်ဳပ္ေရးမွဴးေတြမွာ ရိွရမယ့္အရည္အခ်င္းေတြကို ရွင္းျပရမွာျဖစ္ပါတယ္”ဟု က်ိဳင္းတုံၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ျမင့္က ေျပာသည္။

က်ိဳင္းတံုၿမိဳ႕နယ္တြင္ ရပ္ကြက္ႏွင့္ ေက်းရြာအုပ္စု တစ္ခုလွ်င္ ႀကီးၾကပ္ေရးမွဴး(၅)ဦးစီပါ၀င္ေသာအဖြဲ႕(၆)ဖြဲ႕ကို ရပ္ကြက္ႏွင့္ေက်းရြာအုပ္စု(၃၈)အုပ္စုအတြက္ ေရြးေကာက္တင္ေျမႇာက္ၿပီးျဖစ္၍ ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလ ဒုတိယပတ္ေနာက္ဆုံးထား၍ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ား ေရြးခ်ယ္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္
ဓါတ္ပံု #ေအာင္ျမင္ပါေစ

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရေး ကြီးကြပ်ရေးမှူးများအား သင်တန်းပို့ချ
**************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃၈)ခုတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ရေးတွင် ကြီးကြပ်ရန်အတွက် ရွေးကောက်တင်မြှောက်ခံထားရသည့် ကြီးကြပ်ရေးမှူးများကို ဒီဇင်ဘာလ(၁၂)ရက်နေ့က သင်တန်းပို့ချကြောင်း သိရသည်။

“မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စုအားလုံးပေါင်း (၃၈)အုပ်စုမှာ ရွေးချယ်ထားတဲ့ ကြီးကြပ်ရေးမှူးတွေကို ဒီနေ့မနက်(၉)နာရီကနေ နေ့လယ်(၁)နာရီအထိ ကြီးကြပ်ရေးမှူးသင်တန်း ပေးခဲ့ပါတယ်။ သင်တန်းမှာ ကြီးကြပ်ရေးမှူးတွေလုပ်ရမယ့်တာဝန်တွေကို ဥပဒေမှာပါတဲ့အတိုင်း အဓိကထားပြီး ပို့ချခဲ့ပါတယ်”ဟု ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါသင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က ရပ်/ကျေးအုပ်ချုပ်ရေး ဥပဒေနှင့် နည်းဥပဒေ၊ ဆယ်အိမ်မှူး/ရာအိမ်မှူး/ကျေးရွာတာဝန်ခံနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွေးကောက်ပုံအဆင့်ဆင့်ကို ပို့ချခဲ့ကြောင်း သိရသည်။

“ဒီသင်တန်းပြီးသွားတဲ့နောက်ပိုင်းမှာ ကြီးကြပ်ရေးမှူးတွေက (၁၀)အိမ်စု၊ ရာအိမ်စုတွေကို စုဖွဲ့ရမယ်။ ပြီးရင် ဆယ်အိမ်စုကိုယ်စားလှယ်တွေကို စုစည်းပြီးတော့ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနဲ့ အုပ်ချုပ်ရေးမှူးတွေမှာ ရှိရမယ့်အရည်အချင်းတွေကို ရှင်းပြရမှာဖြစ်ပါတယ်”ဟု ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က ပြောသည်။

ကျိုင်းတုံမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု တစ်ခုလျှင် ကြီးကြပ်ရေးမှူး(၅)ဦးစီပါ၀င်သောအဖွဲ့(၆)ဖွဲ့ကို ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၃၈)အုပ်စုအတွက် ရွေးကောက်တင်မြှောက်ပြီးဖြစ်၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်နောက်ဆုံးထား၍ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

သတင်း #ဇွဲမြတ်
ဓါတ်ပုံ #အောင်မြင်ပါစေ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~