ဆုိင္ကယ္ျဖင့္ မူးယစ္ေဆးသယ္လာသည့္ လူငယ္ႏွစ္ဦးအား က်ိဳင္းတံု ဝမ္တာပံုပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ဖမ္းမိ

ဆုိင္ကယ္ျဖင့္ မူးယစ္ေဆးသယ္လာသည့္ လူငယ္ႏွစ္ဦးအား က်ိဳင္းတံု ဝမ္တာပံုပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ဖမ္းမိ
ဒီဇင်ဘာ 19, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕၊ ဝမ္တာပုံ ပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ဒီဇင္ဘာလ (၁၈)ရက္ေန႔က စိတ္ၾကြရူးသြပ္ေဆးျပား ႏွစ္ေသာင္းကို ဆုိင္ကယ္ျဖင့္သယ္လာသည့္ လူငယ္ႏွစ္ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၈)က်ိဳင္းတုံမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ ေသာ ပူးေပါင္းအဖြဲ႕သည္ ဝမ္တာပံု ပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ဒီဇင္ဘာလ (၁၈)ရက္ေန႔ ညေန (၃)နာရီခန္႔က စစ္ေဆးေနစဥ္ လူငယ္ႏွစ္ဦးေမာင္းႏွင္လာသည့္ ဆိုင္ကယ္အား ရပ္တန္႔စစ္ေဆးရာ ဆိုင္ကယ္ေဆာင္းေဘာက္စ္အတြင္းမွ စိတ္ၾကြရူးသြပ္ေဆးျပား တစ္ေသာင္းႏွင့္ ဆိုင္ကယ္တြင္ လုိက္ပါလာသူထံမွ စိတ္ၾကြရူးသြပ္ေဆးျပား တစ္ေသာင္းအား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြရူးသြပ္ေဆးျပားမ်ား သယ္ေဆာင္လာသည့္ အိုက္ဥႏွင့္ အုိက္ယီတုိ႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲ ေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~
ဆိုင်ကယ်ဖြင့် မူးယစ်ဆေးသယ်လာသည့် လူငယ်နှစ်ဦးအား ကျိုင်းတုံ ဝမ်တာပုံပူးပေါင်းစစ်ဆေးရေးစခန်းတွင် ဖမ်းမိ
*******
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ဝမ်တာပုံ ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ဒီဇင်ဘာလ (၁၈)ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား နှစ်သောင်းကို ဆိုင်ကယ်ဖြင့်သယ်လာသည့် လူငယ်နှစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဝမ်တာပုံ ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ဒီဇင်ဘာလ (၁၈)ရက်နေ့ ညနေ (၃)နာရီခန့်က စစ်ဆေးနေစဉ် လူငယ်နှစ်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ဆောင်းဘောက်စ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်းနှင့် ဆိုင်ကယ်တွင် လိုက်ပါလာသူထံမှ စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်းအား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသည့် အိုက်ဥနှင့် အိုက်ယီတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~