ကေလာၿမိဳ႕အထြက္ စစ္ေဆးေရးစခန္းတြင္ ခရီးသည္တင္ယာဥ္ျဖင့္ လိုက္ပါလာသူထံမွ စိတ္ၾကြရူးသြပ္ေဆးမ်ား ဖမ္းမိ

ကေလာၿမိဳ႕အထြက္ စစ္ေဆးေရးစခန္းတြင္ ခရီးသည္တင္ယာဥ္ျဖင့္ လိုက္ပါလာသူထံမွ စိတ္ၾကြရူးသြပ္ေဆးမ်ား ဖမ္းမိ
ဒီဇင်ဘာ 21, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ကေလာၿမိဳ႕ အထြက္ ပူးေပါင္း စစ္ေဆးေရးစခန္းတြင္ ခရီးသည္တင္ မွန္လုံေမာ္ေတာ္ယာဥ္ျဖင့္လုိက္ပါလာသည့္ ခရီးသည္ တစ္ဦးထံမွ စိတ္ၾကြရူးသြပ္ေဆးျပားမ်ားကို ဒီဇင္ဘာလ (၂၀)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၅) ေတာင္ႀကီးမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ကေလာၿမိဳ႕အထြက္ ပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ည (၁၀)နာရီခြဲခန္႔က ခရီးသည္တင္မွန္လံုယာဥ္အား စစ္ေဆးရာ ခရီးသည္တစ္ဦးျဖစ္သည့္ စိုင္းတင္ညီညီေအးထံမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား သံုးေထာင္ကို ဖမ္းဆီး ရမိျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ား သယ္လာသည့္ အသက္ (၁၉)ႏွစ္အရြယ္ စိုင္းတင္ညီညီေအးအား မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ အထွက် ပူးပေါင်း စစ်ဆေးရေးစခန်းတွင် ခရီးသည်တင် မှန်လုံမော်တော်ယာဉ်ဖြင့်လိုက်ပါလာသည့် ခရီးသည် တစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများကို ဒီဇင်ဘာလ (၂၀)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့အထွက် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ည (၁၀)နာရီခွဲခန့်က ခရီးသည်တင်မှန်လုံယာဉ်အား စစ်ဆေးရာ ခရီးသည်တစ်ဦးဖြစ်သည့် စိုင်းတင်ညီညီအေးထံမှ စိတ်ကြွရူးသွပ်ဆေးပြား သုံးထောင်ကို ဖမ်းဆီး ရမိခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများ သယ်လာသည့် အသက် (၁၉)နှစ်အရွယ် စိုင်းတင်ညီညီအေးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~