တာခ်ီလိတ္တြင္ ထုိင္းဘတ္ေငြအတု ကိုင္ေဆာင္မႈျဖင့္ ဖမ္းခံရသည့္ ထိုင္းႏိုင္ငံသားအား ေထာင္ဒဏ္ (၄)ႏွစ္က်ခံေစခဲ့ၿပီး ျပည္ႏွင္ဒဏ္ေပး

တာခ်ီလိတ္တြင္ ထုိင္းဘတ္ေငြအတု ကိုင္ေဆာင္မႈျဖင့္ ဖမ္းခံရသည့္ ထိုင္းႏိုင္ငံသားအား ေထာင္ဒဏ္ (၄)ႏွစ္က်ခံေစခဲ့ၿပီး ျပည္ႏွင္ဒဏ္ေပး
ဒီဇင်ဘာ 20, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ တာေလာ့ေစ်းအတြင္း ထိုင္းဘတ္ေငြအတုမ်ား ကိုင္ေဆာင္သံုးစြဲမႈေၾကာင့္ ဖမ္းဆီးခံရၿပီး ေထာင္ဒဏ္(၄)ႏွစ္က်ခံခဲ့ရာမွ ျပန္လည္လႊတ္ေျမာက္လာသည့္ ထိုင္းႏိုင္ငံသားအား တာခ်ီလိတ္ဘက္မွ တာ၀န္ရွိသူမ်ားက ဒီဇင္ဘာလ(၁၉)ရက္ေန႔ မြန္းလြဲပိုင္းက ထိုင္းႏိုင္ငံ မယ္ဆိုင္သို႔ ျပည္ႏွင္ဒဏ္ေပးကာ လႊဲေျပာင္းေပးလိုက္ေၾကာင္း သိရသည္။

အဆိုပါ ထိုင္းႏိုင္ငံသားမွာ အသက္(၂၇)ႏွစ္ရွိ Mr Audomsak ျဖစ္ၿပီး ၎အား ျမန္မာဘက္မွ လ၀က ဒုတိယဌာနခြဲ(တာခ်ီလိတ္)မွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးတင္ေဇာ္၀င္း ႏွင့္ ျပည္ႏွင္အဖြဲ႔က ထိုင္းဘက္ တာ၀န္ရွိသူမ်ားအား ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားအလယ္သို႔ ေခၚယူကာ Black List စာရင္းသြင္းၿပီး စနစ္တက် လႊဲေျပာင္းေပးလိုက္ျခင္း ျဖစ္သည္။

၂၀၁၅ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔က ထိုင္းႏိုင္ငံသား Mr Audomsakသည္ တာခ်ီလိတ္ၿမိဳ႕ တာေလာ့ေစ်းအတြင္း ထိုင္းဘတ္ေငြအတုမ်ား ကိုင္ေဆာင္သံုးစြဲမႈျဖင့္ ျမန္မာႏိုင္ငံတာ၀န္ရွိသူမ်ား၏ ဖမ္းဆီးမႈကို ခံလိုက္ရၿပီးေနာက္ ျပစ္မႈဆိုင္ရာ ဥပေဒ ပုဒ္မ - ၄၈၉(ခ)၊(ဂ)အရ ရာဇသတ္ႀကီးမႈ အမွတ္ ၃၆၀/၂၀၁၅ျဖင့္ အလုပ္ႏွင့္ေထာင္ဒဏ္ ေလးႏွစ္က်ခံခဲ့ၿပီးေနာက္ အက်ဥ္းေထာင္ေလ်ာ့ရက္ စည္းမ်ဥ္းမ်ားအရ ၂၀၁၇ခုႏွစ္ ဒီဇင္ဘာလ(၁၉)ရက္ေန႔ နံနက္ပိုင္းက က်ဳိင္းတံုအက်ဥ္းေထာင္မွ ျပစ္ဒဏ္ေစ့၍ ျပန္လည္လြတ္ေျမာက္ရာမွ ၎အား ထိုင္းဘက္သို႔ ျပည္ႏွင္ဒဏ္ေပးလိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓာတ္ပံု - အာကာမိုးမင္း


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ တာလော့ဈေးအတွင်း ထိုင်းဘတ်ငွေအတုများ ကိုင်ဆောင်သုံးစွဲမှုကြောင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ်(၄)နှစ်ကျခံခဲ့ရာမှ ပြန်လည်လွှတ်မြောက်လာသည့် ထိုင်းနိုင်ငံသားအား တာချီလိတ်ဘက်မှ တာဝန်ရှိသူများက ဒီဇင်ဘာလ(၁၉)ရက်နေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ မယ်ဆိုင်သို့ ပြည်နှင်ဒဏ်ပေးကာ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားမှာ အသက်(၂၇)နှစ်ရှိ Mr Audomsak ဖြစ်ပြီး၎င်းအား မြန်မာဘက်မှ လဝက ဒုတိယဌာနခွဲ(တာချီလိတ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဇော်ဝင်း နှင့် ပြည်နှင်အဖွဲ့က ထိုင်းဘက် တာဝန်ရှိသူများအား မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားအလယ်သို့ ခေါ်ယူကာ Black List စာရင်းသွင်းပြီး စနစ်တကျ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။

၂၀၁၅ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့က ထိုင်းနိုင်ငံသား Mr Audomsakသည် တာချီလိတ်မြို့ တာလော့ဈေးအတွင်း ထိုင်းဘတ်ငွေအတုများ ကိုင်ဆောင်သုံးစွဲမှုဖြင့် မြန်မာနိုင်ငံတာဝန်ရှိသူများ၏ ဖမ်းဆီးမှုကို ခံလိုက်ရပြီးနောက် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ - ၄၈၉(ခ)၊(ဂ)အရ ရာဇသတ်ကြီးမှု အမှတ် ၃၆၀/၂၀၁၅ဖြင့် အလုပ်နှင့်ထောင်ဒဏ် လေးနှစ်ကျခံခဲ့ပြီးနောက် အကျဉ်းထောင်လျော့ရက် စည်းမျဉ်းများအရ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်ပိုင်းက ကျိုင်းတုံအကျဉ်းထောင်မှ ပြစ်ဒဏ်စေ့၍ ပြန်လည်လွတ်မြောက်ရာမှ၎င်းအား ထိုင်းဘက်သို့ ပြည်နှင်ဒဏ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - အာကာမိုးမင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~