တာခ်ီလိတ္ၿမိဳ႕ ဝမ္ေကာင္းရပ္ကြက္အတြင္း ခိုးမႈမ်ား မၾကာခဏ ျဖစ္ပြားေန

တာခ်ီလိတ္ၿမိဳ႕ ဝမ္ေကာင္းရပ္ကြက္အတြင္း ခိုးမႈမ်ား မၾကာခဏ ျဖစ္ပြားေန
ဒီဇင်ဘာ 20, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဝမ္ေကာင္းရပ္ကြက္တြင္ ေန႔ခင္း ႏွင့္ ညဘက္မ်ား၌ ဒီဇင္ဘာလေနာက္ဆံုးပတ္ အတြင္း ခိုးမႈမ်ား မၾကာခဏ ျဖစ္ပြားေနေသာ္လည္း ရဲစခန္းသို႔ တုိင္ၾကားသူ မရိွေၾကာင္း သိရသည္။

" ဒီေန႔ (ဒီဇင္ဘာလ ၂၀ ) နံနက္ကလည္း ဝမ္ေကာင္းရပ္ကြက္ထဲက ဘိုးဘြားရိပ္သာမွာ ေငြသား (ဘတ္) သံုးေထာင္ေလာက္ရွိတဲ့ အလွဴခံပံုးတစ္ပံုး ခိုးခံလိုက္ရတယ္လို႔ ၾကားလိုက္တယ္။ အဲဒီအျပင္ ၿပီးခဲ့တဲ့ သံုးရက္ေလာက္ကလည္း ကြ်န္ေတာ္တို႔ ရပ္ကြက္ထဲက ရတနာလမ္းသြယ္ (၆)လမ္းက ေနအိမ္မွာ ေန႔ခင္းႀကီး ေဖာက္ခံရတာ TV ေတြေတာင္ပါသြားတယ္။ တခ်ဳိ႕ကလည္း ရဲစခန္းေတြ၊ ရပ္ကြက္ရံုးေတြကို သြားမတိုင္ၾကဘူး။ ေတာ္ေတာ္မ်ားမ်ားကေတာ့ သူခိုးေတြထဲမွာ ေဆးသမားေတြလည္း ပါသလို လူငယ္ေလးေတြလည္း ပါတယ္လို႔ သိရတယ္"ဟု တာခ်ီလိတ္ၿမိဳ႕ ဝမ္ေကာင္းရပ္ကြက္မွ အမည္မေဖာ္လိုသည့္ ေဒသခံတစ္ဦးက ေျပာသည္။

ဝမ္ေကာင္းရပ္ကြက္တြင္ ဒီဇင္ဘာလ (၁၇)ရက္ေန႔က ေရႊအိမ္၀င္း ေရခဲႏွင့္ကုန္စံုဆိုင္မွ CCTV ႏွင့္ ေရခဲပံုး တစ္ပံုး ဖ်က္ဆီးခံရျခင္းႏွင့္ ရပ္ကြက္အတြင္းမွ ေနအိမ္မ်ားမွ ခိုးယူခံရျခင္းမ်ား ယခုရက္ပိုင္းအတြင္း ျဖစ္ပြားေနသည့္သတင္းမ်ားေၾကာင့္ အမႈဖြင့္တုိင္ၾကားျခင္းမရိွေသာ္လည္း ရဲတပ္ဖြဲ႕က လွည့္ကင္း ေဆာင္ရြက္ျခင္း တိုးျမႇင့္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဝမ္ေကာင္းကေတာ့ ေစ်းရိွတယ္။ ေနာက္ ပုန္းထြန္ဘက္မွာ အေျခမဲ့အေနမဲ့ အေတာ္မ်ားမ်ားေနၾကတယ္။ ပုန္းထြန္ သခ်ဳႋင္းဘက္မွာေပါ့။ အဲဒီမွာက တစ္ဖက္ႏုိင္ငံကို အလုပ္သြားလုပ္ရင္း အဆင္မေျပတဲ့ ေရႊ႕ေျပာင္းလုပ္သားေတြက ေနရပ္လည္းမျပန္ႏိုင္ေတာ့ ခိုကပ္ေနရင္းကေန တခ်ိဳ႕ကလည္း ကီလိုေကာက္တယ္ေပါ့။ ဒါေတြက ခိုးမႈေတြ မၾကာခဏျဖစ္ပြားေလ့ရိွတယ္။ ဒီေတာ့ လွည့္ကင္း ေဆာင္ရြက္ရင္းလည္း ရပ္ကြက္တြင္းက ေနအိမ္ေတြ ေနအိမ္တံခါးဖြင့္ထားတာမ်ိဳး၊ ဆိုင္ကယ္ကို ဇက္ေသာ့မခတ္ဘဲ အျပင္မွာ ထားမိတာမ်ိဳးေတြကို သတိေပးရပါတယ္။ အေျခမဲ့အေနမဲ့ေတြကိုလည္း ကၽြန္ေတာ္တို႔ ေခၚယူသတိေပးတာမ်ိဳးေတြ လုပ္ေနပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ တစ္ခုခုျဖစ္တယ္ဆိုရင္ အခ်ိန္မေရြး စခန္းကို အေၾကာင္းၾကားေစခ်င္ပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးၾကည္စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၀မ္ေကာင္းရပ္ကြက္အတြင္း ေန႔ခင္းအခ်ိန္ အလုပ္သြားေနၾကစဥ္ အိမ္ေစာင့္မရိွသည့္ ေနအိမ္မ်ားမွ ခိုးယူခံရျခင္းႏွင့္ လမ္းသြားလာရင္း ဝင္ခိုးသြားသည္မ်ားႏွင့္ ႀကံဳေနရျခင္းျဖစ္ေၾကာင္း အဆိုပါ ရပ္ကြက္တြင္ ေနထိုင္သူမ်ားထံမွ သိရသည္။

“ ဝမ္ေကာင္းကေန အခုအမႈဖြင့္တုိင္တာေတာ့ မရိွဘူး။ ၿပီးခဲ့တဲ့လက တုိင္တာ တစ္ခုပဲရိွတယ္။ မ်ားေသာအားျဖင့္က ကီလိုေကာက္တဲ့သူေတြက ရပ္ကြက္အတြင္း လွည့္ပတ္သြားရင္းလာရင္း ခိုးယူသြားတာမ်ိဳးေတြ ေတြ႔ရပါတယ္။ ကၽြန္ေတာ္တုိ႔အေနနဲ႔ ပံုမွန္လွည့္ကင္းအျပင္ ျပစ္မႈျဖစ္ပြားတတ္တဲ့ ေနရာမ်ိဳးေတြမွာေတာ့ ပိုၿပီးသတိထားေစာင့္ၾကည့္တာေတြ လုပ္ေနပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴး ၾကည္စိုးက ေျပာသည္။

ရဲတပ္ဖြဲ႕အေနျဖင့္ တာခ်ီလိတ္ၿမိဳ႕အား သက္ဆုိင္ရာ လွည့္ကင္း၊ ပတ္ကင္းမ်ားျဖင့္ ေဆာင္ရြက္ေနၿပီး ျပစ္မႈအျဖစ္မ်ားသည့္ ေနရာမ်ားကို အထူးသတိထားေစာင့္ၾကည့္ျခင္းမ်ား လုပ္ေဆာင္ေနရာ တစ္စံုတစ္ခုျဖစ္ပြားပါက အျမန္ဆံုးဆက္သြယ္ရမည့္ရဲတပ္ဖြဲ႕၏ဖုန္းနံပါတ္မ်ားအား ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ရံုးတုိင္းတြင္ ေပးထားေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ
ဓါတ္ပံု - SEW


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်တွင် နေ့ခင်း နှင့် ညဘက်များ၌ ဒီဇင်ဘာလနောက်ဆုံးပတ် အတွင်း ခိုးမှုများ မကြာခဏ ဖြစ်ပွားနေသော်လည်း ရဲစခန်းသို့ တိုင်ကြားသူ မရှိကြောင်း သိရသည်။

" ဒီနေ့ (ဒီဇင်ဘာလ ၂၀ ) နံနက်ကလည်း ဝမ်ကောင်းရပ်ကွက်ထဲက ဘိုးဘွားရိပ်သာမှာ ငွေသား (ဘတ်) သုံးထောင်လောက်ရှိတဲ့ အလှူခံပုံးတစ်ပုံး ခိုးခံလိုက်ရတယ်လို့ ကြားလိုက်တယ်။ အဲဒီအပြင် ပြီးခဲ့တဲ့ သုံးရက်လောက်ကလည်း ကျွန်တော်တို့ ရပ်ကွက်ထဲက ရတနာလမ်းသွယ် (၆)လမ်းက နေအိမ်မှာ နေ့ခင်းကြီး ဖောက်ခံရတာ TV တွေတောင်ပါသွားတယ်။ တချို့ကလည်း ရဲစခန်းတွေ၊ ရပ်ကွက်ရုံးတွေကို သွားမတိုင်ကြဘူး။ တော်တော်များများကတော့ သူခိုးတွေထဲမှာ ဆေးသမားတွေလည်း ပါသလို လူငယ်လေးတွေလည်း ပါတယ်လို့ သိရတယ်"ဟု တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်မှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ဝမ်ကောင်းရပ်ကွက်တွင် ဒီဇင်ဘာလ (၁၇)ရက်နေ့က ရွှေအိမ်ဝင်း ရေခဲနှင့်ကုန်စုံဆိုင်မှ CCTV နှင့် ရေခဲပုံး တစ်ပုံး ဖျက်ဆီးခံရခြင်းနှင့် ရပ်ကွက်အတွင်းမှ နေအိမ်များမှ ခိုးယူခံရခြင်းများ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသည့်သတင်းများကြောင့် အမှုဖွင့်တိုင်ကြားခြင်းမရှိသော်လည်း ရဲတပ်ဖွဲ့က လှည့်ကင်း ဆောင်ရွက်ခြင်း တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဝမ်ကောင်းကတော့ ဈေးရှိတယ်။ နောက် ပုန်းထွန်ဘက်မှာ အခြေမဲ့အနေမဲ့ အတော်များများနကြေတယ်။ ပုန်းထွန် သင်္ချိုင်းဘက်မှာပေါ့။ အဲဒီမှာက တစ်ဖက်နိုင်ငံကို အလုပ်သွားလုပ်ရင်း အဆင်မပြေတဲ့ ရွှေ့ပြောင်းလုပ်သားတွေက နေရပ်လည်းမပြန်နိုင်တော့ ခိုကပ်နေရင်းကနေ တချို့ကလည်း ကီလိုကောက်တယ်ပေါ့။ ဒါတွေက ခိုးမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတယ်။ ဒီတော့ လှည့်ကင်း ဆောင်ရွက်ရင်းလည်း ရပ်ကွက်တွင်းက နေအိမ်တွေ နေအိမ်တံခါးဖွင့်ထားတာမျိုး၊ ဆိုင်ကယ်ကို ဇက်သော့မခတ်ဘဲ အပြင်မှာ ထားမိတာမျိုးတွေကို သတိပေးရပါတယ်။ အခြေမဲ့အနေမဲ့တွေကိုလည်း ကျွန်တော်တို့ ခေါ်ယူသတိပေးတာမျိုးတွေ လုပ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ခုခုဖြစ်တယ်ဆိုရင် အချိန်မရွေး စခန်းကို အကြောင်းကြားစေချင်ပါတယ်”ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကြည်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဝမ်ကောင်းရပ်ကွက်အတွင်း နေ့ခင်းအချိန် အလုပ်သွားနကြေစဉ် အိမ်စောင့်မရှိသည့် နေအိမ်များမှ ခိုးယူခံရခြင်းနှင့် လမ်းသွားလာရင်း ဝင်ခိုးသွားသည်များနှင့် ကြုံနေရခြင်းဖြစ်ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။

“ ဝမ်ကောင်းကနေ အခုအမှုဖွင့်တိုင်တာတော့ မရှိဘူး။ ပြီးခဲ့တဲ့လက တိုင်တာ တစ်ခုပဲရှိတယ်။ များသောအားဖြင့်က ကီလိုကောက်တဲ့သူတွေက ရပ်ကွက်အတွင်း လှည့်ပတ်သွားရင်းလာရင်း ခိုးယူသွားတာမျိုးတွေ တွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ပုံမှန်လှည့်ကင်းအပြင် ပြစ်မှုဖြစ်ပွားတတ်တဲ့ နေရာမျိုးတွေမှာတော့ ပိုပြီးသတိထားစောင့်ကြည့်တာတွေ လုပ်နေပါတယ်”ဟု တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး ကြည်စိုးက ပြောသည်။

ရဲတပ်ဖွဲ့အနဖြေင့် တာချီလိတ်မြို့အား သက်ဆိုင်ရာ လှည့်ကင်း၊ ပတ်ကင်းများဖြင့် ဆောင်ရွက်နပြေီး ပြစ်မှုအဖြစ်များသည့် နေရာများကို အထူးသတိထားစောင့်ကြည့်ခြင်းများ လုပ်ဆောင်နေရာ တစ်စုံတစ်ခုဖြစ်ပွားပါက အမြန်ဆုံးဆက်သွယ်ရမည့်ရဲတပ်ဖွဲ့၏ဖုန်းနံပါတ်များအား ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတိုင်းတွင် ပေးထားကြောင်း သိရသည်။

သတင်း - အင်မိုင်ခ
ဓာတ်ပုံ - SEW

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~