က်ဳိင္းတံုတြင္ ရက္ ၉၀ စီမံခ်က္ကာလအတြင္း စားေသာက္ကုန္ထုတ္လုပ္ငန္း ၁၅ ခု လုပ္ငန္းေထာက္ခံခ်က္ ေလွ်ာက္ထား

က်ဳိင္းတံုတြင္ ရက္ ၉၀ စီမံခ်က္ကာလအတြင္း စားေသာက္ကုန္ထုတ္လုပ္ငန္း ၁၅ ခု လုပ္ငန္းေထာက္ခံခ်က္ ေလွ်ာက္ထား
နိုဝင်ဘာ 1, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) က်ိဳင္းတုံၿမိဳ႕နယ္တြင္ ဥပေဒႏွင့္ညီညြတ္မႈမရိွေသာ စားေသာက္ကုန္မ်ား ရက္ (၉၀)အတြင္း ဖယ္ရွားေရးစီမံခ်က္ကာလအတြင္း စားေသာက္ကုန္ လုပ္ငန္းေထာက္ခံခ်က္ ေလွ်ာက္ထားသည့္ လုပ္ငန္းေပါင္း (၁၅)ခုရိွေၾကာင္း သိရသည္။

စီမံခ်က္ကာလမွာ ၾသဂုတ္လမွ ေအာက္တိုဘာလအထိ ရက္(၉၀) စီမံခ်က္ျဖစ္ျပီး အေသးစား၊ အလတ္စား စားေသာက္ကုန္လုပ္ငန္း (၅)ခုမွ ေထာက္ခံခ်က္ရရိွရန္ ေလွ်ာက္ထားၿပီး လုပ္ငန္း (၁၀)ခုကိုလည္း ထပ္မံေလွ်ာက္ထားရန္ ဆက္သြယ္ထားေၾကာင္း သိရသည္။

"စီမံခ်က္ကေတာ့ ဒီေန ့ဆိုရင္ ၿပီးသြားပါၿပီ။ ဒီကာလအတြင္းမွာ အေသးစား၊ အလတ္စား စားေသာက္ကုန္လုပ္ငန္း (၁၅)ခုက ေထာက္ခံခ်က္ရရိွဖို ့အတြက္ လာၿပီးေလွ်ာက္ၾကတယ္။ အဲဒီအထဲမွာ လုပ္ငန္း(၅)ခုရဲ႕ လိုအပ္တဲ့ စာရြက္စာတမ္းနဲ ့ သူတို႔ရဲ႕ထုတ္ကုန္နမူနာေတြကို စစ္ေဆးႏိုင္ဖို ့အတြက္ ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာနကို ပို႔ထားၿပီးျဖစ္ပါတယ္။ ေနာက္ၿပီးေတာ့ ဒီစီမံခ်က္ကာလအတြင္းမွာပဲ လုပ္ငန္း(၁၀)ခုက ေထာက္ခံခ်က္လုပ္ဖို ့အတြက္ လိုအပ္တာေတြကို လာပုိ႔ထားတာေတြလည္း ရိွေနပါတယ္။ ဒါေတြကိုလည္း သိပ္မၾကာခင္ ပို႔ေပးသြားမွာပါ"ဟု က်ိဳင္းတုံခရိုင္စားသုံးသူ အျငင္းပြားမႈေျဖရွင္းေရးအဖြဲ ့မွ အတြင္းေရးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
က်ိဳင္းတုံခရိုင္စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ ့အေနျဖင့္ ေဒသတြင္းလုပ္ငန္းရွင္မ်ား အခက္အခဲမရိွေစေရးအတြက္ စားေသာက္ကုန္ဆုိင္ရာ ဥပေဒမ်ားအား ရွင္းလင္းျခင္းႏွင့္ ေထာက္ခံခ်က္ရရိွရန္ ကူညီျခင္းတို႔အား ေဆာင္ရြက္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

"ဒီကေနၿပီးေတာ့ ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာနကို ထုတ္ကုန္ နမူနာေတြ ပို ့ေပးတယ္ဆိုရင္ သူတို ့က ဓာတ္ခြဲခန္းေတြမွာ Chemical (၆)မ်ိဳးကေန (၈)မ်ိဳးၾကားကို စစ္တယ္လို ့ သိထားပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို ့က လုပ္ငန္းရွင္ေတြဆီကေန လိုအပ္တာေတြကို စုၿပီးေတာ့ သက္ဆိုင္ရာဌာနေတြကို ပို ့ေပးေနတာျဖစ္တဲ့အတြက္ တင္ပို ့ခနဲ ့ သူမ်ားဌာနေတြကို ေပးရတဲ့ စာရြက္စာတမ္းေၾကးေတြကို ေပါင္းလိုက္ရင္ တစ္ဦးကုိ (၆)ေသာင္းေလာက္ပဲကုန္ပါတယ္။ ကၽြန္ေတာ္တို ့ အေနနဲ ့ အပိုေတာင္းတာေတြလည္း မရိွပါဘူး"ဟု က်ိဳင္းတုံခရိုင္စားသုံးသူ အျငင္းပြားမႈေျဖရွင္းေရးအဖြဲ ့မွ အတြင္းေရးမွဴး ဦးသန္းစိုးက ေျပာသည္။

အေသးစား၊ အလတ္စား စားေသာက္ကုန္လုပ္ငန္းမ်ားအေနျဖင့္ ေထာက္ခံခ်က္ေလွ်ာက္ထားရန္ သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး၏ ေထာက္ခံစာ၊ အိမ္ေထာင္စုဇယားမိတၱဴ၊ လိုင္စင္ဓာတ္ပုံ၊ မွတ္ပုံတင္ မိတၱဴ၊ ထုတ္ကုန္ တံဆိပ္(logo)ႏွင့္ ထုတ္ကုန္ နမူနာမ်ားလိုအပ္ေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် ဥပဒေနှင့်ညီညွတ်မှုမရှိသော စားသောက်ကုန်များ ရက် (၉၀)အတွင်း ဖယ်ရှားရေးစီမံချက်ကာလအတွင်း စားသောက်ကုန် လုပ်ငန်းထောက်ခံချက် လျှောက်ထားသည့် လုပ်ငန်းပေါင်း (၁၅)ခုရှိကြောင်း သိရသည်။

စီမံချက်ကာလမှာ သြဂုတ်လမှ အောက်တိုဘာလအထိ ရက်(၉၀) စီမံချက်ဖြစ်ပြီး အသေးစား၊ အလတ်စား စားသောက်ကုန်လုပ်ငန်း (၅)ခုမှ ထောက်ခံချက်ရရှိရန် လျှောက်ထားပြီး လုပ်ငန်း (၁၀)ခုကိုလည်း ထပ်မံလျှောက်ထားရန် ဆက်သွယ်ထားကြောင်း သိရသည်။

"စီမံချက်ကတော့ ဒီနေ့ဆိုရင် ပြီးသွားပါပြီ။ ဒီကာလအတွင်းမှာ အသေးစား၊ အလတ်စား စားသောက်ကုန်လုပ်ငန်း (၁၅)ခုက ထောက်ခံချက်ရရှိဖို့အတွက် လာပြီးလျှောက်ကြတယ်။ အဲဒီအထဲမှာ လုပ်ငန်း(၅)ခုရဲ့ လိုအပ်တဲ့ စာရွက်စာတမ်းနဲ့ သူတို့ရဲ့ထုတ်ကုန်နမူနာတွေကို စစ်ဆေးနိုင်ဖို့အတွက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကို ပို့ထားပြီးဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီစီမံချက်ကာလအတွင်းမှာပဲ လုပ်ငန်း(၁၀)ခုက ထောက်ခံချက်လုပ်ဖို့အတွက် လိုအပ်တာတွေကို လာပို့ထားတာတွေလည်း ရှိနေပါတယ်။ ဒါတွေကိုလည်း သိပ်မကြာခင် ပို့ပေးသွားမှာပါ"ဟု ကျိုင်းတုံခရိုင်စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့အနဖြေင့် ဒေသတွင်းလုပ်ငန်းရှင်များ အခက်အခဲမရှိစေရေးအတွက် စားသောက်ကုန်ဆိုင်ရာ ဥပဒေများအား ရှင်းလင်းခြင်းနှင့် ထောက်ခံချက်ရရှိရန် ကူညီခြင်းတို့အား ဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

"ဒီကနပြေီးတော့ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကို ထုတ်ကုန် နမူနာတွေ ပို့ပေးတယ်ဆိုရင် သူတို့က ဓာတ်ခွဲခန်းတွေမှာ Chemical (၆)မျိုးကနေ (၈)မျိုးကြားကို စစ်တယ်လို့ သိထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့က လုပ်ငန်းရှင်တွေဆီကနေ လိုအပ်တာတွေကို စုပြီးတော့ သက်ဆိုင်ရာဌာနတွေကို ပို့ပေးနေတာဖြစ်တဲ့အတွက် တင်ပို့ခနဲ့ သူများဌာနတွေကို ပေးရတဲ့ စာရွက်စာတမ်းကြေးတွေကို ပေါင်းလိုက်ရင် တစ်ဦးကို (၆)သောင်းလောက်ပဲကုန်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အပိုတောင်းတာတွေလည်း မရှိပါဘူး"ဟု ကျိုင်းတုံခရိုင်စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းစိုးက ပြောသည်။

အသေးစား၊ အလတ်စား စားသောက်ကုန်လုပ်ငန်းများအနဖြေင့် ထောက်ခံချက်လျှောက်ထားရန် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ၊ အိမ်ထောင်စုဇယားမိတ္တူ၊ လိုင်စင်ဓာတ်ပုံ၊ မှတ်ပုံတင် မိတ္တူ၊ ထုတ်ကုန် တံဆိပ်(logo)နှင့် ထုတ်ကုန် နမူနာများလိုအပ်ကြောင်း သိရသည်။

သတင်း #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~