မူဆယ္ခရိုင္အတြင္း တစ္ႏွစ္တာ ဖမ္းဆီးရမိသည့္ ေလာင္းကစားဂိမ္းစက္ ႏွင့္ ဂိမ္းခံုမ်ား မီးရိႈ႕ဖ်က္ဆီး

မူဆယ္ခရိုင္အတြင္း တစ္ႏွစ္တာ ဖမ္းဆီးရမိသည့္ ေလာင္းကစားဂိမ္းစက္ ႏွင့္ ဂိမ္းခံုမ်ား မီးရိႈ႕ဖ်က္ဆီး
နိုဝင်ဘာ 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ခရိုင္အတြင္း တစ္ႏွစ္တာ ဖမ္းဆီးရမိထားသည့္ ေလာင္းကစားမႈ (၂၅)မႈမွ ဂိမ္းစက္ႏွင့္ ဂိမ္းခံုမ်ားအား ႏိုဝင္ဘာလ (၂၄)ရက္ေန႔က မူဆယ္ၿမိဳ႕တြင္ မီးရိႈ႕ဖ်က္ဆီးလုိက္ေၾကာင္း သိရသည္။

မူဆယ္ခရိုင္အတြင္း ၂၀၁၅ - ၂၀၁၆ ဘ႑ာႏွစ္အတြင္း ဖမ္းဆီးရမိခဲ့သည့္ ေလာင္းကစား ပစၥည္းမ်ားျဖစ္သည့္ ဂိမ္းစက္( ၁၇၂)လံုး၊ ဂံုးဂင္းခံု (၂)ခံု၊ အံစာတံုး (၆)တံုး၊ ဖဲခ်ပ္(၁၀၅) ခ်ပ္၊ ကာစီႏိုခံု( ၁၀)လံုး၊ သရဖူဂိမ္းစက္(၁၁)လံုး၊ ပဲက်ားေလာ့ (၂၀)လံုးတို႔အား မီးရႈိႈ႕ဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မူဆယ္ၿမိဳ႕ စြမ္ေစာ္ရပ္ကြက္၊ ေဘာလံုးကြင္းတြင္ ႏိုဝင္ဘာလ (၂၄)ရက္ေန႔ နံနက္က မီးရိႈ႕ ဖ်က္ဆီးျခင္းျဖစ္ၿပီး အဆိုပါ ဖမ္းဆီးရမိသည့္ အခ်ိဳ႕ေလာင္းကစားလုပ္ငန္းမ်ားမွာ ပိုင္ရွင္မဲ့အျဖစ္ ဖမ္းဆီးရမိထားျခင္းျဖစ္ေၾကာင္း သိရသည္။

မီးရိႈ႕ဖ်က္ဆီးရာသို႔ ရွမ္းျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္၊ ဒုတိယပညာေရးမွဴး(လားရိႈး)၊ ခရိုင္ရဲမွဴး၊ ဒုတိယခရိုင္ရဲမွဴး၊ ရဲမွဴး၊ ဒုတိယ ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး၊ အမွတ္(၁၂၂) ယာဥ္ထိန္းရဲတပ္ဖြဲ႔စုမွ ဒုတိယရဲမွဴးႏွင့္ ခရိုင္/ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ ရပ္ကြက္/ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ား ရပ္မိရပ္ဖမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓာတ္ပံု #မူဆယ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဌာန


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်အတွင်း တစ်နှစ်တာ ဖမ်းဆီးရမိထားသည့် လောင်းကစားမှု (၂၅)မှုမှ ဂိမ်းစက်နှင့် ဂိမ်းခုံများအား နိုဝင်ဘာလ (၂၄)ရက်နေ့က မူဆယ်မြို့တွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

မူဆယ်ခရိုင်အတွင်း ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဖမ်းဆီးရမိခဲ့သည့် လောင်းကစား ပစ္စည်းများဖြစ်သည့် ဂိမ်းစက်( ၁၇၂)လုံး၊ ဂုံးဂင်းခုံ (၂)ခုံ၊ အံစာတုံး (၆)တုံး၊ ဖဲချပ်(၁၀၅) ချပ်၊ ကာစီနိုခုံ( ၁၀)လုံး၊ သရဖူဂိမ်းစက်(၁၁)လုံး၊ ပဲကျားလော့ (၂၀)လုံးတို့အား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့ စွမ်စော်ရပ်ကွက်၊ ဘောလုံးကွင်းတွင် နိုဝင်ဘာလ (၂၄)ရက်နေ့ နံနက်က မီးရှို့ ဖျက်ဆီးခြင်းဖြစ်ပြီး အဆိုပါ ဖမ်းဆီးရမိသည့် အချို့လောင်းကစားလုပ်ငန်းများမှာ ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိထားခြင်းဖြစ်ကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးရာသို့ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယပညာရေးမှူး(လားရှိုး)၊ ခရိုင်ရဲမှူး၊ ဒုတိယခရိုင်ရဲမှူး၊ ရဲမှူး၊ ဒုတိယ ခရိုင် အုပ်ချုပ်ရေးမှူး၊ အမှတ်(၁၂၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~