တာခ်ီလိတ္ခရိုင္အတြင္း ကာလတို ေတာင္သူလယ္သမားအသက္အာမခံ ဝယ္ယူထားသူ ၇၀ ေက်ာ္ရိွ

တာခ်ီလိတ္ခရိုင္အတြင္း ကာလတို ေတာင္သူလယ္သမားအသက္အာမခံ ဝယ္ယူထားသူ ၇၀ ေက်ာ္ရိွ
နိုဝင်ဘာ 24, 2017
By Tachileik News Agency

ျမန္မာ့အာမခံလုပ္ငန္းက ယခုႏွစ္တြင္ စတင္ေဆာင္ရြက္သည့္ ေတာင္သူလယ္သမားအသက္အာမခံကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္အတြင္းမွ ဝယ္ယူထားသူဦးေရမွာ ႏိုဝင္ဘာလ (၂၄)ရက္ေန႔အထိ (၇၀)ေက်ာ္ရိွေနၿပီျဖစ္ေၾကာင္း တာခ်ီလိတ္ခရိုင္ ျမန္မာ့အာမခံလုပ္ငန္းထံမွ သိရသည္။

“လက္ရိွမွာ မိုင္းျဖတ္ႏွင့္ တာခ်ီလိတ္က အာမခံထားရိွသူ စုစုေပါင္း (၇၀)ေက်ာ္ေလာက္ရိွေနပါၿပီ။ ဒီအာမခံ အေၾကာင္းကို ေအာက္တိုဘာလအတြင္းက မုိင္းျဖတ္မွာ အသိေပးေဆြးေႏြးခဲ့တယ္။ အခုဒီလမွာက မိုင္းေယာင္းမွာ ရပ္/ေက်းေတြနဲ႔ ေတြ႔ဆံုၿပီး ရွင္းလင္းေဆြးေႏြးတယ္။ သူတို႔ဆီမွာလည္း အာမခံ လက္မွတ္ေတြ ေပးထားခဲ့ပါတယ္။ သူတို႔ကမွတစ္ဆင့္ ေဒသခံေတြကို ျပန္လည္ရွင္းလင္းေဆြးေႏြးေပးမွာပါ။ ၿပီးခဲ့တဲ့ ရွင္းလင္းပြဲေတြ အေတြ႔အႀကံဳအရ ဒီအာမခံကို စိတ္ဝင္စားၾကတာကို ေတြ႔ရပါတယ္”ဟု ျမန္မာ့အာမခံလုပ္ငန္း တာခ်ီလိတ္ခရိုင္ တာဝန္ခံ ဦးကိုကိုေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာ့ အာမခံလုပ္ငန္းက ယခင္ေဆာင္ရြက္ေပးေနသည့္ ကာလရွည္ အသက္အာမခံထက္ ေလ်ာ္ေၾကးအဆ တိုးေပးထားသည့္ ေတာင္သူလယ္သမား အသက္အာမခံသည္ ကာလတိုျဖစ္ၿပီး ေတာင္သူလယ္သမား၊ ေတာင္သူႏွင့္ ပတ္သက္ေသာ မိသားစုဝင္မ်ား၊ အျခားသူမ်ား မည္သူမဆို ယူနစ္ကန္႔သတ္ခ်က္မရိွ ဝယ္ယူႏုိင္ေၾကာင္း သိရသည္။

“အာမခံထားသူ အက်ိဳးမ်ားမ်ား ခံစားခြင့္ရတဲ့ အာမခံ အမ်ိဳးအစားပါ။ သြင္းတာက (၁)ရာခုိင္ႏႈန္း သြင္းရပါတယ္ (တစ္ရာကို တစ္က်ပ္ႏႈန္း)။ က်ပ္တစ္သိန္း အာမခံထားခ်င္ရင္ က်ပ္တစ္ေထာင္ သြင္းရပါတယ္။ ဒီအာမခံရဲ႕အက်ိဳးခံစားခြင့္က အာမခံထားရိွသူ ေသသြားရင္ အက်ိဳးခံစားခြင့္ရိွသူကို က်ပ္တစ္သိန္း ေပးပါတယ္။ ေဆးဝါးကုသခြင့္ဆိုရင္ တစ္ရက္ကို က်ပ္ႏွစ္ေထာင္နဲ႔ (၅)ရက္ခံစားခြင့္ ေပးပါတယ္။ ဒီအာမခံထဲကေန တစ္ႏွစ္အတြင္းမွာ သံုးႀကိမ္ ေဆးကုသခြင့္ေပးပါတယ္။ ဒါက က်ပ္တစ္သိန္း အေပၚမွာ အေျခခံတြက္တာေပါ့ေနာ္။ အကယ္၍ က်ပ္သိန္း (၅၀)အာမခံထားခ်င္တယ္ဆိုရင္ က်ပ္ငါးေသာင္း သြင္းရတယ္။ ဒီလိုသြင္းထားရင္ ေဆးဝါးကုသစရိတ္အျဖစ္ တစ္ရက္ကို က်ပ္တစ္သိန္းႏႈန္း ေပးတယ္။ ဒီအတိုင္းဆို ကိုယ့္မိသားစုကို က်ပ္သိန္းငါးဆယ္ အေမြမေပးခဲ့ႏိုင္ေပမဲ့ ကိုယ္သာ တစ္ခုခုခ်ိဳ႕ယြင္းခဲ့ရင္ က်ပ္သိန္းငါးဆယ္ အေမြေပးခဲ့သလို ပံုစံမ်ိဳးလည္း သက္ေရာက္တာေပါ့။ တစ္ႏွစ္ တစ္ႏွစ္ကို ငါးေသာင္း သြင္းထားျခင္းျဖင့္ ကိုယ့္မိသားစုကို က်ပ္သိန္း(၅၀)အေမြေပးခဲ့သလိုမ်ိဳးေပါ့”ဟု ျမန္မာ့အာမခံလုပ္ငန္း တာခ်ီလိတ္ခရိုင္ တာဝန္ခံ ဦးကိုကိုေအာင္က ေျပာသည္။

ေတာင္သူလယ္သမား အသက္အာမခံသည္ ကာလတိုအာမခံျဖစ္သျဖင့္ တစ္ႏွစ္သက္တမ္းအတြင္းသာ ခံစားခြင့္ရိွၿပီး တစ္ႏွစ္ေက်ာ္လြန္ပါက ထပ္မံဝယ္ယူရေၾကာင္း သိရသည္။

“ ရိုးရိုး အသက္အာမခံက ကာလရွည္ထားရတာျဖစ္ၿပီး သူစုထားတဲ့ေငြ သူျပန္ရတယ္။ ဥပမာ ႏွစ္(၄၀)သြင္းမယ့္ပုဂၢိဳလ္က တစ္ႏွစ္၊ ႏွစ္ႏွစ္နဲ႔ ေသသြားတယ္ဆိုရင္လည္း သူက ဆယ္သိန္း အာမခံဝယ္ထားတယ္ဆိုရင္ သူသြင္းထားတာ သံုးေလးေသာင္းပဲရိွေပမဲ့ အာမခံလုပ္ငန္းက ဆယ္သိန္းေလ်ာ္ေပးရပါတယ္။ အခု ကာလတို ေတာင္သူလယ္သမားအသက္အာမခံကေတာ့ တစ္ႏွစ္သက္တမ္းပဲရိွတယ္။ တစ္ႏွစ္ေက်ာ္သြားရင္ ႏုိင္ငံေတာ္ ဘ႑ာျဖစ္သြားတယ္။ ဒီကာလတို အာမခံရဲ႕ပံုစံက ဒီအာမခံရရိွတဲ့ ပမာဏထဲကေန ခ်ိဳ႕ယြင္းသြားသူေတြကို ပမာဏမ်ားမ်ား ပံ့ပိုးေပးတဲ့ ပရဟိတပံုစံနဲ႔ သြားတာပါ။ သူက အာမခံဝယ္ယူတဲ့ေန႔မွ တစ္ႏွစ္ျပည့္တဲ့ ည(၁၂)နာရီမွာဆို သက္တမ္းကုန္ပါတယ္။ သက္တမ္းကုန္တဲ့အခ်ိန္ဟာ အာမခံနဲ႔ ကင္းကြာသြားပါၿပီ။ ေနာက္ထပ္ ထပ္ထားခ်င္ရင္ ထပ္ဝယ္ရပါတယ္” ဟု ျမန္မာ့အာမခံလုပ္ငန္း တာခ်ီလိတ္ခရိုင္ တာဝန္ခံ ဦးကိုကိုေအာင္က ေျပာသည္။

အာမခံဝယ္ယူလိုသူမ်ား အေနျဖင့္ အာမခံထားမည့္သူ၏ အမည္၊မွတ္ပံုတင္၊ မိမိအာမခံကို အက်ိဳးခံစားခြင့္ေပးမည့္သူ၏ အခ်က္အလက္မ်ားႏွင့္အတူ ရပ္/ေက်းရံုးမ်ားတြင္လည္းေကာင္း ျမန္မာ့အာမခံလုပ္ငန္းတြင္ လည္းေကာင္း ဝယ္ယူႏုိင္ေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္ ျမန္မာ့အာမခံလုပ္ငန္းက ေတာင္သူလယ္သမား အသက္အာမခံထားရိွျခင္းႏွင့္ ပတ္သက္သည့္ အသိေပးေဆြးေႏြးျခင္းမ်ားကို ေအာက္တိုဘာလတြင္ မုိင္းျဖတ္ၿမိဳ႕၌ စတင္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး ႏိုဝင္ဘာလ (၂၃)ရက္ေန႔တြင္ မုိင္းေယာင္းၿမိဳ႕မွ ရပ္/ေက်းဥကၠဌမ်ားႏွင့္ ေတြ႔ဆံုရွင္းလင္းခဲ့ကာ ဒီဇင္ဘာလတြင္ က်ိဳင္းလပ္ႏွင့္ တာေလၿမိဳ႕မ်ားတြင္ လည္းေကာင္း၊ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလတြင္ တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္လည္းေကာင္း အသိေပးရွင္းလင္း ေဆြးေႏြးမႈ လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္
ဓါတ္ပံု - မိုင္းေယာင္းျပန္ဆက္


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ့အာမခံလုပ်ငန်းက ယခုနှစ်တွင် စတင်ဆောင်ရွက်သည့် တောင်သူလယ်သမားအသက်အာမခံကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းမှ ဝယ်ယူထားသူဦးရေမှာ နိုဝင်ဘာလ (၂၄)ရက်နေ့အထိ (၇၀)ကျော်ရှိနပြေီဖြစ်ကြောင်း တာချီလိတ်ခရိုင် မြန်မာ့အာမခံလုပ်ငန်းထံမှ သိရသည်။

“လက်ရှိမှာ မိုင်းဖြတ်နှင့် တာချီလိတ်က အာမခံထားရှိသူ စုစုပေါင်း (၇၀)ကျော်လောက်ရှိနေပါပြီ။ ဒီအာမခံ အကြောင်းကို အောက်တိုဘာလအတွင်းက မိုင်းဖြတ်မှာ အသိပေးဆွေးနွေးခဲ့တယ်။ အခုဒီလမှာက မိုင်းယောင်းမှာ ရပ်/ကျေးတွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းဆွေးနွေးတယ်။ သူတို့ဆီမှာလည်း အာမခံ လက်မှတ်တွေ ပေးထားခဲ့ပါတယ်။ သူတို့ကမှတစ်ဆင့် ဒေသခံတွေကို ပြန်လည်ရှင်းလင်းဆွေးနွေးပေးမှာပါ။ ပြီးခဲ့တဲ့ ရှင်းလင်းပွဲတွေ အတွေ့အကြုံအရ ဒီအာမခံကို စိတ်ဝင်စားကြတာကို တွေ့ရပါတယ်”ဟု မြန်မာ့အာမခံလုပ်ငန်း တာချီလိတ်ခရိုင် တာဝန်ခံ ဦးကိုကိုအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ့ အာမခံလုပ်ငန်းက ယခင်ဆောင်ရွက်ပေးနေသည့် ကာလရှည် အသက်အာမခံထက် လျော်ကြေးအဆ တိုးပေးထားသည့် တောင်သူလယ်သမား အသက်အာမခံသည် ကာလတိုဖြစ်ပြီး တောင်သူလယ်သမား၊ တောင်သူနှင့် ပတ်သက်သော မိသားစုဝင်များ၊ အခြားသူများ မည်သူမဆို ယူနစ်ကန့်သတ်ချက်မရှိ ဝယ်ယူနိုင်ကြောင်း သိရသည်။

“အာမခံထားသူ အကျိုးများများ ခံစားခွင့်ရတဲ့ အာမခံ အမျိုးအစားပါ။ သွင်းတာက (၁)ရာခိုင်နှုန်း သွင်းရပါတယ် (တစ်ရာကို တစ်ကျပ်နှုန်း)။ ကျပ်တစ်သိန်း အာမခံထားချင်ရင် ကျပ်တစ်ထောင် သွင်းရပါတယ်။ ဒီအာမခံရဲ့အကျိုးခံစားခွင့်က အာမခံထားရှိသူ သေသွားရင် အကျိုးခံစားခွင့်ရှိသူကို ကျပ်တစ်သိန်း ပေးပါတယ်။ ဆေးဝါးကုသခွင့်ဆိုရင် တစ်ရက်ကို ကျပ်နှစ်ထောင်နဲ့ (၅)ရက်ခံစားခွင့် ပေးပါတယ်။ ဒီအာမခံထဲကနေ တစ်နှစ်အတွင်းမှာ သုံးကြိမ် ဆေးကုသခွင့်ပေးပါတယ်။ ဒါက ကျပ်တစ်သိန်း အပေါ်မှာ အခြေခံတွက်တာပေါ့နော်။ အကယ်၍ ကျပ်သိန်း (၅၀)အာမခံထားချင်တယ်ဆိုရင် ကျပ်ငါးသောင်း သွင်းရတယ်။ ဒီလိုသွင်းထားရင် ဆေးဝါးကုသစရိတ်အဖြစ် တစ်ရက်ကို ကျပ်တစ်သိန်းနှုန်း ပေးတယ်။ ဒီအတိုင်းဆို ကိုယ့်မိသားစုကို ကျပ်သိန်းငါးဆယ် အမွေမပေးခဲ့နိုင်ပေမဲ့ ကိုယ်သာ တစ်ခုခုချို့ယွင်းခဲ့ရင် ကျပ်သိန်းငါးဆယ် အမွေပေးခဲ့သလို ပုံစံမျိုးလည်း သက်ရောက်တာပေါ့။ တစ်နှစ် တစ်နှစ်ကို ငါးသောင်း သွင်းထားခြင်းဖြင့် ကိုယ့်မိသားစုကို ကျပ်သိန်း(၅၀)အမွေပေးခဲ့သလိုမျိုးပေါ့”ဟု မြန်မာ့အာမခံလုပ်ငန်း တာချီလိတ်ခရိုင် တာဝန်ခံ ဦးကိုကိုအောင်က ပြောသည်။

တောင်သူလယ်သမား အသက်အာမခံသည် ကာလတိုအာမခံဖြစ်သဖြင့် တစ်နှစ်သက်တမ်းအတွင်းသာ ခံစားခွင့်ရှိပြီး တစ်နှစ်ကျော်လွန်ပါက ထပ်မံဝယ်ယူရကြောင်း သိရသည်။

“ ရိုးရိုး အသက်အာမခံက ကာလရှည်ထားရတာဖြစ်ပြီး သူစုထားတဲ့ငွေ သူပြန်ရတယ်။ ဥပမာ နှစ်(၄၀)သွင်းမယ့်ပုဂ္ဂိုလ်က တစ်နှစ်၊ နှစ်နှစ်နဲ့ သေသွားတယ်ဆိုရင်လည်း သူက ဆယ်သိန်း အာမခံဝယ်ထားတယ်ဆိုရင် သူသွင်းထားတာ သုံးလေးသောင်းပဲရှိပေမဲ့ အာမခံလုပ်ငန်းက ဆယ်သိန်းလျော်ပေးရပါတယ်။ အခု ကာလတို တောင်သူလယ်သမားအသက်အာမခံကတော့ တစ်နှစ်သက်တမ်းပဲရှိတယ်။ တစ်နှစ်ကျော်သွားရင် နိုင်ငံတော် ဘဏ္ဍာဖြစ်သွားတယ်။ ဒီကာလတို အာမခံရဲ့ပုံစံက ဒီအာမခံရရှိတဲ့ ပမာဏထဲကနေ ချို့ယွင်းသွားသူတွေကို ပမာဏများများ ပံ့ပိုးပေးတဲ့ ပရဟိတပုံစံနဲ့ သွားတာပါ။ သူက အာမခံဝယ်ယူတဲ့နေ့မှ တစ်နှစ်ပြည့်တဲ့ ည(၁၂)နာရီမှာဆို သက်တမ်းကုန်ပါတယ်။ သက်တမ်းကုန်တဲ့အချိန်ဟာ အာမခံနဲ့ ကင်းကွာသွားပါပြီ။ နောက်ထပ် ထပ်ထားချင်ရင် ထပ်ဝယ်ရပါတယ်” ဟု မြန်မာ့အာမခံလုပ်ငန်း တာချီလိတ်ခရိုင် တာဝန်ခံ ဦးကိုကိုအောင်က ပြောသည်။

အာမခံဝယ်ယူလိုသူများ အနဖြေင့် အာမခံထားမည့်သူ၏ အမည်၊မှတ်ပုံတင်၊ မိမိအာမခံကို အကျိုးခံစားခွင့်ပေးမည့်သူ၏ အချက်အလက်များနှင့်အတူ ရပ်/ကျေးရုံးများတွင်လည်းကောင်း မြန်မာ့အာမခံလုပ်ငန်းတွင် လည်းကောင်း ဝယ်ယူနိုင်ကြောင်း သိရသည်။

တာချီလိတ်ခရိုင် မြန်မာ့အာမခံလုပ်ငန်းက တောင်သူလယ်သမား အသက်အာမခံထားရှိခြင်းနှင့် ပတ်သက်သည့် အသိပေးဆွေးနွေးခြင်းများကို အောက်တိုဘာလတွင် မိုင်းဖြတ်မြို့၌ စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ (၂၃)ရက်နေ့တွင် မိုင်းယောင်းမြို့မှ ရပ်/ကျေးဥက္ကဌများနှင့် တွေ့ဆုံရှင်းလင်းခဲ့ကာ ဒီဇင်ဘာလတွင် ကျိုင်းလပ်နှင့် တာလမြေို့များတွင် လည်းကောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် တာချီလိတ်မြို့ပေါ်ရပ်ကွက်များတွင်လည်းကောင်း အသိပေးရှင်းလင်း ဆွေးနွေးမှု လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - မိုင်းယောင်းပြန်ဆက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~