တာချီလိတ်ခရိုင်ဆေးရုံကြီး၌ ပုဂ္ဂလိကအလှူရှင်များ လှူဒါန်းထားသည့် ကျောက်ကပ်ဆေးစက်ဖြင့် ကုသပေးနေသူ လက်ရှိတွင်(၆) ဦးရှိနေ

တာချီလိတ်ခရိုင်ဆေးရုံကြီး၌ ပုဂ္ဂလိကအလှူရှင်များ လှူဒါန်းထားသည့် ကျောက်ကပ်ဆေးစက်ဖြင့် ကုသပေးနေသူ လက်ရှိတွင်(၆) ဦးရှိနေ
နိုဝငျဘာ 18, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ဆေးရုံကြီးတွင် ပုဂ္ဂလိကအလှူရှင်များ လှူဒါန်းထားသည့် ကျောက်ကပ်ဆေးစက်ဖြင့် ကျောက်ကပ်ဝေဒနာရှင်များအား ၂၀၁၇ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့က စ၍ ကုသမှုပေးနေရာ နိုဝင်ဘာလ (၁၈)ရက်နေ့အထိ ကုသမှုခံယူနေသူ (၆)ဦးရှိနေပြီ ဖြစ်ကြောင်း သိရသည်။


ယခင်က ကျောက်ကပ်ဆေးသည့် လူနာများအနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်နေရသဖြင့် ကျောက်ကပ်သွေးသန့်စင် စက်နှင့် ရေသန့်စက်များကို တာချီလိတ်မှ လုပ်ငန်းရှင် (၅)ဦး၊ ခရိုင် အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖများက ကျပ်သိန်း (၃၂၀) မတည်ကာ တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - UTS

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ဆေးရုံကြီးတွင် ပုဂ္ဂလိကအလှူရှင်များ လှူဒါန်းထားသည့် ကျောက်ကပ်ဆေးစက်ဖြင့် ကျောက်ကပ်ဝေဒနာရှင်များအား ၂၀၁၇ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့က စ၍ ကုသမှုပေးနေရာ နိုဝင်ဘာလ (၁၈)ရက်နေ့အထိ ကုသမှုခံယူနေသူ (၆)ဦးရှိနပြေီ ဖြစ်ကြောင်း သိရသည်။

“ဒီနေ့အထိ ကျောက်ကပ်ဆေးသူ (၆)ဦးရှိနေပါပြီ။ နောက်ထပ် တန်းစီစာရင်းတော့ မရှိသေးပါဘူး။ လောလောဆယ် ဒီ(၆)ယောက်ကို ရက်ချိန်းနဲ့ အလှည့်ကျ ဆေးပေးနေရတယ်။ ကျောက်ကပ်ဆေးစက်က တစ်လုံးပဲရှိတာကိုး။ ဒီမှာ ကျောက်ကပ်ဆေးတာကို မတတ်နိုင်သူတွေကို အခမဲ့၊ တတ်နိုင်သူတွေကိုတော့ ကျောက်ကပ်ဆေးစက်အတွက် ဆေးဝယ်ရတာတွေမှာ ပြန်စိုက်ထည့်နိုင်ဖို့ ဘတ်(၁၅၀၀)ယူပါတယ်။ ဒါက ကျောက်ကပ်ဆေးစက် အလှူရှင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ပါ။ သူတို့က ဒီကျောက်ကပ်ဆေးစက်အတွက် ဆေးပြန်ဝယ်ရတာကြောင့်ပါ။ ဆေးရုံကတော့ ဝန်ထမ်းတွေ ပံ့ပိုးပေးတာပါ။ ဝန်ထမ်းတွေကတော့ အစိုးရက လစာပေးထားတဲ့ ဝန်ထမ်းတွေပါ။ ကျွန်တော်တို့ ခရိုင်ပြည်သူ့ဆေးရုံအနေနဲ့ ငွေကြေးယူခြင်း မရှိပါဘူး”ဟု တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ဆေးရုံကြီးမှ ဓာတ်ခွဲမှူး ဦးသိန်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခင်က ကျောက်ကပ်ဆေးသည့် လူနာများအနဖြေင့် ထိုင်းနိုင်ငံသို့ သွားရောက်နေရသဖြင့် ကျောက်ကပ်သွေးသန့်စင် စက်နှင့် ရေသန့်စက်များကို တာချီလိတ်မှ လုပ်ငန်းရှင် (၅)ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖများက ကျပ်သိန်း (၃၂၀) မတည်ကာ တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - UTS

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~