ေက်ာက္မဲၿမိဳ႕အဝင္ အေျမာက္တပ္အနီးတြင္ မုိင္းေပါက္ကြဲမႈျဖစ္၍ ရွာေဖြရွင္းလင္းမႈမ်ား လုပ္ေဆာင္ေန

ေက်ာက္မဲၿမိဳ႕အဝင္ အေျမာက္တပ္အနီးတြင္ မုိင္းေပါက္ကြဲမႈျဖစ္၍ ရွာေဖြရွင္းလင္းမႈမ်ား လုပ္ေဆာင္ေန
နိုဝင်ဘာ 27, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕အဝင္ရွိ အမွတ္(၃၅၂)အေျမာက္တပ္ေရွ႕တြင္ ႏို၀င္ဘာလ(၂၇)ရက္ေန႔ ည(၈)နာရီ (၄၅)မိနစ္ခန္႔တြင္ မိုင္းေပါက္ကြဲမႈ ျဖစ္ပြားသျဖင့္ ရွာေဖြစစ္ေဆးမႈမ်ားလုပ္ေဆာင္ေနၿပီး ထိခုိက္ဒဏ္ရာရမႈမရိွေၾကာင္း သိရသည္။

"မိုင္းကြဲတာ လူထိခိုက္မႈမရိွဘူး။ အုတ္တံတုိင္းေတာ့ တစ္ခန္းေလာက္ ၿပိဳက်သြားတယ္။ ရွာေဖြရွင္းလင္းမႈေတြေတာ့ လုပ္ေနပါတယ္" ဟု ေက်ာက္မဲၿမိဳ႕မစခန္းမွ တာဝန္ရိွသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ အတည္ျပဳေျပာၾကားသည္။

ေက်ာက္မဲၿမိဳ႕အဝင္ ပင္လံုလမ္းနံေဘးရွိ အမွတ (၃၅၂)အေျမာက္တပ္၏ ပင္မဝင္ေပါက္ႏွင့္ ဒုတိယဝင္ေပါက္အၾကား အုတ္တံတိုင္း (၉)ေပခန္႔ ၿပိဳက်ပ်က္စီးသြားၿပီး ေပါက္ကြဲမႈျဖစ္ပြားရာႏွင့္ အနီးတစ္ဝိုက္တြင္ ရွာေဖြရွင္းလင္းျခင္းကို ေက်ာက္မဲရွိနယ္ေျမခံတပ္ႏွင့္ သက္ဆုိင္ရာဌာနမ်ားက ေဆာင္ရြက္ေနေၾကာင္း သိရသည္။

အဆုိပါ ေပါက္ကြဲမႈႏွင့္ပတ္သက္၍ စံုစမ္းရွာေဖြမႈမ်ား ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့အဝင် အမြောက်တပ်အနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်၍ ရှာဖွေရှင်းလင်းမှုများ လုပ်ဆောင်နေ
********
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့အဝင်ရှိ အမှတ်(၃၅၂)အမြောက်တပ်ရှေ့တွင် နိုဝင်ဘာလ(၂၇)ရက်နေ့ ည(၈)နာရီ (၄၅)မိနစ်ခန့်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားသဖြင့် ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်နေပြီး ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရသည်။

"မိုင်းကွဲတာ လူထိခိုက်မှုမရှိဘူး။ အုတ်တံတိုင်းတော့ တစ်ခန်းလောက် ပြိုကျသွားတယ်။ ရှာဖွေရှင်းလင်းမှုတွေတော့ လုပ်နေပါတယ်" ဟု ကျောက်မဲမြို့မစခန်းမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

ကျောက်မဲမြို့အဝင် ပင်လုံလမ်းနံဘေးရှိ အမှတ (၃၅၂)အမြောက်တပ်၏ ပင်မဝင်ပေါက်နှင့် ဒုတိယဝင်ပေါက်အကြား အုတ်တံတိုင်း (၉)ပေခန့် ပြိုကျပျက်စီးသွားပြီး ပေါက်ကွဲမှုဖြစ်ပွားရာနှင့် အနီးတစ်ဝိုက်တွင် ရှာဖွေရှင်းလင်းခြင်းကို ကျောက်မဲရှိနယ်မြေခံတပ်နှင့် သက်ဆိုင်ရာဌာနများက ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ စုံစမ်းရှာဖွေမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~