တာခ်ီလိတ္တြင္ ႏုိင္ငံကူးလက္မွတ္ေလွ်ာက္ထားျခင္းကို ပြဲစားျဖင့္ ေဆာင္ရြက္ျခင္း မျပဳရန္ႏွင့္ သတ္မွတ္ႏႈန္းထားထက္ ပိုေတာင္းခံသည့္ ဝန္ထမ္းမ်ားရိွပါက တုိင္ၾကားႏိုင္

တာခ်ီလိတ္တြင္ ႏုိင္ငံကူးလက္မွတ္ေလွ်ာက္ထားျခင္းကို ပြဲစားျဖင့္ ေဆာင္ရြက္ျခင္း မျပဳရန္ႏွင့္ သတ္မွတ္ႏႈန္းထားထက္ ပိုေတာင္းခံသည့္ ဝန္ထမ္းမ်ားရိွပါက တုိင္ၾကားႏိုင္
အောက်တိုဘာ 4, 2017
By Tachileik News Agency

ႏုိင္ငံကူးလက္မွတ္ေလွ်ာက္ထားျခင္းကို ၾကားပြဲစားမ်ားျဖင့္ မလုပ္ၾကရန္ႏွင့္ သတ္မွတ္ႏႈန္းထားထက္ ေငြေၾကးပိုယူျခင္းမ်ား ရိွပါက တိတိက်က် တိုင္ၾကားၾကရန္ ျမန္မာႏိုင္ငံကူးလက္မွတ္ ထုတ္ေပးေရးရံုးခြဲ (တာခ်ီလိတ္)မွ တာ၀န္ခံအရာရွိ ဒုတိယရဲမွဴးႀကီးေအးႏိုင္က အသိေပးတိုက္တြန္းလုိက္သည္။

“ပြဲစားေတာ့ မဟုတ္ဘူး။ တခ်ိဳ႕က ရွမ္းလိုပဲတတ္ၾကေတာ့ ဘာသာျပန္ေပးဖို႔ ပါလာတာေတြလည္းပါတယ္။ ေငြေၾကး ပိုယူတယ္ဆိုရင္ ဘယ္သူေတြ လုပ္သလဲဆိုတာ တိတိက်က် လာတုိင္တာေတာ့ ခုထိမရိွေသးဘူး။ ေဘးမွာေတာ့ ေျပာေနတာပဲ။ အဲဒီလိုလုပ္ေနတဲ့သူက ဝန္ထမ္းလား၊ အျပင္လူလား သိဖို႔လိုတယ္။ ကၽြန္ေတာ္တို႔ ဒီမွာ တရားဝင္ စာကပ္ထားတယ္။ မသိတာေတြ ရိွရင္ေမးႏုိင္တယ္။ သတ္မွတ္ေငြေၾကးထက္ ပိုယူတာေတြရိွရင္ တုိင္ၾကားႏုိင္တယ္။ ဒီလိုလုပ္တာက အျပင္လူလား၊ ဝန္ထမ္းလား သိဖို႔လိုတယ္။ ကၽြန္ေတာ္တို႔ ညိႇႏိႈင္း ေျဖရွင္းေပးတာ၊ အေရးယူတာေတြလုပ္မယ္။ အရပ္သား ပြဲစားဘာလုပ္တယ္ ညာလုပ္တယ္ ဆိုရင္ေတာ့ ကၽြန္ေတာ္တုိ႔က ေျဖရွင္းေပးလို႔ မရဘူး။ ရဲနဲ႔သက္ဆိုင္မွာေပါ့။ ကၽြန္ေတာ္တုိ႔ ဝန္ထမ္းေတြဆိုရင္ေတာ့ လာဘ္ေပးလာဘ္ယူမႈ ဥပေဒအရ ကၽြန္ေတာ္တုိ႔ အေရးယူလို႔ရတယ္”ဟု ျမန္မာႏိုင္ငံကူးလက္မွတ္ ထုတ္ေပးေရးရံုးခြဲ (တာခ်ီလိတ္)မွ တာ၀န္ခံအရာရွိ ဒုတိယရဲမွဴးႀကီးေအးႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထုိင္းႏုိင္ငံတြင္ ႏုိင္ငံျခားသားလုပ္သားမ်ား အတြက္ အလုပ္သမားဥပေဒအေျပာင္းအလဲေၾကာင့္ ထုိင္းႏုိင္ငံတြင္ အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာႏုိင္ငံသားအမ်ားစု အေထာက္အထားမျပည့္စံုမႈေၾကာင့္ ေနရပ္ျပန္လာရၿပီးေနာက္ ၎တို႔အေနျဖင့္ ႏုိင္ငံကူးလက္မွတ္အလြယ္တကူျပဳလုပ္ႏိုင္ေစေရးအတြက္ ထုိင္းႏုိင္ငံႏွင့္ နယ္စပ္ၿမိဳ႕မ်ားျဖစ္သည့္ တာခ်ီလိတ္၊ ေကာ့ေသာင္းႏွင့္ ျမဝတီတို႔တြင္ ႏုိင္ငံကူးလက္မွတ္ ထုတ္ေပးေရးရံုးခြဲမ်ားကို ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ (၂၅)ရက္ေန႔မွစတင္ ဖြင့္လွစ္ေဆာင္ရြက္ေပးေနျခင္း ျဖစ္သည္။

“ကၽြန္ေတာ္တို႔ ဒီမွာ ရံုးထိုင္အလုပ္ လုပ္တယ္ဆိုတာက တစ္ဖက္ႏုိင္ငံမွာ အလုပ္ လုပ္ေနရတဲ့ ကၽြန္ေတာ္တို႔ ႏုိင္ငံသားေတြ လိုအပ္တဲ့ အေထာက္အထားေတြ အလြယ္တကူ ရႏုိင္ေအာင္၊ ကုန္က်စရိတ္ေတြ သက္သာေအာင္ ျပဳလုပ္ေပးဖို႔ ရံုးဖြင့္လွစ္ လုပ္ေဆာင္ေနတာပါ။ ဒီလိုလုပ္တဲ့အခါမွာ ယိုးဒယား (ထုိင္း)ဘက္မွာ အလုပ္ လုပ္ေနရတဲ့ အလုပ္သမားေတြက ဒီဘက္လာလုပ္ဖို႔ ခြင့္ရက္၊ သြားလာေရး ဒါေတြကို ေအးဂ်င့္လိုမ်ိဳးနဲ႔ စီစဥ္ၾကပါတယ္။ ကၽြန္ေတာ္တုိ႔ရံုးကေတာ့ သတ္မွတ္ႏႈန္းထား အတိုင္းပဲ ေဆာင္ရြက္ေပးေနပါတယ္”ဟု ျမန္မာႏိုင္ငံကူးလက္မွတ္ ထုတ္ေပးေရးရံုးခြဲ (တာခ်ီလိတ္)မွ တာ၀န္ခံအရာရွိ ဒုတိယရဲမွဴးႀကီးေအးႏိုင္က ေျပာသည္။

ျမန္မာႏိုင္ငံကူးလက္မွတ္ ထုတ္ေပးေရးရံုးခြဲ (တာခ်ီလိတ္)မွ ပထမဆံုးထုတ္ေပးမည့္ ႏုိင္ငံကူးလက္မွတ္ စာအုပ္မ်ားေလွ်ာက္ထားရာ အခ်က္အလက္ မမွန္မကန္ ျဖည့္သြင္းထားသူမ်ားလည္း ပါဝင္သျဖင့္ ျပန္လည္စိစစ္မႈမ်ား လုပ္ေဆာင္ေနရသျဖင့္ ၎တို႔အတြက္ သတ္မွတ္ရက္ထက္ ေနာက္က်မည္ျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔က စာအုပ္ေတြက ဒီမွာေရးတာ မဟုတ္ဘူး။ ရန္ကုန္ကုိ လွမ္းပို႔ရတယ္။ အဲဒီမွာ အခ်က္အလက္ေတြ မမွန္မကန္ ျဖည့္တာမ်ိဳးေတြက သတ္မွတ္ရက္ျဖစ္တဲ့ (၁၀)ရက္အတြင္း မရႏုိင္ေတာ့ဘူး။ ဥပမာ ရန္ကုန္ရံုးမွာ စစ္ေဆးတဲ့အခါမွာ တခိ်ဳ႕က စာအုပ္ရိွဖူးေပမဲ့ စာအုပ္မရိွဖူးဘူးဆိုၿပီး ျဖည့္ထားတာမ်ိဳးဆို သူဘာေၾကာင့္ လိမ္ညာထားလဲဆိုတာ ျပန္စစ္ရၿပီ။ ဒီလိုမ်ိဳးဆိုရင္ ၾကန္႔ၾကာၿပီေပါ့။ ပံုမွန္အတိုင္း မွန္မွန္ကန္ကန္ျဖည့္တဲ့သူေတြဆိုရင္ေတာ့ သတ္မွတ္ရက္အတြင္း ရပါတယ္”ဟု ဒုတိယရဲမွဴးႀကီးေအးႏိုင္က ေျပာသည္။

ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးရံုးခြဲ(တာခ်ီလိတ္)အား တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ရွမ္းရိုးမကြင္းေရွ႕ရွိ ေအာင္ခ်မ္းသာတိုက္တန္းတြင္ ဖြင့္လွစ္ထားျခင္းျဖစ္ၿပီး စက္တင္ဘာလ(၂၉)ရက္ေန႔ အထိ ေဒသတြင္းနွင့္ ထုိင္းႏုိင္ငံေရာက္ ျမန္မာလုပ္သားမ်ား ႏုိင္ငံကူးလက္မွတ္ေလွ်ာက္ထားမႈ (၂၀၀)နီးပါးရိွေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္
ဓာတ္ပံု - ယာေဆး


~~~~~~~~⊰❂ unicode ~~~~~~~~

နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ကြားပွဲစားများဖြင့် မလုပ်ကြရန်နှင့် သတ်မှတ်နှုန်းထားထက် ငွေကြေးပိုယူခြင်းများ ရှိပါက တိတိကျကျ တိုင်ကြားကြရန် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲ (တာချီလိတ်)မှ တာဝန်ခံအရာရှိ ဒုတိယရဲမှူးကြီးအေးနိုင်က အသိပေးတိုက်တွန်းလိုက်သည်။

“ပွဲစားတော့ မဟုတ်ဘူး။ တချို့က ရှမ်းလိုပဲတတ်ကြတော့ ဘာသာပြန်ပေးဖို့ ပါလာတာတွေလည်းပါတယ်။ ငွေကြေး ပိုယူတယ်ဆိုရင် ဘယ်သူတွေ လုပ်သလဲဆိုတာ တိတိကျကျ လာတိုင်တာတော့ ခုထိမရှိသေးဘူး။ ဘေးမှာတော့ ပြောနေတာပဲ။ အဲဒီလိုလုပ်နေတဲ့သူက ဝန်ထမ်းလား၊ အပြင်လူလား သိဖို့လိုတယ်။ ကျွန်တော်တို့ ဒီမှာ တရားဝင် စာကပ်ထားတယ်။ မသိတာတွေ ရှိရင်မေးနိုင်တယ်။ သတ်မှတ်ငွေကြေးထက် ပိုယူတာတွေရှိရင် တိုင်ကြားနိုင်တယ်။ ဒီလိုလုပ်တာက အပြင်လူလား၊ ဝန်ထမ်းလား သိဖို့လိုတယ်။ ကျွန်တော်တို့ ညှိနှိုင်း ဖြေရှင်းပေးတာ၊ အရေးယူတာတွေလုပ်မယ်။ အရပ်သား ပွဲစားဘာလုပ်တယ် ညာလုပ်တယ် ဆိုရင်တော့ ကျွန်တော်တို့က ဖြေရှင်းပေးလို့ မရဘူး။ ရဲနဲ့သက်ဆိုင်မှာပေါ့။ ကျွန်တော်တို့ ဝန်ထမ်းတွေဆိုရင်တော့ လာဘ်ပေးလာဘ်ယူမှု ဥပဒေအရ ကျွန်တော်တို့ အရေးယူလို့ရတယ်”ဟု မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲ (တာချီလိတ်)မှ တာဝန်ခံအရာရှိ ဒုတိယရဲမှူးကြီးအေးနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားလုပ်သားများ အတွက် အလုပ်သမားဥပဒေအပြောင်းအလဲကြောင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားအများစု အထောက်အထားမပြည့်စုံမှုကြောင့် နေရပ်ပြန်လာရပြီးနောက်၎င်းတို့အနဖြေင့် နိုင်ငံကူးလက်မှတ်အလွယ်တကူပြုလုပ်နိုင်စေရေးအတွက် ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့များဖြစ်သည့် တာချီလိတ်၊ ကော့သောင်းနှင့် မြဝတီတို့တွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲများကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ (၂၅)ရက်နေ့မှစတင် ဖွင့်လှစ်ဆောင်ရွက်ပေးနခြေင်း ဖြစ်သည်။

“ကျွန်တော်တို့ ဒီမှာ ရုံးထိုင်အလုပ် လုပ်တယ်ဆိုတာက တစ်ဖက်နိုင်ငံမှာ အလုပ် လုပ်နေရတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေ လိုအပ်တဲ့ အထောက်အထားတွေ အလွယ်တကူ ရနိုင်အောင်၊ ကုန်ကျစရိတ်တွေ သက်သာအောင် ပြုလုပ်ပေးဖို့ ရုံးဖွင့်လှစ် လုပ်ဆောင်နေတာပါ။ ဒီလိုလုပ်တဲ့အခါမှာ ယိုးဒယား (ထိုင်း)ဘက်မှာ အလုပ် လုပ်နေရတဲ့ အလုပ်သမားတွေက ဒီဘက်လာလုပ်ဖို့ ခွင့်ရက်၊ သွားလာရေး ဒါတွေကို အေးဂျင့်လိုမျိုးနဲ့ စီစဉ်ကြပါတယ်။ ကျွန်တော်တို့ရုံးကတော့ သတ်မှတ်နှုန်းထား အတိုင်းပဲ ဆောင်ရွက်ပေးနေပါတယ်”ဟု မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲ (တာချီလိတ်)မှ တာဝန်ခံအရာရှိ ဒုတိယရဲမှူးကြီးအေးနိုင်က ပြောသည်။

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲ (တာချီလိတ်)မှ ပထမဆုံးထုတ်ပေးမည့် နိုင်ငံကူးလက်မှတ် စာအုပ်များလျှောက်ထားရာ အချက်အလက် မမှန်မကန် ဖြည့်သွင်းထားသူများလည်း ပါဝင်သဖြင့် ပြန်လည်စိစစ်မှုများ လုပ်ဆောင်နေရသဖြင့်၎င်းတို့အတွက် သတ်မှတ်ရက်ထက် နောက်ကျမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က စာအုပ်တွေက ဒီမှာရေးတာ မဟုတ်ဘူး။ ရန်ကုန်ကို လှမ်းပို့ရတယ်။ အဲဒီမှာ အချက်အလက်တွေ မမှန်မကန် ဖြည့်တာမျိုးတွေက သတ်မှတ်ရက်ဖြစ်တဲ့ (၁၀)ရက်အတွင်း မရနိုင်တော့ဘူး။ ဥပမာ ရန်ကုန်ရုံးမှာ စစ်ဆေးတဲ့အခါမှာ တချို့က စာအုပ်ရှိဖူးပေမဲ့ စာအုပ်မရှိဖူးဘူးဆိုပြီး ဖြည့်ထားတာမျိုးဆို သူဘာကြောင့် လိမ်ညာထားလဲဆိုတာ ပြန်စစ်ရပြီ။ ဒီလိုမျိုးဆိုရင် ကြန့်ကြာပြီပေါ့။ ပုံမှန်အတိုင်း မှန်မှန်ကန်ကန်ဖြည့်တဲ့သူတွေဆိုရင်တော့ သတ်မှတ်ရက်အတွင်း ရပါတယ်”ဟု ဒုတိယရဲမှူးကြီးအေးနိုင်က ပြောသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ(တာချီလိတ်)အား တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရှမ်းရိုးမကွင်းရှေ့ရှိ အောင်ချမ်းသာတိုက်တန်းတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး စက်တင်ဘာလ(၂၉)ရက်နေ့ အထိ ဒေသတွင်းနှင့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ နိုင်ငံကူးလက်မှတ်လျှောက်ထားမှု (၂၀၀)နီးပါးရှိကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ယာဆေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~