အထက(တာချီလိတ်) ကျောင်းသား/သူဟောင်းများ၏ မြတ်ဆရာ ကန်တော့ပွဲ နှင့် တွေ့ဆုံပွဲ ကျောင်းအတွင်း၌ ကျင်းပရန် အတည်ပြု

အထက(တာချီလိတ်) ကျောင်းသား/သူဟောင်းများ၏ မြတ်ဆရာ ကန်တော့ပွဲ နှင့် တွေ့ဆုံပွဲ ကျောင်းအတွင်း၌ ကျင်းပရန် အတည်ပြု
အောကျတိုဘာ 23, 2017
By Tachileik News Agency



ကျောင်းအုပ်ဆရာကြီးက ကျောင်းသားဟောင်းများအနေဖြင့် မြတ်ဆရာ ကန်တော့ပွဲ နှင့် တွေ့ဆုံပွဲအား စည်ကားစွာ ကျင်းပနိုင်ရန်အတွက် ကျောင်းတွင်းတွင်ဖြစ်စေ၊ ကျောင်းမျက်နှာစာတွင်ဖြစ်စေ ကျင်းပပြုလုပ်နိုင်ကြောင်း နှင့် ကျင်းပခွင့်ပြုလိုက်ကြောင်း သိရသည်။

ကျောင်းသား/သူ ဟောင်းများ စုပေါင်း၍ ကျင်းပမည့် မြတ်ဆရာ ကန်တော့ပွဲ နှင့် တွေ့ဆုံပွဲအား ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၁၀)ရက် တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ပွဲကျင်းပ ပြုလုပ်နိုင်ရန် အတွက် ရန်ပုံငွေများကို ဖြတ်ပိုင်းစာအုပ်များဖြင့် စနစ်တကျ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းပွဲအား အထက(တာချီလိတ်)ကျောင်းရှေ့ မျက်နှာစာတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကျောင်းသား/သူဟောင်းများအနေဖြင့် ကျောင်းတွင်းအစားအစာများကို ဘူလ်ဖေးစနစ်ဖြင့် လည်းကောင်း၊ ကန်တော့ခံ ဆရာ/မများအား တရုတ်စားဝိုင်းဖြင့်လည်းကောင်း ဧည့်ခံသွားရန် စီစဉ်ထားကြောင်း နှင့် ယခုနှစ်တွင် ပိုမို၍ စည်ကားစွာ ကျင်းပနိုင်ရန် ရည်မှန်းထားကြောင်း ကျောင်းသားဟောင်းများထံက သိရှိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)၏ နှစ်အကန့် အသတ်မရှိ ကျောင်းသား/သူ ဟောင်းများ စုပေါင်း၍ မြတ်ဆရာ ကန်တော့ပွဲ နှင့် တွေ့ဆုံပွဲအား ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် အဆိုပါ ကျောင်းရှေ့ရှိ မျက်နှာစာ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင်း ကျင်းပပြုလုပ်နိုင်ရန်အတွက် အ.ထ.က(တာချီလိတ်)ကျောင်းသား/သူ ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် "အ.ထ.က(တာချီလိတ်) ကျောင်းသား/သူဟောင်းများ၏ မြတ်ဆရာကန်တော့ပွဲနှင့် တွေ့ဆုံပွဲ နှစ်စဉ်ဖြစ်မြောက်ရေး ကော်မတီ"မှ ဥက္ကဌ ဦးတင်ဝင်း အပါအဝင် ကျောင်းသား/သူဟောင်းများ က ၂၀၁၇ခုနှစ် အောက်တိုဘာလ(၂၃)ရက်နေ့ နံနက်(၉)နာရီဝန်းကျင် အချိန်က ကျောင်းအုပ်ဆရာကြီး ဦးအေးသိန်း နှင့် တွေ့ဆုံကာ ကျင်းပခွင့်တောင်းခံကြောင်း သိရသည်။

ကျောင်းအုပ်ဆရာကြီးက ကျောင်းသားဟောင်းများအနဖြေင့် မြတ်ဆရာ ကန်တော့ပွဲ နှင့် တွေ့ဆုံပွဲအား စည်ကားစွာ ကျင်းပနိုင်ရန်အတွက် ကျောင်းတွင်းတွင်ဖြစ်စေ၊ ကျောင်းမျက်နှာစာတွင်ဖြစ်စေ ကျင်းပပြုလုပ်နိုင်ကြောင်း နှင့် ကျင်းပခွင့်ပြုလိုက်ကြောင်း သိရသည်။

ကျောင်းသား/သူ ဟောင်းများ စုပေါင်း၍ ကျင်းပမည့် မြတ်ဆရာ ကန်တော့ပွဲ နှင့် တွေ့ဆုံပွဲအား ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၁၀)ရက် တနင်္ဂေနွနေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ပွဲကျင်းပ ပြုလုပ်နိုင်ရန် အတွက် ရန်ပုံငွေများကို ဖြတ်ပိုင်းစာအုပ်များဖြင့် စနစ်တကျ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းပွဲအား အထက(တာချီလိတ်)ကျောင်းရှေ့ မျက်နှာစာတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကျောင်းသား/သူဟောင်းများအနဖြေင့် ကျောင်းတွင်းအစားအစာများကို ဘူလ်ဖေးစနစ်ဖြင့် လည်းကောင်း၊ ကန်တော့ခံ ဆရာ/မများအား တရုတ်စားဝိုင်းဖြင့်လည်းကောင်း ဧည့်ခံသွားရန် စီစဉ်ထားကြောင်း နှင့် ယခုနှစ်တွင် ပိုမို၍ စည်ကားစွာ ကျင်းပနိုင်ရန် ရည်မှန်းထားကြောင်း ကျောင်းသားဟောင်းများထံက သိရှိရသည်။

ကျောင်းသား/သူဟောင်းများမှ ကျင်းပမည့် မြတ်ဆရာ ကန်တော့ပွဲ နှင့် တွေ့ဆုံပွဲ နှင့် ပတ်သက်၍ ဦးတင်ဝင်း 095241244၊ ဦးအောင်ကျော်ဝင်းစိန် 09250857449၊ မရွှေစင်ခက် 0941003219၊ မနန်းငွေ (ထိုင်းဖုန်း) 0804999169၊ ကိုမောင်မောင်ထွန်း 095241434၊ မမြတ်သန္တာထက် 09261299336 တို့အား ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~