ေက်ာက္မဲတြင္ H1N1 ေၾကာင့္ ေရႊ႕ဆုိင္းထားသည့္ ေက်ာင္းေပါင္းစံုေဘာလံုးပြဲ ေအာက္တိုဘာ ၁၀ ရက္တြင္ ကစားမည္

ေက်ာက္မဲတြင္ H1N1 ေၾကာင့္ ေရႊ႕ဆုိင္းထားသည့္ ေက်ာင္းေပါင္းစံုေဘာလံုးပြဲ ေအာက္တိုဘာ ၁၀ ရက္တြင္ ကစားမည္
စက်တင်ဘာ 2, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ H1N1 ျဖစ္ပြားမႈေၾကာင့္ ေရႊ႕ဆိုင္းထားသည့္ အားကစားႏွင့္ ကာယပညာေကာ္မတီဥကၠဌဖလား ေက်ာက္မဲ ၿမိဳ႕နယ္ေက်ာင္းေပါင္းစံု ေဘာလံုးၿပိဳင္ပြဲအား ေအာက္တိုဘာလ (၁၀) ရက္ေန႔တြင္ က်င္းပမည္ျဖစ္ေၾကာင္း ေက်ာက္မဲခရိုင္ အားကစားႏွင့္ ကာယပညာဦးစီးဌာနက အတည္ျပဳလုိက္သည္။

ေဆးလိပ္ေငြ႔ကင္းစင္လႈပ္ရွားမႈအျဖစ္ ၾသဂုတ္လ(၁၆)ရက္ေန႔၌ က်င္းပရန္ စီစဥ္ထားသည့္ အဆိုပါ ေဘာလံုးပြဲအား ေဒသတြင္း H1N1 ေရာဂါျဖစ္ပြားလာမႈေၾကာင့္ ယာယီရက္ေရႊ႕ဆိုင္းထားခဲ့ျခင္းျဖစ္သည္။

“စက္တင္ဘာလထဲမွာက ေဘာလံုးၿပိဳင္မယ့္ကေလးေတြရဲ့ စာေမးပြဲလည္းရွိတဲ့အတြက္ (၁၀)လပိုင္း (၁၀) ရက္ေန႔ကို ေရြးခ်ယ္လိုက္တာျဖစ္ပါတယ္။ ပြဲကက်ေတာ့ (၁၅)ပြဲေလာက္ကန္မွာဆိုေတာ့ ပြဲစဥ္ေတြအတြက္ အတိအက်ေတာ့ မသိရေသးပါဘူး။ (၁၀)ရက္ေန႔ကိုေတာ့ အဖြင့္ပြဲအျဖစ္ ေရြးခ်ယ္ထားပါတယ္” ဟု ေက်ာက္မဲခရိုင္ အားကစားႏွင့္ ကာယပညာဦးစီးဌာနမွ အႀကီးတန္းစာေရး ေဒၚေက်ာ့ေက်ာ့ရွိန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿပိဳင္ပြဲအား ေက်ာက္မဲၿမိဳ႕ အမွတ္(၈)ရပ္ကြက္ရွိ ၿမိဳ႕မအားကစားကြင္း(ေအာက္ကြင္း)တြင္ က်င္းပျပဳလုပ္မည္ ျဖစ္ၿပီး ၿပိဳင္ပြဲျဖစ္ေျမာက္ေရးအတြက္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဌာန၊ ပညာေရးဌာန၊ အားကစားႏွင့္ ကာယပညာ ဦးစီးဌာန၊ ေဘာလံုးေကာ္မတီတို႔ ၾသဂုတ္လ(၃၁)ရက္ေန႔တြင္ ေဆြးေႏြးညွိႏႈိင္းကာ ၿပိဳင္ပြဲရက္ သတ္မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကေလးေတြ စာေမးပြဲနဲ႔လြတ္လြတ္ကင္းကင္းလည္းျဖစ္ေအာင္ သီတင္းကၽြတ္ေက်ာင္းပိတ္ရက္နဲ႔လည္း ကင္းလြတ္ေအာင္ဆိုၿပီး ေရြးခ်ယ္ရင္းနဲ႔ ေအာက္တိုဘာ(၁၀)ရက္ေန႔အထိ ေရႊ႕လိုက္တာျဖစ္ပါတယ္။
ၿပိဳင္ပြဲဝင္မယ့္ ကေလးေတြကေတာ့ ေလ့က်င့္မႈေတြလုပ္ထားၿပီးသား ျဖစ္ေနပါၿပီ”ဟု ေဘာလံုးေကာ္မတီမွ ဥကၠဌက ေျပာသည္။

ၿပိဳင္ပြဲသို႔ အေျခခံပညာေက်ာင္းမ်ားမွ အသင္း(၉)သင္းပါဝင္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် H1N1 ဖြစ်ပွားမှုကြောင့် ရွှေ့ဆိုင်းထားသည့် အားကစားနှင့် ကာယပညာကော်မတီဥက္ကဌဖလား ကျောက်မဲ မြို့နယ်ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲအား အောက်တိုဘာလ (၁၀) ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ကျောက်မဲခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနက အတည်ပြုလိုက်သည်။

ဆေးလိပ်ငွေ့ကင်းစင်လှုပ်ရှားမှုအဖြစ် သြဂုတ်လ(၁၆)ရက်နေ့၌ ကျင်းပရန် စီစဉ်ထားသည့် အဆိုပါ ဘောလုံးပွဲအား ဒေသတွင်း H1N1 ရောဂါဖြစ်ပွားလာမှုကြောင့် ယာယီရက်ရွှေ့ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

“စက်တင်ဘာလထဲမှာက ဘောလုံးပြိုင်မယ့်ကလေးတွေရဲ့ စာမေးပွဲလည်းရှိတဲ့အတွက် (၁၀)လပိုင်း (၁၀) ရက်နေ့ကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။ ပွဲကကျတော့ (၁၅)ပွဲလောက်ကန်မှာဆိုတော့ ပွဲစဉ်တွေအတွက် အတိအကျတော့ မသိရသေးပါဘူး။ (၁၀)ရက်နေ့ကိုတော့ အဖွင့်ပွဲအဖြစ် ရွေးချယ်ထားပါတယ်” ဟု ကျောက်မဲခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ကျော့ကျော့ရှိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြိုင်ပွဲအား ကျောက်မဲမြို့ အမှတ်(၈)ရပ်ကွက်ရှိ မြို့မအားကစားကွင်း(အောက်ကွင်း)တွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးဌာန၊ ပညာရေးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ဘောလုံးကော်မတီတို့ သြဂုတ်လ(၃၁)ရက်နေ့တွင် ဆွေးနွေးညှိနှိုင်းကာ ပြိုင်ပွဲရက် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကလေးတွေ စာမေးပွဲနဲ့လွတ်လွတ်ကင်းကင်းလည်းဖြစ်အောင် သီတင်းကျွတ်ကျောင်းပိတ်ရက်နဲ့လည်း ကင်းလွတ်အောင်ဆိုပြီး ရွေးချယ်ရင်းနဲ့ အောက်တိုဘာ(၁၀)ရက်နေ့အထိ ရွှေ့လိုက်တာဖြစ်ပါတယ်။
ပြိုင်ပွဲဝင်မယ့် ကလေးတွေကတော့ လေ့ကျင့်မှုတွေလုပ်ထားပြီးသား ဖြစ်နေပါပြီ”ဟု ဘောလုံးကော်မတီမှ ဥက္ကဌက ပြောသည်။

ပြိုင်ပွဲသို့ အခြေခံပညာကျောင်းများမှ အသင်း(၉)သင်းပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~