က်ဳိင္းတံုၿမိဳ႕ ဓေမၼာဒယ ဆရာေတာ္ဘုရားႀကီး၏ရုပ္ကလာပ္ေတာ္အား ဘုရားကိုးဆူေက်ာင္းဝန္း စံေက်ာင္းသို႔ ပင့္ေဆာင္မည္

က်ဳိင္းတံုၿမိဳ႕ ဓေမၼာဒယ ဆရာေတာ္ဘုရားႀကီး၏ရုပ္ကလာပ္ေတာ္အား ဘုရားကိုးဆူေက်ာင္းဝန္း စံေက်ာင္းသို႔ ပင့္ေဆာင္မည္
စက်တင်ဘာ 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕၊ ဓေမၼာဒယစာသင္တိုက္  ဦးစီးပဓာနနာယက၊ ႏိုင္ငံေတာ္ ၾသ၀ါဒစရိယ အဂၢမဟာပ႑ိတ၊ အဂၢမဟာ သဒၶမၼေဇာတိကဓဇ၊ အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၱအာေဇယ် ဓေမၼာဒယ ဆရာေတာ္ဘုရားႀကီး၏ ရုပ္ကလာပ္ေတာ္အား လက္ရိွကိန္းေအာင္းေနသည့္ ဓေမၼာဒယစာသင္တိုက္၏ ဓမၼာရုံမွေန၍ စက္တင္ဘာလ (၁၈) ရက္ေန႔ ေန႔လယ္(၁)နာရီတြင္ ဘုရားကိုးဆူေက်ာင္းဝန္းအတြင္း နိွဗၺာန္စံေက်ာင္းေတာ္သို႔ ပင့္ေဆာင္ကာ က်ိန္းေအာင္းပူေဇာ္ထားမည္ သိရသည္။

ဓေမၼာဒယစာသင္တိုက္၏ ဓမၼာရုံတြင္ စက္တင္ဘာလ (၁၈)ရက္ေန႔ နံနက္(၈)နာရီ (၄၅)မိနစ္တြင္ ဆရာေတာ္၊သံဃာေတာ္ (၉၁)ပါးထံမွ ငါးပါးသီလခံယူျခင္းႏွင့္ ဗမာ၊ရွမ္းဘာသာမ်ားျဖင့္ ပရိတ္တရားေတာ္မ်ားနာယူျခင္းတို႔လုပ္ေဆာင္ၿပီး ေန႔လယ္ (၁)နာရီတြင္ ေဒဝါဝင္း၊ ရာဇာဝင္း၊ တုိင္းရင္းသားရိုးရာအဖြဲ႕မ်ားျဖင့္ ဆရာေတာ္၏ရုပ္ကလာပ္ေတာ္အား ကရဝိတ္ယာဥ္ျဖင့္ စံေက်ာင္းေတာ္သို႔ ပင့္ေဆာင္မည္ျဖစ္ပါသည္။

ဆရာေတာ္ဘုရားႀကီး၏ ရုပ္ကလာပ္ေတာ္အား စက္တင္ဘာလ (၁၈)ရက္ေန႔မွစ၍ ဘုရားကိုးဆူေက်ာင္းဝန္းအတြင္း နိဗၺာန္စံေက်ာင္းေတာ္တြင္ (၂၉)ရက္တာ ကိန္းေအာင္းမည့္ ကာလအတြင္း တရားပြဲမ်ားႏွင့္ ေလာကီဆိုင္ရာ ပြဲလမ္းသဘင္မ်ား က်င္းပမည္ျဖစ္ေသာ္လည္း ေလာင္းကစားဝိုင္းမ်ား ခြင့္မျပဳေၾကာင္း သိရသည္။

ဆရာေတာ္၏ ေနာက္ဆံုး အႏၱိမအဂၢိ စ်ာပန အခမ္းအနားကုိ ေအာက္တုိဘာလ (၁၅) ရက္ေန႔ ညေနပိုင္း၌ ကတ္ဖအုပ္စု၊ ယန္းလွေက်းရြာအနီးရွိ က်ားေခါင္း ဘုန္းႀကီးေက်ာင္းတြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းတုံၿမိဳ႕၊ အမွတ္(၃)ရပ္ကြက္၊ စြန္တန္ရပ္၊ ေလယာဥ္ကြင္းလမ္းရိွ ဓေမၼာဒယစာသင္တိုက္၏ ဦးစီးပဓာနနာယက၊ ႏိုင္ငံေတာ္ ၾသ၀ါဒစရိယ အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၱအာေဇယ် ဓေမၼာဒယ ဆရာေတာ္ဘုရားႀကီးသည္ ၀ါေတာ္ (၇၁)၀ါ၊ သက္ေတာ္(၉၁)ႏွစ္တြင္ ဇူလုိင္ (၁၁)ရက္ည (၇)နာရီက ဘ၀နတ္ထံပ်ံလြန္ေတာ္မူခဲ့ျခင္းျဖစ္သည္။

သတင္း/ဓာတ္ပံု - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ဓမ္မောဒယစာသင်တိုက် ဦးစီးပဓာနနာယက၊ နိုင်ငံတော် သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဇေယျ ဓမ္မောဒယ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား လက်ရှိကိန်းအောင်းနေသည့် ဓမ္မောဒယစာသင်တိုက်၏ ဓမ္မာရုံမှနေ၍ စက်တင်ဘာလ (၁၈) ရက်နေ့ နေ့လယ်(၁)နာရီတွင် ဘုရားကိုးဆူကျောင်းဝန်းအတွင်း နှိဗ္ဗာန်စံကျောင်းတော်သို့ ပင့်ဆောင်ကာ ကျိန်းအောင်းပူဇော်ထားမည် သိရသည်။

ဓမ္မောဒယစာသင်တိုက်၏ ဓမ္မာရုံတွင် စက်တင်ဘာလ (၁၈)ရက်နေ့ နံနက်(၈)နာရီ (၄၅)မိနစ်တွင် ဆရာတော်၊သံဃာတော် (၉၁)ပါးထံမှ ငါးပါးသီလခံယူခြင်းနှင့် ဗမာ၊ရှမ်းဘာသာများဖြင့် ပရိတ်တရားတော်များနာယူခြင်းတို့လုပ်ဆောင်ပြီး နေ့လယ် (၁)နာရီတွင် ဒေဝါဝင်း၊ ရာဇာဝင်း၊ တိုင်းရင်းသားရိုးရာအဖွဲ့များဖြင့် ဆရာတော်၏ရုပ်ကလာပ်တော်အား ကရဝိတ်ယာဉ်ဖြင့် စံကျောင်းတော်သို့ ပင့်ဆောင်မည်ဖြစ်ပါသည်။

ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား စက်တင်ဘာလ (၁၈)ရက်နေ့မှစ၍ ဘုရားကိုးဆူကျောင်းဝန်းအတွင်း နိဗ္ဗာန်စံကျောင်းတော်တွင် (၂၉)ရက်တာ ကိန်းအောင်းမည့် ကာလအတွင်း တရားပွဲများနှင့် လောကီဆိုင်ရာ ပွဲလမ်းသဘင်များ ကျင်းပမည်ဖြစ်သော်လည်း လောင်းကစားဝိုင်းများ ခွင့်မပြုကြောင်း သိရသည်။

ဆရာတော်၏ နောက်ဆုံး အန္တိမအဂ္ဂိ ဈာပန အခမ်းအနားကို အောက်တိုဘာလ (၁၅) ရက်နေ့ ညနေပိုင်း၌ ကတ်ဖအုပ်စု၊ ယန်းလှကျေးရွာအနီးရှိ ကျားခေါင်း ဘုန်းကြီးကျောင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ စွန်တန်ရပ်၊ လေယာဉ်ကွင်းလမ်းရှိ ဓမ္မောဒယစာသင်တိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော် သြဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဇေယျ ဓမ္မောဒယ ဆရာတော်ဘုရားကြီးသည် ဝါတော် (၇၁)ဝါ၊ သက်တော်(၉၁)နှစ်တွင် ဇူလိုင် (၁၁)ရက်ည (၇)နာရီက ဘဝနတ်ထံပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~