ေက်ာက္မဲမွ ေနအိမ္တစ္လံုးအား သတင္းအရ ရွာေဖြရာ မူးယစ္ေဆးဝါးအခ်ိဳ႕အား ဖမ္းဆီီးရမိ

ေက်ာက္မဲမွ ေနအိမ္တစ္လံုးအား သတင္းအရ ရွာေဖြရာ မူးယစ္ေဆးဝါးအခ်ိဳ႕အား ဖမ္းဆီီးရမိ
သြဂုတ် 7, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ အမွတ္(၉)ရပ္ကြက္၊ နယ္ေျမ(၅)ရွိ ေနအိမ္တစ္လံုးအား ေက်ာက္မဲ ရဲတပ္ဖြဲ႔ဝင္မ်ားပါဝင္သည့့္ ပူးေပါင္းအဖြဲ႔က ၾသဂုတ္လ(၇)ရက္ ေန႔လယ္ပိုင္းတြင္ ဝင္ေရာက္ ရွာေဖြရာ ေနအိမ္ အိပ္ခန္း အတြင္း၌ အမ်ိဳးသား (၂) ဦးႏွင့္အတူ မူးယစ္ေဆးဝါးအခ်ိဳ႕ ဖမ္းဆီးရမိေၾကာင္း သိရသည္။

“ႀကိဳတင္ သတင္းရရွိထားတဲ့အတြက္ အသိသက္ေသေတြ၊ အရန္မီးသတ္တပ္ဖြဲ႔ဝင္အခ်ိဳ႕နဲ႔အတူ ရွာေဖြခြင့္ ဝရမ္း နဲ႔ ဝင္ေရာက္ရွာေဖြရာမွာ ေနအိမ္ အိပ္ခန္းအတြင္းမွာ အမ်ိဳးသား(၂)ဦးနဲ႔ ဘိန္းျဖဴ၊ စိတ္ၾကြေဆးျပားေတြကို ေတြ႔ရွိ ဖမ္းဆီးခဲ့တာျဖစ္ပါတယ္” ဟု ဟု ေက်ာက္မဲၿမိဳ႕မ ရဲတပ္ဖြဲ႔မွ နယ္ထိန္း ေခါင္းေဆာင္ ဒုရဲအုပ္ေကာင္းျမတ္ေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕ အမွတ္(၉)ရပ္ကြက္၊ နယ္ေျမ(၅) ရြက္လွလမ္းရိွ ေနအိမ္တြင္ အသက္(၅၀)အရြယ္ႏွင့္ အသက္(၆၀)အရြယ္ အမ်ိဳးသားႏွစ္ဦးအား ၄င္းတို႔အနီး အိပ္ယာေဘးၾကမ္းျပင္ေပၚမွ ဘိန္းျဖဴဟု ယူဆရသည့္ ျဖဴ/ဝါ အမႈန္႔ (၁၀) ဂရမ္ႏွင့္ WY တံဆိပ္ပါ ပန္းေရာင္စိတ္ၾကြေဆးျပား(၉၆)ျပား၊ 88/1 စာတန္းပါ ပန္းေရာင္စိတ္ၾကြေဆးျပား (၁၀)ျပားတို႔ႏွင့္အတူ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူဖမ္းဆီးရမိသည့္ အမ်ိဳးသား(၂)ဦးအား ေက်ာက္မဲၿမိဳ႕ ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၉/၂၀၁၇၊ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစသည့္ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၅/၁၉ (က)/၂၁/(က)တို႔ျဖင့္အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ်(၉)ရပ်ကွက်၊ နယ်မြေ(၅)ရှိ နေအိမ်တစ်လုံးအား ကျောက်မဲ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သြဂုတ်လ(၇)ရက် နေ့လယ်ပိုင်းတွင် ဝင်ရောက် ရှာဖွေရာ နေအိမ် အိပ်ခန်း အတွင်း၌ အမျိုးသား (၂) ဦးနှင့်အတူ မူးယစ်ဆေးဝါးအချို့ ဖမ်းဆီးရမိကြောင်း သိရသည်။

“ကြိုတင် သတင်းရရှိထားတဲ့အတွက် အသိသက်သေတွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်အချို့နဲ့အတူ ရှာဖွေခွင့် ဝရမ်း နဲ့ ဝင်ရောက်ရှာဖွေရာမှာ နေအိမ် အိပ်ခန်းအတွင်းမှာ အမျိုးသား(၂)ဦးနဲ့ ဘိန်းဖြူ၊ စိတ်ကြွဆေးပြားတွေကို တွေ့ရှိ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်” ဟု ဟု ကျောက်မဲမြို့မ ရဲတပ်ဖွဲ့မှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်ကောင်းမြတ်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့ အမှတ်(၉)ရပ်ကွက်၊ နယ်မြေ(၅) ရွက်လှလမ်းရှိ နေအိမ်တွင် အသက်(၅၀)အရွယ်နှင့် အသက်(၆၀)အရွယ် အမျိုးသားနှစ်ဦးအား ၄င်းတို့အနီး အိပ်ယာဘေးကြမ်းပြင်ပေါ်မှ ဘိန်းဖြူဟု ယူဆရသည့် ဖြူ/ဝါ အမှုန့် (၁၀) ဂရမ်နှင့် WY တံဆိပ်ပါ ပန်းရောင်စိတ်ကြွဆေးပြား(၉၆)ပြား၊ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၁၀)ပြားတို့နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိသည့် အမျိုးသား(၂)ဦးအား ကျောက်မဲမြို့ မြို့မရဲစခန်းတွင် မယ(ပ)၁၉/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က)/၂၁/(က)တို့ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~