တာခ်ီလိတ္တြင္ လူစည္ကားသည့္ ကားေလးကြင္းအနီး မီနီမတ္ေရွ႕တြင္ ေသာ့တန္းလန္းျဖင့္ စက္ႏိုးကာ ရပ္ထားသည့္ကား (၅)မိနစ္အတြင္း ေပ်ာက္ဆံုးသြား

တာခ်ီလိတ္တြင္ လူစည္ကားသည့္ ကားေလးကြင္းအနီး မီနီမတ္ေရွ႕တြင္ ေသာ့တန္းလန္းျဖင့္ စက္ႏိုးကာ ရပ္ထားသည့္ကား (၅)မိနစ္အတြင္း ေပ်ာက္ဆံုးသြား
သြဂုတ် 15, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕ ကားေလးကြင္းအနီး လူစည္ကားရာေနရာတစ္ခုရိွ မီနီမတ္တြင္ ေစ်းဆင္းဝယ္စဥ္ ေသာ့တန္းလန္းျဖင့္ စက္ႏႈိးထားခဲ့သည့္ကားအား (၅)မိနစ္အတြင္း ခုိးယူခံလိုက္ရေၾကာင္း သိရသည္။

ေပ်ာက္ဆံုးသြားသည့္ ယာဥ္မွာ Toyota Wish အမ်ဳိးအစား၊ ယာဥ္အမွတ္ 3J/8147 ျဖစ္ၿပီး ၾသဂုတ္လ(၁၄)ရက္ေန႔ ေန႔လယ္(၂း၄၀)နာရီ၀န္းက်င္အခ်ိန္က တာခ်ီလိတ္ၿမိဳ႕ ပါဆတ္ကားေလးကြင္းအနီးရွိ ေရႊသရဖူ မီနီမတ္တြင္ အေအးႏွင့္မုန္႔ ဆင္း၀ယ္စဥ္ ေမာ္ေတာ္ယာဥ္အား ေသာ့တန္းလန္းျဖင့္ စက္ႏွိဳးထားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

"ေရႊသရဖူ မီနီမတ္မွာ ခဏဆိုၿပီး အေအးနဲ႔မုန္႔ ဆင္း၀ယ္လိုက္တာ။ (၅)မိနစ္အၾကာမွာ ကားက မရွိေတာ့ဘူး။ အသိေတြကမ်ား ေနာက္သလားဆိုၿပီး ထင္ေနတာ။ တကယ္တမ္းက မဟုတ္ဘဲ ခိုးခံလိုက္ရတယ္။ ကားထဲမွာ ၀ွီးတက္ျပား အစစ္က ပါသြားတယ္။ အိမ္မွာက မိတၱဴနဲ႔ စာအုပ္ပဲ က်န္ခဲ့တယ္။ ကားကို ေသာ့တန္းလန္းနဲ႔ စက္ႏွိဳးထားခဲ့တာ အခုလို ျဖစ္သြားမယ္လို႔ မထင္ထားမိဘူး။ ကား ေပ်ာက္သြားတာနဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာမ်ားကိုေတာ့ အသိေပးအေၾကာင္းၾကားထားပါတယ္ "ဟု ယာဥ္ပိုင္ရွင္ျဖစ္သူ ကိုေအာင္ေက်ာ္ခန္႔က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၾသဂုတ္လ(၁၅)ရက္ေန႔ ေန႔လယ္ပိုင္းက ေျပာသည္။

အဆိုပါ ေပ်ာက္ဆံုးယာဥ္အားေတြ႕ရွိပါက ဖုန္း ၀၉ ၅၂၄၂၉၆၀ သို႔ ဆက္သြယ္အသိေပးျခင္းျဖင့္ ကူညီေပးေစလိုေၾကာင္း ကားပိုင္ရွင္ ကိုေအာင္ေက်ာ္ခန္႕က ဆိုသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ကားလေးကွင်းအနီး လူစည်ကားရာနေရာတစ်ခုရှိ မီနီမတ်တွင် ဈေးဆင်းဝယ်စဉ် သော့တန်းလန်းဖြင့် စက်နှိုးထားခဲ့သည့်ကားအား (၅)မိနစ်အတွင်း ခိုးယူခံလိုက်ရကြောင်း သိရသည်။

ပျောက်ဆုံးသွားသည့် ယာဉ်မှာ Toyota Wish အမျိုးအစား၊ ယာဉ်အမှတ် 3J/8147 ဖြစ်ပြီး သြဂုတ်လ(၁၄)ရက်နေ့ နေ့လယ်(၂း၄၀)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့ ပါဆတ်ကားလေးကွင်းအနီးရှိ ရွှေသရဖူ မီနီမတ်တွင် အအေးနှင့်မုန့် ဆင်းဝယ်စဉ် မော်တော်ယာဉ်အား သော့တန်းလန်းဖြင့် စက်နှိုးထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ရွှေသရဖူ မီနီမတ်မှာ ခဏဆိုပြီး အအေးနဲ့မုန့် ဆင်းဝယ်လိုက်တာ။ (၅)မိနစ်အကြာမှာ ကားက မရှိတော့ဘူး။ အသိတွေကများ နောက်သလားဆိုပြီး ထင်နေတာ။ တကယ်တမ်းက မဟုတ်ဘဲ ခိုးခံလိုက်ရတယ်။ ကားထဲမှာ ဝှီးတက်ပြား အစစ်က ပါသွားတယ်။ အိမ်မှာက မိတ္တူနဲ့ စာအုပ်ပဲ ကျန်ခဲ့တယ်။ ကားကို သော့တန်းလန်းနဲ့ စက်နှိုးထားခဲ့တာ အခုလို ဖြစ်သွားမယ်လို့ မထင်ထားမိဘူး။ ကား ပျောက်သွားတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာများကိုတော့ အသိပေးအကြောင်းကြားထားပါတယ် "ဟု ယာဉ်ပိုင်ရှင်ဖြစ်သူ ကိုအောင်ကျော်ခန့်က တာချီလိတ်သတင်းအေဂျင်စီသို့ သြဂုတ်လ(၁၅)ရက်နေ့ နေ့လယ်ပိုင်းက ပြောသည်။

အဆိုပါ ပျောက်ဆုံးယာဉ်အားတွေ့ရှိပါက ဖုန်း ဝ၉ ၅၂၄၂၉၆၀ သို့ ဆက်သွယ်အသိပေးခြင်းဖြင့် ကူညီပေးစေလိုကြောင်း ကားပိုင်ရှင် ကိုအောင်ကျော်ခန့်က ဆိုသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~